Latest News

Thursday, May 11, 2017

တန်ဖိုးနည်းအိမ်ရာ အခန်း ၁,၅၀၀ ကျော်ကို တိုင်းဒေသကြီး အစိုးရအစီအစဉ်ဖြင့် ရောင်းမည်

တန်ဖိုးနည်းအိမ်ရာ အခန်း ၁,၅၀၀ ကျော်ကို တိုင်းဒေသကြီး အစိုးရအစီအစဉ်ဖြင့် ရောင်းမည်

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာနမှ တည်ဆောက်ပြီးစီးသော တန်ဖိုးနည်းအိမ်ရာများထဲမှ အခန်း ၁,၅၀၀ ကျော်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် ရောင်းချရန် လွှဲပြောင်းပေးလိုက်ကြောင်း သတင်းရရှိသည်။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှုဦးစီး ဌာနက ၂၀၁၇ တွင် တည်ဆောက် ပြီးစီးသွားသော အခန်း ၂,၂၀၀ကျော်အနက် ၁,၅၀၀ ကျော်ကို တိုင်းဒေသကြီး အစိုးရအဖွဲ့အစီ အစဉ်ဖြင့် ရောင်းချနိုင်ရန် လွှဲ ပြောင်းပေးလိုက်ခြင်းဖြစ်ပြီး ကျန် ရှိသည့် အခန်း ၆၀၀ ကျော်ကိုမူ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာန က ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်အစီအစဉ်ဖြင့် ချိတ်ဆက်ကာ အရစ်ကျရောင်းချ ပေးနေကြောင်း မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မီမီတင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးလိုက် သည့် အခန်း ၁,၅၀၀ ကျော်ကိုမူ မည်သည့်အစီအစဉ်ဖြင့် ရောင်းချ မည်ဆိုသည်ကို မသိရှိကြောင်း ၎င်းက ဆိုသည်။

တိုင်းဒေသကြီး အစိုးရအဖွဲ့ ထံ လွှဲပြောင်းပေးထားသည့် သိန်း ၁၀၀ နှင့် ၁၅၀ ခန့် တန်ဖိုးနည်း အိမ်ရာစီမံကိန်းသုံးခုဖြစ်သည့် ရွှေလင်ဗန်း အပိုင်း (၃)၊ ယုဇန နှင့် ကနောင်တန်ဖိုးနည်းအိမ်ရာ များကို မည်သည့်ပုံစံဖြင့် ရောင်း ချမည်ကိုမူ အစိုးရအဖွဲ့က ထုတ် ပြန်ကြေညာခြင်းမရှိသေးပေ။

ပြီးခဲ့သည့် အစိုးရလက် ထက်က တန်ဖိုးနည်းအိမ်ရာများ ကို ရောင်းချရာတွင် တိုင်းဒေသ ကြီး အစိုးရက မဲနှိုက်သည့်စနစ် ဖြင့် ရောင်းချခဲ့သည်။ သို့ရာတွင် အမှန်တကယ်ဝယ်ယူနေထိုင်သူ လက်ထဲသို့ မရောက်ခဲ့ကြောင်း မြို့ပြဆောက်လုပ်ရေးပညာရှင် အချို့က မှတ်ချက်ပြုသည်။

ဝင်ငွေနည်း ပြည်သူများ ဝယ်ယူနိုင်စေရန် တန်ဖိုးသင့်၊ တန်ဖိုးနည်းအိမ်ရာများကို ကျပ်သိန်း ၁၀၀ အောက်ဖြင့် ရောင်းချနိုင်ရန် နည်းလမ်းရှာဖွေနေပြီး အိမ်ရာ ဖွံ့ဖြိုးရေးကို ၂၀၁၆-၁၇ မှ ၂၀၂၀-၂၁ ငါးနှစ်စီမံကိန်း ရေးဆွဲထားရာ တစ်နိုင်ငံလုံးတွင် အခန်းစုစုပေါင်း ၁ ဒသမ ၈ သိန်းခန့် အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။

7Day News Journal

No comments:

Post a Comment