Latest News

Wednesday, May 10, 2017

မင်္ဂလာတောင်ညွန့်တွင် ပဋိပက္ခဖြစ်ပွားအောင် လုပ်ဆောင်သူများကို ဥပဒေနှင့်အညီအရေးယူပေးရန် အစိုးရထံ ဒေါ်ဖြူဖြူသင်းတောင်းဆိုပြီ

မင်္ဂလာတောင်ညွန့်တွင် ပဋိပက္ခဖြစ်ပွားအောင် လုပ်ဆောင်သူများကို ဥပဒေနှင့်အညီအရေးယူပေးရန် အစိုးရထံ ဒေါ်ဖြူဖြူသင်းတောင်းဆိုပြီ


‘‘ရန်ကုန်တိုင်း အစိုးရအဖွဲ့ ကို ဒီနေ့ပဲ စာတင်ပါတယ်။ စာ တင်ပြီးတော့ မြို့နယ်အုပ်ချုပ်ရေး မှူးအဖွဲ့ကိုလည်း မိတ္တူပို့ပါမယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အရေးယူ ဆောင်ရွက်ပေးဖို့။ ကျွန်မတို့ ဥပဒေတွေရှိပါတယ်။ ၅၀၅ (ဂ) ဆူပူလှုံ့ဆော်မှုတွေ၊ ဘာသာရေး အရ၊ လူမျိုးရေးအရ လုပ်နေတဲ့ ကိစ္စရပ်တွေကို တရားဥပဒေအရ ဥပဒေနဲ့အညီ အရေးယူပေးဖို့ ရန် ကုန်တိုင်းအစိုးရနဲ့ မြို့နယ်အုပ် ချုပ်ရေးအဖွဲ့ကို စာတင်မယ်။ အဲ ဒီလိုပဲ သာသနာရေးနဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေကိုလည်း စာတင် ဖို့ ပြင်နေပါတယ်’’ဟု ဒေါ်ဖြူဖြူ သင်းက ယမန်နေ့က ပြောသည်။

ဒေါ်ဖြူဖြူသင်းသည် မေလ ၁၀ ရက်က မင်္ဂလာတောင်ညွန့် မြို့နယ် ရဲတပ်ဖွဲ့စခန်းမှူးနှင့် တွေ့ဆုံရာတွင်လည်း မြို့နယ်၏ လုံခြုံရေးနှင့်ပတ်သက်၍ တာဝန် ယူဆောင်ရွက်ပေးရန် ပြောကြား ခဲ့သည်။

‘အခုဖြစ်နေတဲ့ ကိစ္စတွေမှာ အုပ်ချုပ်ရေးပိုင်းကို ဝင်ရောက် စွက်ဖက်တာ တွေ့ရတယ်။ တည် တည်ငြိမ်ငြိမ်ဖြစ်နေတဲ့ဟာကို ပျက်ပြားအောင်လုပ်တဲ့ပုံစံတွေ့ ရတယ်။ အိမ်တစ်အိမ်ကို ဝင်စစ် မယ်ဆိုရင် သာမန်လူတွေ၊ ဘာ  သာရေးနဲ့ပတ်သက်တဲ့ ပုဂ္ဂိုလ် တွေ လုံးဝဝင်စစ်ခွင့်မရှိပါဘူး။ အဲဒီလိုပဲ ရဲစခန်းကနေ ရဲတပ်ဖွဲ့ ဝင်တွေက စစ်ဆေးမယ်ဆိုရင် သူ့ ရဲ့ရဲလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ပဲ လုပ်ခွင့်ရှိပါတယ်။ အာဏာပိုင် တွေတောင် အဲဒီလို လုပ်ထုံးလုပ် နည်းတွေရှိပါတယ်။ လမ်းဘေး မှာ သွားလာတဲ့သူတွေကို ဆဲဆို တာတွေ၊ ကြိမ်းမောင်းတာတွေ၊ ရိုက်နှက်တာတွေပါလာတာက တော်တော်လေးကို အခြေအနေ ဆိုးရွားနေတယ်လို့ ပြောလို့ရ တယ်။ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ် ကိုင်ဆောင်ရွက်နေတာလို့ ကျွန်မ အနေနဲ့ မြင်တယ်။ ဆူပူအောင် လှုံ့ဆော်တာ၊ ပြဿနာဖြစ်အောင်ဖန်တီးတာတွေ လက်ခံလို့မရပါ ဘူး’’ဟု ဒေါ်ဖြူဖြူသင်းက ပြော ကြားသည်။

Source: 7Day News

No comments:

Post a Comment