Latest News

Thursday, May 4, 2017

မူးယစ်ဆေးဝါးများ ဖမ်းမိနေ၍ မောင်တော-ဘူးသီးတောင်ကားလမ်းတွင် ယာဉ်များကို တင်းကျပ်စွာစစ်ဆေး

မူးယစ်ဆေးဝါးများ ဖမ်းမိနေ၍ မောင်တော-ဘူးသီးတောင်ကားလမ်းတွင် ယာဉ်များကို တင်းကျပ်စွာစစ်ဆေး

 မူးယစ်ဆေးဝါး ပမာဏများစွာ မကြာခဏဖမ်းဆီး ရမိနေသဖြင့် မောင်တော-ဘူးသီးတောင်ကားလမ်းတွင် သွားလာနေသည့် ယာဉ်များကို စစ်ဆေးရေးတင်းကျပ်လိုက်ကြောင်း သတင်းရရှိသည်။

‘‘မူးယစ်ဆေးဝါးလမ်းကြောင်းတွေကြောင့် ပိတ်ဆို့ဖမ်းဆီးရေး ကို တင်းတင်းကျပ်ကျပ်ဆောင် ရွက်နေတာ ဖြစ်ပါတယ်’’ဟု နယ် ခြားစောင့်ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဘူးသီးတောင်မြို့ အခြေ စိုက် ခမရ (၅၆၄) တပ်ရင်းမှ ဗိုလ် မှူးတစ်ဦး၊ တပ်ဖွဲ့ဝင်တစ်ဦးနှင့် အရပ်သား နှစ်ဦးစီးနင်းလာသည့် ပါဂျဲရိုးကားမှ ကျပ်သန်း ၈၈၀ တန် ဖိုးရှိ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား လေးသိန်းလေးသောင်း ကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က မေ လ ၁ ရက်တွင် သုံးမိုင်စစ်ဆေးရေး ဂိတ်၌ ဖမ်းဆီးရမိခဲ့သည်။

‘‘အခုရက်ပိုင်းအတွင်းမှာ မောင်တောနဲ့ ဘူးသီးတောင်ကို သွားတဲ့ကားတွေကို လုံခြုံရေးတပ် ဖွဲ့ဝင်တွေက စစ်ဆေးမှုတွေ တင်း ကျပ်နေပါတယ်။ မီးသွေးတွေ တောင် သယ်လို့မရဖြစ်နေပါ တယ်။ မူးယစ်ဆေးဝါးတွေ မကြာ ခဏဖမ်းဆီးရမိတဲ့အတွက် ဖြစ် ပါတယ်’’ဟု ဘူးသီးတောင်- မောင်တောကားလမ်းတွင် ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ် မောင်းတစ်ဦးက ပြောသည်။

မောင်တောနယ်စပ်ဒေသ သည် WY စိတ်ကြွရူးသွပ်ဆေးပြား ရောင်းဝယ်ဖောက်ကားမှုနှင့် နာမည်ကြီးနေသော ဒေသဖြစ်နေ၍ ပြီးခဲ့သည့် ဖေဖော်ဝါရီက မေယုအမည်ရ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စီမံချက်ကို အချိန်တစ်လ ကြာ ဆောင်ရွက်ခဲ့သည်။

7Day News Journal

No comments:

Post a Comment