Latest News

Thursday, May 11, 2017

မြန်မာကျောင်းသား ၁၀ ဦးအတွက် ပညာသင်ဆု အစီအစဉ်လျှောက်ထားနိုင်

မြန်မာကျောင်းသား ၁၀ ဦးအတွက် ပညာသင်ဆု အစီအစဉ်လျှောက်ထားနိုင်

ထိုင်းနိုင်ငံအခြေစိုက် Siam Technology College နှင့် မြန်မာ -ဗြိတိန် အကျိုးတူကုမ္ပဏီ Inspired Learning တို့ပူးပေါင်း၍ မြန်မာကျောင်းသား၊ ကျောင်းသူ ၁ဝ ဦးကို ကျပ်သိန်းနှစ်ထောင်တန် ဖိုးရှိ ပညာသင်ထောက်ပံ့မည်ဟု သတင်းရရှိသည်။

အသက် (၁၇) နှစ်မှ (၂၅)နှစ် ရှိသည့် မြန်မာနိုင်ငံသား ကျောင်း သား၊ကျောင်းသူ ၁၀ ဦးကိုစိစစ် ရွေးချယ်မည်ဖြစ်၍ ပညာထူးချွန် ပြီး ငွေကြေးချို့တဲ့သူများကို ဦးစား ပေးမည်ဟု Inspired Learning ညွှန်ကြားရေးမှူး ပေါမနူရယ်က ရန်ကုန်မြို့ MELIA ဟိုတယ်၌မေလ ၅ ရက်ကပြုလုပ်သည့် ပညာသင်ထောက်ပံ့ကြေး အစီအ စဉ်စာနယ် ဇင်းရှင်းလင်းပွဲတွင် ပြောသည်။

ရွေးချယ်ခံရသည့်ကျောင်း သား၊ကျောင်းသူများ အနေဖြင့် ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ Siam Technology College တွင်နိုင်ငံ တကာစီးပွားရေးစီမံခန့်ခွဲမှု ဒီဂရီ ဘွဲ့နှင့် ဟိုတယ်ခရီးသွားလာရေး လုပ်ငန်းဒီဂရီဘွဲ့ကို လေးနှစ်တက် ရောက်ရမည်ဟု သိရသည်။

ပညာသင်ထောက်ပံ့ကြေး အနေဖြင့် ကျောင်းသားတစ်ဦးလျှင် မြန်မာငွေသိန်းနှစ်ရာခန့်ကုန်ကျ မည့် လေးနှစ်စာ ကျောင်းလခ၊သင်တန်းကြေး၊ အဆောင်ခနှင့် စာရွက် စာတမ်းကြေးများကို ထောက်ပံ့ မည်ဟု ပေါမနူရယ်ကပြောသည်။

မြန်မာနိုင်ငံရှိလူသားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဟို တယ်နှင့်ခရီးသွားလုပ်ငန်းတွင် လူ ငယ်များပါဝင်လာနိုင်ပြီး ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် ပညာသင်ထောက်ပံ့မှုပေး ကြောင်း ပေါမနူရယ်က ပြော သည်။

ပညာသင်ဆုလျှောက်ထား သည့်ကျောင်းသူကျောင်းသားများ အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မှတ် ၃၅၀ ရရှိ၍ ဂုဏ်ထူးနှစ် ဘာသာရရှိသူ ဖြစ်ရမည်ဖြစ်ပြီး လျှောက်လွှာများကို မေလ နောက် ဆုံးထား လျှောက်ရမည်ဖြစ်ကာ ရွေးချယ်ခံရသူများကို ၂၀၁၇ ဇွန် လတွင်ကြေညာမည်ဟု သိရ သည်။

 Inspired Learning ကုမ္ပဏီ သည်စီးပွားရေးနှင့်လုပ်ငန်းခွင်သုံး အင်္ဂလိပ်စကားပြောသင်တန်း ပို့ချနေသည့် မြန်မာ-ဗြိတိန်အကျိုး တူဖွင့်လှစ်ထားသည့် ကုမ္ပဏီဖြစ် သည်။

7Day News Journal

No comments:

Post a Comment