မုတ်သုံမိုး အဝင်စောတာကြောင့် ဆားလုပ်ငန်းပိတ်သိမ်းကာ ဆားထွက်တန်ချိန် (၇၀၀၀) ခန့် လျော့နည်း
မွန်ပြည်နယ်မှာ မုတ်သုံမိုးအဝင်စောတာကြောင့် ဆားလုပ်ငန်းရာသီပိတ်သိမ်းခဲ့ရပြီး ၂၀၁၆ ခုနှစ်ကထက် အခု ၂၀၁၇ ခုနှစ်မှာ ဆားထွက်နှုန်း တန်ချိန်(၇၀၀၀)လောက် လျော့နည်းခဲ့တယ်လို့ သိရပါတယ်။
၂၀၁၅-၁၆ ဘဏ္ဍာနှစ်က ဆားတန်ချိန် (၃၁၀၀၀)တန် ထွက်ရှိခဲ့တာကြောင့် အခုနှစ်မှာ ဆားအထွက်နှုန်း တန်ချိန်(၇၀၀၀)လောက် လျော့နည်းခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဆားကြမ်းတစ်ပိဿာကို ကျပ် ၁၂၀ ၀န်းကျင် ဈေးပေါက်နေပါတယ်။
မနှစ်ကတော့ မေ ၂၀ ရက်လောက်နေ့လောက်မှ မုတ်သုံမိုးရွာခဲ့ပြီး ဒီနှစ်မှာတော့ မေ ၁၆ ရက်နေ့ကတည်းက မိုးစရွာတာဖြစ်ပါတယ်။ ဒီနှစ်ထဲမှာလည်း ဖျက်မိုးတွေရှိတာကြောင့် နေလှန်းဆား အထွက်နည်းတာဖြစ်တယ်လို့မြန်မာ့ဆားလုပ်ငန်းက ပြည်နယ်မန်နေဂျာ ဦးခင်စိုးကပြောပါတယ်။
ဆားတစ်ပိဿာကို ငွေကျပ်(၇၀)နှုန်းနဲ့ တွက်ချက်မယ်ဆိုရင်တော့ လျော့နည်းခဲ့တဲ့ ဆားတန်ချိန်(၇၀၀၀)အတွက် ငွေကျပ်သိန်းပေါင်း(၃၀၀၀) လောက် ထိခိုက်မှုရှိခဲ့တာဖြစ်ပါတယ်။
၂၀၁၆-၁၇ ဘဏ္ဍာနှစ် မွန်ပြည်နယ်မှာ ဆားလုပ်ကွက်ပေါင်း(၆၇)ကွက်၊ ဆားထုတ်လုပ်တဲ့ ဧက (၂၆၀၀)ဝန်းကျင်ခန့်ရှိခဲ့ပြီး ဆားမက်ထရစ်တန်ချိန်(၂၆၀၀၀)ထွက်ရှိဖို့ လျာထားပေမဲ့လည်း တန်ချိန် (၂၄၀၀၀)သာထွက်ရှိခဲ့တာဖြစ်တယ်လို့ မွန်ပြည်နယ်မြန်မာ့ဆားလုပ်ငန်းရုံးရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
Duwun
Subscribe to:
Post Comments (Atom)
No comments:
Post a Comment