ခိုလှုံရာ ရိပ်သာလေးအကြောင်း အသေးစိတ် ပြည့်ပြည့်စုံစုံ ရှင်းပြထားပါတယ်ရှင်
စေတနာရှင်အားလုံးတို့ရဲ့ ခိုလှုံရာ ခိုကိုးရာမဲ့ ဘိုးဘွားရိပ်သာလေးကို အပေါ်စီးကနေ မြင်ရတဲ့ ပုံလေးပါရှင်...ဒီရိပ်သာလေးရဲ့ အကြောင်းကို ပုံလေးနှင့်တကွ နည်းနည်းရှင်းပြပေးချင်ပါတယ်ရှင်...ပုံ့တို့ ကြိုးစားမှုကို အသိအမှတ်ပြုတဲ့အနေနဲ့ အဆုံးထိဖတ်ပေးပါလို့လဲ မေတ္တာရပ်ခံပါရစေရှင်...
ပုံ့တို့ရိပ်သာလေးကို ၁၉၂ ပေ × ၈၅ ပေ အကျယ်ရှိတဲ့ မြေပေါ်မှာတည်ဆောက်ထားပါတယ်...
၇၄ ပေ × ၂၀ ပေ ရှိတဲ့ တစ်ထပ်ဆောင် ၂ ဆောင်နှင့် နှစ်ထပ်ဆောင် ၂ ဆောင်...
၄၀ ပေ × ၆၀ ပေ ရှိတဲ့ နှစ်ထပ်ဆောင် ၁ ဆောင် တို့ ပါဝင်ပါတယ်ရှင်...
ရိပ်သာလေးကို မျက်နှာစာမှာ ရေကန်ကျယ်ကြီး၊ အနောက်ဘက်မှာ လယ်ကွင်း၊ တောင်ဘက်မှာ လူနေအိမ် နှင့် မြောက်ဘက်မှာ ဘုန်းတော်ကြီးကျောင်းတို့ဖြင့် ၀န်းရံထားပါတယ်ရှင်...
အခု ပုံလေးကတော့ လွန်ခဲ့တဲ့ တစ်ပတ်ခန့်က ရိုက်ထားတဲ့ ပြီးစီးမှုအနေအထားလေးပါ...
အိမ်လေးနဲ့ ကပ်လျက် တစ်ထပ်ဆောင်လေးကတော့ အဖွား ဂီလာနတွေ ထားရှိတာဖြစ်ပါတယ်...ဒီအဆောင်လေးကို ကူးစက်ရောဂါ ဝေဒနာရှင် အခန်း၊ ရိုးရိုးဂီလာန အခန်း နှင့် ရေချိုးခန်း၊ အိမ်သာခန်း စသည်ဖြင့် သုံးပိုင်း ခွဲထားပါတယ်ရှင်...
စုစုပေါင်း ဂီလာန ၁၇ ယောက် ထားရှိမှာဖြစ်ပါတယ်....သို့သော် သူ့ဘေးမှ အဖွားလူကောင်းများ ထားရှိမည့် နှစ်ထပ်ဆောင် မပြီးသေးသည့်အတွက် ဒီအဆောင်လေးထဲမှာဘဲ လူကောင်းရော၊ ဂီလာနပါ ရော၍ စုစုပေါင်း ၂၂ ယောက် ထားရှိရပါတယ်...ဂီလာနတွေများတဲ့အတွက် အနံ့အသက်များရှိ၍ အဖွားလူကောင်းတွေအတွက်တော့ ခုအချိန်မှာ သိပ်အဆင်မပြေလှပါဘူးရှင်....
ဘုန်းကြီးကျောင်းဘေးပ်လျက် အဘိုးဂီလာန ဆောင်လဲ အဖွားဂီလာနဆောင်နီးတူပါဘဲ...သူနဲ့ကပ်လျက် အဘိုးလူကောင်း နှစ်ထပ်ဆောင် မပြီးသေးတဲ့အတွက် ရောထားရပါတယ်...လောလောဆယ်တော့ ၁၃ ယောက်ပဲရှိပါသေးတယ်...လူနည်းပေမဲ့...လူနာနဲ့ လူကောင်းရောထားရတဲ့အတွက် အသက်ရှုရတာ သိပ်အဆင်ပြေချင်ပါဘူး...
အလယ်ဆောင်ကြီးကတော့ အောက်ထပ်မှာ စားသောက်ဆောင်၊ ချက်ပြုတ်ဆောင်၊ စတိုခန်း၊ ရုံးခန်းနှင့် ရေချိုးခန်း၊အိမ်သာတို့ ပါဝင်ပါတယ်...
အပေါ်ထပ်ကတော့ ဓမ္မာရုံကြီးဖြစ်ပြီး...ပေါ်တီကို အပေါ်အဆောင်ကတော့ ဘုရားခန်းဘဲ ဖြစ်ပါတယ်ရှင်...အပေါ်ထပ်တက်ရန် လှေကားနှစ်ခု ရှိပြီး...ဘယ်ဘက်က လှေကားထစ်၊ ညာဘက်လှေကားကတော့ ဝှီးချဲလ်တက်ရန် လမ်းလေးပါ ပါဝင်မှာဖြစ်ပါတယ်....
အဆောင် တစ်ခုလုံး CCTV 18 လုံးနဲ့ စောင့်ကြပ်ကြည့်ရှုထားပြီး...တစ်ဆောင်လျှင် သန့်ရှင်းရေး ၀န်ထမ်း ၂ ဦး၊ ပြုစုရန် ၁ ဦး နှုန်းဖြင့်....စုစုပေါင်း သန့်ရှင်းရေး ၄ ဦး၊ ပြုစုသူ ၂ ဦး၊ ထမင်းချက် ၁ ဦး၊ စာရင်းကိုင် ၁ ဦး၊ ဂေဟာမှုး ၁ ဦး စုစုပေါင်း ၀န်ထမ်း ၉ ဦး ထားရှိပါတယ်ရှင်...ညစောင့်ကတော့ ပုံ့တို့ ကိုယ်တိုင်ပါဘဲ...
ရိပ်သာလေးကို ( ၁၁.၁၀.၂၀၁၆ ) ရက်နေ့မှာ စတင် ပန္နက်ချခဲ့တာ ဖြစ်ပြီး...ယနေ့ ပြီးစီးမှု အနေအထားထိ အချိန် ၆ လနှင့် ၂၀ ရက်သာ ကြာမြင့်ခဲ့ပါတယ်...
လက်ရှိ ပြီးစီးသည့် ၂ ဆောင်ပေါင်းမှ သတ်မှတ်အရေအတွက်အတိုင်းဆိုလျှင်...၃၄ ယောက်သာ ထားရှိနိုင်မှာ ဖြစ်ပါတယ်...အဆောင်အားလုံး ပြီးစီးသွားပါက...စွန့်ပစ်ခံ အဘိုးအဖွားပေါင်း ၁၂၀ တိတိ စောင့်ရှောက်နိုင်မှာ ဖြစ်ပါတယ်...
အဘိုးအဖွားတို့ လေကောင်းလေသန့် အသက် ၀၀ ရှုနိုင်စေပြီး၊ သတ်မှတ်ထားတဲ့ အရေအတွက်အတိုင်း ကျယ်ကျယ်လွင့်လွင့်နေနိုင်ဖို့၊ ဂီလာနသတ်သတ်၊ လူကောင်းသတ်သတ်ထားရှိနိုင်ဖို့ နှင့် နောက်ထပ် လမ်းဘေးတွင် ဒုက္ခရောက်နေသော စွန့်ပစ်ခံ အဘိုးအဖွားတို့ကို ထပ်မံခေါ်ယူ စောင့်ရှောက်နိုင်ဖို့ရာ နှစ်ထပ်ဆောင် ၂ ဆောင်ပြီးဖို့ လိုအပ်လှပါတယ်ရှင်...
လက်ရှိ ယခုပုံတွင်မြင်ရသည်အထိ ကုန်ကျငွေကတော့...သိန်းပေါင်း ၃၅၀၀. ခန့်ရှိနေပါပြီရှင်...ဒါ အဆောက်အဦး ကုန်ကျငွေ သီးသန့်ပါရှင်...နောက်ထပ် နှစ်ထပ်ဆောင် ၂ ဆောင်ပြီးဖို့ရာ ငွေကြေးအားဖြင့် ကျပ် သိန်း ၁၅၀၀ ခန့် လိုအပ်ပါတယ်ရှင်....
၂ ထပ်ဆောင် ၂ ဆောင် အကြမ်းထည် ပြီးဖို့ရာကိုတော့....
ဘိလပ်မြေ. ................. ၈၀၀ အိတ်
သံ .............................. ၃ တန်
သဲ .............................. ၂၀ ကျင်း
ကျောက် ..................... ၃၀ ကျင်း လိုအပ်ပါတယ်ရှင်....
ပုံ့တို့ ယခုလို အချိန်တိုတိုအတွင်း အလျှင်အမြန်ပြီးစီးဖို့ခဲ့တာက...ပုံ့တို့ အဖွဲ့ ငွေကြေးအင်အားတောင့်တင်းလို့...အမြဲ ထောက်ပံ့သူတွေရှိလို့ မဟုတ်ရပါဘူးရှင်...ပုံ့တို့ရဲ့ စိတ်အားထက်သန်မှု...အလှုရှင်တို့ရဲ့ စေတနာ ထက်သန်မှုတို့နဲ့ ပူးပေါင်း၍ ရသမျှ အလှုငွေတွေကို အဘိုးအဖွားတို့ စားဝတ်နေရေးအတွက် သုံးသည်မှ လွဲ၍ ကိုယ်ကျိုးသုံးခြင်း၊ အလဟသ အစိစစ်ဘဲ ကုန်ကျခြင်း၊ မလုပ်ဘဲ စုဆောင်းထားပြီး ဖြစ်သလိုထားခြင်း မရှိဘဲ...ရသမျှ အလှုငွေများ အားလုံးကို ရိပ်သာကြီးပြီးဖို့သာ ပုံအော၍ ၀ီရိယကောင်းကောင်း၊ စည်းစနစ်ကျကျ ကြိုးစားခဲ့ကြလို့ပါရှင်....
ယခုကျန်ရှိတဲ့ ၂ ထပ်ဆောင် နှစ်ဆောင်ပြီးဖို့ရာ မိမိတတ်နိုင်သည့်ဘက်မှ ပါဝင်ကုသိုလ်ယူကာ စွန့်ပစ်ခံ အဘိုးအဖွားတို့၏ ဘ၀ကို စုပေါင်းကယ်တင်ပေးကြပါအုံးလို့...မေတ္တာရပ်ခံ၍ အကူအညီပေးကြဖို့ အလှုခံပါရစေရှင်....
(Like & Share ခြင်းဖြင့် ကုသိုလ် ပါဝင်ကြပါအုံးရှင်...)
ဒေါ်သင်းရွှေစင်လှိုင်
ခိုလှုံရာ ပရဟိတ
၀၉၇၉၅၉၂၉၈၄၉၊ ၀၉၇၉၆၆၃၃၃၆၈
KBZ ATM - 99930704500747701
Subscribe to:
Post Comments (Atom)
No comments:
Post a Comment