ရွှေတိဂုံစေတီသို့ လေးလအတွင်း နိုင်ငံခြားသားဧည့်သည်လာရောက်မှုမှ ကျပ်နှစ်ဘီလီယံကျော်ရရှိ
ရွှေတိဂုံစေတီတော်သို့ ယခုနှစ် လေးလအတွင်း လာ ရောက်ခဲ့သည့် နိုင်ငံခြားသား ခရီး သွားဧည့်သည်များထံမှ ဧည့်ဝင် ကြေး ကောက်ခံရရှိငွေ ကျပ်နှစ်ဘီ လီယံ ကျော်ရှိခဲ့ရာ ယခင်နှစ်ကာ လတူထက် ကျပ် ၁၅၉ သန်းကျော် ပိုမိုရရှိခဲ့သည်။
စေတီတော်သို့လာရောက် သည့် နိုင်ငံခြားဧည့်သည်တက် ရောက်မှုစာရင်းပါ ဖော်ပြချက်များ အရ ယခုနှစ်ဇန်နဝါရီမှ ဧပြီအထိ နိုင်ငံခြားသားဧည့်သည် နှစ်သိန်း ငါးသောင်းကျော်လာရောက်ခဲ့၍ တစ်ဦးလျှင် ရှစ်ထောင်ကျပ်နှုန်း ဖြင့် ကောက်ခံသည့် ဧည့်ဝင်ကြေး ကျပ်နှစ်ဘီလီယံကျော်နှင့် ကန် ဒေါ်လာ ၁,၃၀၀ ကျော်ရရှိခဲ့ ကြောင်း အဆိုပါစာရင်းတွင် ဖော် ပြထားသည်။
၂၀၁၆ ၏ကာလတူလေးလ အတွင်းနိုင်ငံခြားသားဧည့်သည် ၁၃၀,၀၀၀ ကျော်လာရောက်ခဲ့ပြီး ဧည့်ဝင်ကြေးကျပ် ၁ ဒသမ ၈ ဘီလီ ယံကျော်နှင့် ကန်ဒေါ်လာတစ် ထောင်ကျော်ရရှိခဲ့သည်။
ရွှေတိဂုံစေတီတွင် နိုင်ငံခြားသားဧည့်ဝင်ကြေးကို တစ်ဦးလျှင်ကျပ် ရှစ်ထောင်ကောက်ခံခဲ့ရာမှ ဇွန်လ ၁ ရက်ကစတင်၍ ကျပ်တစ်သောင်းနှုန်းသို့ တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့မှ ဒုတိယရုံးအဖွဲ့မှူးဦးဝင်းကြိုင်က ပြောသည်။
ထိုသို့ကောက်ခံရရှိသည့် ငွေကြေးများကို စေတီတော်ဘဏ္ဍာရန်ပုံငွေအတွင်းသို့သာ ထည့် သွင်းပြီးစေတီတော်ကြီး၏ ပြုပြင် ထိန်းသိမ်းရေး၊ စီမံခန့်ခွဲရေးကိစ္စ များတွင်သာ ပြန်လည်အသုံးပြု ကြောင်း ၎င်းကဆိုသည်။
ရွှေတိဂုံစေတီတော်သို့ ၂၀၁၆ အတွင်းနိုင်ငံခြားသားဧည့် သည် ခြောက်သိန်းကျော်လာ ရောက်ခဲ့ကာ ဝင်ကြေးငွေ ကန်ဒေါ် လာ တစ်ထောင့်ခုနစ်ရာကျော်၊ မြန်မာငွေကျပ်ငါးဘီလီယံခန့်ရရှိ ခဲ့ကြောင်း ဂေါပကအဖွဲ့၏စာရင်း များတွင်ဖော်ပြထားသည်။
7Day News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment