ဒုံးခွင်းဒုံး အစီအစဉ် တရုတ်ဆက်လက် ဆန့်ကျင်
တောင်ကိုရီးယားမှာ အမေရိကန်က THAAD ဒုံးခွင်းဒုံး ကာကွယ်ရေး စနစ်ချထားတာကို တရုတ်နိုင်ငံက ဆန့်ကျင်တဲ့အကြောင်း မနေ့က ထပ်မံပြောကြားပြီး ချက်ချင်းရပ်ဆိုင်းလိုက်ဖို့ တိုက်တွန်းလိုက် ပါတယ်။
ဒီကာကွယ်ရေး စနစ်ဟာ မြောက်ကိုရီးယား ဒုံးကျည်တွေကို ခုခံကာကွယ်နိုင်စွမ်းရှိတယ်လို့ အမေရိကန်တာဝန်ရှိသူတွေက တနင်္လာနေ့က ပြောကြားပြီး တရုတ်နိုင်ငံက ကန့်ကွက်ပေမဲ့ ဆက်လက်ချထားမယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူကတော့ သူ့ နိုင်ငံအကျိုးစီးပွားအတွက် လိုအပ်တဲ့ အစီစဉ်တွေ ချမှတ်ဆောင်ရွက်မယ်လို့ နေ့စဉ်လုပ်နေကျ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ THAAD ဟာ ကာကွယ်ရေးအတွက်သက်သက်ပါလို့ အမေရိကန်က ဘယ်လောက်ပြောပြော သူ့ ရေဒါဟာ တရုတ်ပိုင်နက်မြေကိုထောက်လှမ်းတဲ့နေရာမှာ သုံးနိုင်တယ်လို့ တရုတ်နိုင်ငံက စောဒကတက်တာပါ။
အိမ်နီးချင်းမြောက်ကိုရီးယား နျူကလီးယားနဲ့ ဒုံးကျည် အစီစဉ်တွေကို တရုတ်နိုင်ငံက ပိုမိုထိန်းချုပ်ဖို့ အမေရိကန် သမ္မတ Donald Trump ကတိုက်တွန်းထားပြီး မကြာခင်ကတော့ တရုတ်သမ္မတ Xi Jinping ရဲ့ ကြိုးပမ်းချက်တွေကို လုံးဝဥဿုံချီးကျူးထားပါတယ်။
၁၉၅၀က ၅၃ နှစ်ထိစစ်ဖြစ်ပွားပြီး စာမချုပ်ဘဲ စစ်ပြေငြိမ်းချိန်ကစလို့ မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနဲ့ ရန်စောင်နေပြီး အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားကို ဖျက်ဆီးမယ်လို့ ပုံမှန်ခြိမ်းခြောက်နေပါတယ်။ RFA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment