Latest News

Wednesday, May 3, 2017

စစ်ကိုင်းနဲ့ဧရာဝတီမှာ လေပြင်းကြောင့် သုံးရက်အတွင်း အိမ်အလုံး ၃၀၀ ကျော်ပျက်စီး

စစ်ကိုင်းနဲ့ဧရာဝတီမှာ လေပြင်းကြောင့် သုံးရက်အတွင်း အိမ်အလုံး ၃၀၀ ကျော်ပျက်စီ


လေပြင်းတိုက်ခတ်မှုတွေ နေ့တိုင်းရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

လေပြင်းတိုက်ခတ်မှုတွေ နေ့တိုင်းရင်ဆိုင်နေရတဲ့ စစ်ကိုင်းနဲ့ ဧရာဝတီတိုင်းဒေသကြီးမှာ သုံးရက်အတွင်း လေပြင်းကြောင့် အိမ်ခြေအဆောက်အအုံ ၃၀၀ ကျော် ပျက်စီးခဲ့တယ်လို့ ကယ်ဆယ်ရေးနဲ့  ပြန်လည်နေ ရာချထားရေး ဦးစီးဌာနကနေ သိရပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်း၊ ဘုတလင်၊ မုံရွာ၊ ကနီမြို့နဲ့ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာ၊ ဟင်္သာတ၊ အင်္ဂပူနှင့် ဇလွန်မြို့တို့မှာ မေလ ၁ ရက်ကနေ ၃ ရက်အထိ သုံးရက်အတွင်း လေပြင်းကျရောက်မှု နေ့တိုင်းဖြစ်ပွားခဲ့တယ်လို့ သက်ဆိုင်ရာတိုင်းဒေသကြီး ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာန  တာဝန်ရှိသူတွေက ပြောပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးမှာ နေအိမ် ၁၇၂ လုံး ပျက်စီးကာ ၂၀ ခန့် လုံးဝ ပြိုကျခဲ့ပါတယ်။


‘‘ကျွန်တော်တို့ဒေသမှာ လေပြင်းကျတာက နေ့စဉ်လိုပဲ၊ တစ်နေရာမဟုတ် တစ်နေရာဖြစ်နေတယ်။ ထောက်ပံ့ရေးနဲ့ ပြန်လည် ထူထောင်ရေးပိုင်း  ဆက်တိုက် လိုက်လုပ်နေရတယ်။  တစ်ခုကံ ကောင်းနေတာက ဒီရက်ပိုင်းဖြစ် စဉ်တွေမှာ လူထိခိုက်မှုမရှိတာပဲ’’လို့ စစ်ကိုင်းတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ဦးစီးမှူးညွှန်ကြားရေးမှူး ဦးစ၀ီလီယံဖရန့်က ပြောပါတယ်။
စစ်ကိုင်းနဲ့ ဧရာဝတီတိုင်းဒေသကြီးကပြီးခဲ့တဲ့ မတ်လထဲမှာလည်း လေပြင်းနဲ့ နေရာကွက်ပြီးမိုးသည်းသည်းထန်ထန် ရွာသွန်းမှုကြောင့် လူနဲ့တိရစ္ဆာန်  သေဆုံးထိခိုက်မှုရှိခဲ့ပါတယ်။ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က လက်ရှိကာလမှာ လေပြင်းကျတာတွေနဲ့ မိုးကြိုးပစ်ခြင်း၊ နေရာကွက်မိုးကြီးတာတွေကို ဖြစ်စေနိုင်တဲ့ မိုးတိမ်တောင်ဖြစ်စဉ်ကို အထူးသတိပြုဖို့ သတိပေးထားပါတယ်။
Source & Photos : 7DayDaily:Duwun

No comments:

Post a Comment