Latest News

Monday, May 1, 2017

သမ္မတ ဒေါ်နယ်ထရမ့် ဖိတ်ကြားချက် ထိုင်းစစ်အစိုးရခေါင်းဆောင် လက်ခံ

သမ္မတ ဒေါ်နယ်ထရမ့် ဖိတ်ကြားချက် ထိုင်းစစ်အစိုးရခေါင်းဆောင် လက်ခံ

အမေရိကန်သမ္မတ အိမ်ဖြူတော်ကို လာရောက်လည်ပတ်ဖို့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဖိတ်ကြားချက်ကို ထိုင်းအာဏာသိမ်းစစ်ခေါင်းဆောင် ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက လက်ခံလိုက်ပြီဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ တင်းမာမှုဖြစ်ပွားနေတဲ့ ကိုရီးယားကျွန်းဆွယ်အရေးမှာ ဒေသတွင်းထောက်ခံမှုရရှိအောင် အာဆီယံခေါင်းဆောင်တွေနဲ့ တနင်္ဂနွေနေ့ညက ဖုန်းဆက်သွယ် ပြောကြားရာမှာ ထိုင်းဝန်ကြီးချုပ်ပရာယွတ်ကို ဖိတ်ကြားလိုက်တာလည်း ဖြစ်ပါတယ်။

သမ္မတ ထရမ့်ဟာ ဖိလစ်ပိုင်ခေါင်းဆောင် သမ္မတ ဒူတာတေကိုလည်း အိမ်ဖြူတော်ကို လာရောက်လည်ပတ်ဖို့ ဖိတ်ကြားခဲ့ပါတယ်။

ထိုင်းစစ်တပ်အကြီးအကဲဟောင်း ပရာယွတ်ချန်အိုချာဟာ လွန်ခဲ့တဲ့ ၃ နှစ်ကစလို့ ထိုင်းနိုင်ငံကို အာဏာသိမ်းအုပ်ချုပ်နေခဲ့တာ ဖြစ်ပါတယ်။ အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံရေးလှုပ်ရှားသူတွေကို ထောင်ချခဲ့တာ၊ ဆန္ဒပြပွဲတွေကို ပိတ်ပင်တာ၊ ဘုရင်ကို အကြည်ညိုပျက်စေမှု ဥပဒေနဲ့ တရားစွဲဆိုတာတွေ တိုးမြှင့်လုပ်ဆောင်တဲ့အတွက် သမ္မတအိုဘားမားလက်ထက်က နှစ်နိုင်ငံ ဆက်ဆံရေး ထိခိုက်သွားခဲ့ရပါတယ်။ RFA

No comments:

Post a Comment