Latest News

Wednesday, May 31, 2017

အယောင်ဆောင်အလှူခံများအား သာသနာရေးမှ ရှောင်တခင်ဖမ်းဆီးမည်

အယောင်ဆောင်အလှူခံများအား သာသနာရေးမှ ရှောင်တခင်ဖမ်းဆီးမည်

ဗုဒ္ဓဘာသာပုံရိပ်ကိုထိခိုက်စေသော အယောင်ဆောင်အလှူခံများအား သာသနာရေးမှ ရှောင်တခင်ဖမ်းဆီးအရေးယူတော့မည် ဖြစ်သည်။

မြို့နယ်သံဃနာယကအဖွဲ့က ကြီးကြပ်၍ ဒေသအုပ်ချုပ်ရေးအဖွဲ့များပူးပေါင်းပြီး ဗုဒ္ဓဘာသာဓလေ့ထုံးစံနှင့် ပုံရိပ်များကို ထိခိုက်စေသည့် အယောင်ဆောင်အလှူခံများအား စိစစ်တွေ့ရှိရသည့်အတွက် စစ်ဆေး အရေးယူသွားမည် ဖြစ်သည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ မေလ ၃ဝ ရက်တွင် ဖမ်းဆီးမည့်အကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ထိုသို့ သတင်းထုတ်ပြန်ရခြင်းမှာ မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးတွင် အကြောင်းအမျိုးမျိုးဖြင့် အလှူခံမဏ္ဍပ်များ ဖွင့်လှစ်၍ အလှူခံလျက် ရှိကြောင်း ဝန်ကြီးဌာနသို့   ထေရ်ကြီးဝါကြီးဆရာတော်များက အကြောင်းကြားသြဝါဒပြုခဲ့သောကြောင့် ဟု ဖော်ပြပါရှိသည်။

ထို့သို့ အလှူခံရာတွင် တချို့အလှူခံများမှာ မြို့နယ်သံဃနာယကအဖွဲ့၏ ထောက်ခံချက်ဖြင့် အလှူခံလျက်ရှိ နေသည်။ သို့သော် တချို့အလှူခံများမှာ ထောက်ခံချက် မိတ္တူများဖြင့်အလှူခံခြင်း၊   ကော်မရှင်ရယူဆောင်ရွက်ခြင်းများ စသဖြင့် မသင့်လျော်သော အယောင်ဆောင်အလှူခံများ စိစစ်တွေ့ရှိရသည်ဟု သိရသည်။

ထို့ကြောင့် အယောင်ဆောင်အလှူခံများအား သာသာရေးမှ ရှောင်တခင်စစ်ဆေးပြီး ဖော်ထုတ်ဖမ်းဆီးသွားမည်ဖြစ်သည်။

Mizzima

No comments:

Post a Comment