လက်ရှိအခြေအနေမှာ ဘာစီလိုနာနှင့် ဘိုင်ယန်တွင်မူ ထုတ်ပယ်ခံရနိုင်ဟုဂွါဒီယိုလာ ၀န်ခံ
မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ၎င်း၏ပထမဆုံးရာသီတွင် ဖလားလက်မဲ့ဖြစ်ခဲ့ခြင်းမှာ အသင်းဟောင်း ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်အသင်းများကို ကိုင်တွယ်စဉ်က ဆိုလျှင် ထုတ်ပယ်ခံရလောက်သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် ဂွါဒီယိုလာလက်ထက်တွင် ပရီးမီးယား လိဂ်ချန်ပီယံဆုနှင့် အလှမ်းကွာဝေးခဲ့ရုံသာ မကဘဲ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ရှုံးထွက် ၁၆ သင်းအဆင့်၊ FA ဖလားပြိုင်ပွဲတွင် ဆီမီးဖိုင် နယ်၊ လိဂ်ဖလားပြိုင်ပွဲတွင် စတုတ္ထအဆင့် များမှ အသီးသီးထွက်ခဲ့ရခြင်းဖြစ်သည်။
"ကလပ်အသင်းကြီး တစ်သင်းမှာ ကျွန်တော့်ရဲ့ လက်ရှိအခြေအနေက ထုတ်ပယ်ခံရနိုင်ပါတယ်။ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်အသင်းတွေမှာ ဘာဆုဖလားမှမရခဲ့ရင် ရာသီကုန်ရင် နည်းပြရာထူးက စွန့်ခွာရပါမယ်။ ဒီမှာတော့ ကျွန်တော့်အတွက် ဒုတိယအခွင့်အရေး ထပ်ရှိပါတယ်။ လာမယ့်ရာသီမှာ ပိုကောင်းအောင် ကြိုးစားပါ့မယ်"ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။
Photo: Independent
Eleven Sports
Subscribe to:
Post Comments (Atom)
No comments:
Post a Comment