Latest News

Thursday, May 11, 2017

မြန်မာ့လယ်ယာပို့ကုန် ဒေါ်လာ ၂.၉၃ ဘီလီယံရှိ

မြန်မာ့လယ်ယာပို့ကုန် ဒေါ်လာ ၂.၉၃ ဘီလီယံရှိ

စိုက်ပျိုးရေးလုပ်ငန်းသည် အခြားအရှေ့တောင် အာရှနိုင်ငံများထက် နိမ့်ကျနေပြီး အထောက်အပံ့နှင့် ပညာပေးမှု အားနည်းခြင်းကြောင့် ဖြစ်သည်။

၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံ၏ လယ်ယာထုတ်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂.၉၃ ဘီလီယံ ရရှိသည်ဟု နိုင်ငံပိုင် Global New Light of Myanmar သတင်းစာက ဖေါ်ပြသည်။

ထိုပမာဏမှာ ၂၀၁၅-၁၆ ဘဏ္ဍနှစ်နှင့်နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၃၁၅ သန်းပိုမိုများပြားပေ သည်။

ယခုနှစ် လယ်ယာပို့ကုန် ဝင်ငွေသည် စုစုပေါင်းပို့ကုန်ပမာဏ၏ ၂၅ ရာခိုင်နှုန်းရှိသည်ဟု ကုန်သွယ် ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် စာရင်းဇယားကို ကိုးကားပြီး ယင်းသတင်းစာက ဆိုသည်။

မြန်မာနိုင်ငံမှ ယခုဘဏ္ဍာနှစ်အတွင်း ဆန်၊ ဆန်ကွဲ၊ ပဲအမျိုးမျိုး၊ ရာဘာ၊ နှမ်း၊ ပြောင်း နှင့်အစားအစာအမျိုးမျိုးတို့ကို တင်ပို့သည်ဟု သိရသည်။

ဧရာဝတီ

No comments:

Post a Comment