Latest News

Monday, May 15, 2017

အိမ်အကူလေးရေချိုးနေစဉ် ဗွီဒီယိုခိုးရိုက်တဲ့ အိမ်ရှင် ထောင်ဒဏ် ၁ နှစ် ကျခံရ



စင်ကာပူ၊ မေ ၁၅၊ ၂၀၁၇။

အိမ်အကူလေးက အသက် ၂၈ နှစ်။ အင်ဒိုနီးရှားနိုင်ငံသူ။ အလုပ်ရှင်က အသက် ၅၂ နှစ်။ ကနေဒါနိုင်ငံသား။ စင်ကာပူမှာ အလုပ်လုပ်နေသူ။ သူဟာ ကင်မရာသေးသေးလေးကို အိမ်အကူလေးတစ်ယောက်ပဲအသုံးပြုတဲ့ မီးဖိုချောင်နဲ့ ဆက်လျက်က ရေချိုးခန်း အိမ်သာထဲမှာ ထည့်ထားတယ်။ ယမန်နှစ်၂၀၁၆ ဇူလိုင် နဲ့ သြဂုတ်လ အတွင်း အိမ်မှာ မည်သူမှမရှိချိန် အိမ်အကူလေး အိမ်သာတက်စဉ်နဲ့ ရေချိုးနေစဉ်တွေမှာ ၃ ခါ ခိုးရိုက်ခဲ့တယ်။ ဗွီဒီယိုမှတ်တမ်းတွေဟာ ၆ မိနစ်ကနေ ၁၇ မိနစ်ထိရှည်ပြီး အိမ်အကူလေးရဲ့ ခန္ဓာကိုယ်အထက်ပိုင်းကိုယ်လုံးတီးနဲ့ တစ်ကိုယ်လုံးကိုယ်လုံးတီးပုံတွေ ရိုက်ယူခဲ့တယ်။

၂၀၁၆ သြဂုတ်လ ၁ ရက်နေ့မှာ အိမ်အကူလေးဟာ ရေချိုးခန်းကို သန့်ရှင်းရေးလုပ်နေတုန်းမှာ ဖွတ်ထားတဲ့ ကင်မရာသေးသေးလေးကိုတွေ့ခဲ့တယ်။ ကင်မရာကို ဖြုတ်ယူ၊ သူ့ရဲ့ပစ္စည်းတွေကိုသိမ်းဆည်းပြီး တစ်ခါတည်း အေးဂျင့်ဆီကို ထွက်ပြေးသွားခဲ့တယ်။ အေးဂျင့်ကို အကျိုးအကြောင်းပြောပြပြီး ရဲစခန်းတိုင်ခဲ့တယ်။

ယနေ့ မေလ ၁၅ ရက်နေ့မှာတော့ အိမ်ရှင် ကနေဒါနိုင်ငံသားကို ထောင်ဒဏ် ၁ နှစ်ကျခံရန် စင်ကာပူတရားရုံးက အမိန့်ချမှတ်လိုက်တယ်။

စလုံး
https://www.facebook.com/SaloneCollection

No comments:

Post a Comment