Latest News

Thursday, May 11, 2017

အစိုးရနည်းပညာအထက်တန်းကျောင်း ၃၄ ကျောင်းတွင် သင်တန်းသားများ ခေါ်ယူနေ

အစိုးရနည်းပညာအထက်တန်းကျောင်း ၃၄ ကျောင်းတွင် သင်တန်းသားများ ခေါ်ယူနေ

ပညာရေးဝန်ကြီးဌာန လက် အောက်ရှိ အစိုးရနည်းပညာအ ထက်တန်းကျောင်း ၃၄ ကျောင်း တွင် ပညာသင်ယူရန် အဋ္ဌမတန်း အောင်မြင်ထားသူများအနေဖြင့် မေလ ၂၃ ရက် နောက်ဆုံးထား လျှောက်ထားနိုင်ကြောင်း ထုတ် ပြန်ကြေညာထားသည်။

အဆောက်အအုံနည်းပညာ သင်တန်း၊ အီလက်ထရွန်နစ် နည်းပညာသင်တန်း၊ လျှပ်စစ် နည်းပညာသင်တန်း၊ မော်တော် ယာဉ်နည်းပညာသင်တန်း၊ စက် ပစ္စည်းအစိတ်အပိုင်းများ ထုတ် လုပ်ခြင်း နည်းပညာသင်တန်း၊ ရေခဲသေတ္တာနှင့် လေအေးပေး စက်နည်းပညာသင်တန်း၊ သတ္တု ပစ္စည်းထုတ်လုပ်မှုနည်းပညာသင် တန်းနှင့် သုတနည်းပညာသင် တန်းတို့ကို ဖွင့်လှစ်သင်ကြားမည် ဖြစ်သည်။

အစိုးရနည်းပညာ အထက် တန်းကျောင်းတွင် တက်ရောက် ခွင့်ရရှိသူများအား တစ်ဦးလျှင် တစ်လသုံးသောင်းကျပ် ထောက် ပံ့ကြေးပေးအပ်မည့်အစီအစဉ်ရှိ ပြီး ၂ နှစ်ကြာ တက်ရောက်ပညာ သင်ယူရမည်ဖြစ်ကြောင်း သိရ သည်။

ပူတာအို၊ မြစ်ကြီးနား၊ ဗန်း မော်၊ ခန္တီး၊ မင်းတပ်၊ ကလေး၊ မုံရွာ၊ ကျောက်ဆည်၊ ပခုက္ကူ၊ လားရှိုး၊ ပင်လုံ၊ တောင်ကြီး၊ ကျိုင်းတုံ၊ မိတ္ထီလာ၊ လွိုင်ကော်၊ နေပြည်တော်၊ မကွေး၊ ပြည်၊ တောင်ငူ၊ စစ်တွေ၊ ဟင်္သာတ၊ မအူပင်၊ ပုသိမ်၊ ဘားအံ၊ မော်လ မြိုင်၊ ထားဝယ်၊ မြိတ်၊ ပင်းပက်၊ မြင်းခြံ၊ ချောင်းဦး၊ တီးတိန်၊ မန္တလေး၊ ရွာမနှင့် လက်ခုပ်ကုန်း မြို့တို့တွင် ဖွင့်လှစ်သင်ကြားမည် ဖြစ်ပြီး သင်တန်းတက်ရောက်လို သူများအနေဖြင့် မိမိတက်ရောက် လိုသည့် အစိုးရနည်းပညာအ ထက်တန်းကျောင်းသို့ လျှောက် လွှာတင်သွင်းရမည်ဖြစ်သည်။

အစိုးရနည်းပညာအထက် တန်းကျောင်း ဒုတိယနှစ်သင်တန်း ကို အောင်မြင်သည်ဖြစ်စေ၊ ကျ ရှုံးသည်ဖြစ်စေ တက္ကသိုလ်ဝင်စာ မေးပွဲကို ၀င်ရောက်ဖြေဆိုလိုပါက ပြင်ပဖြေအနေဖြင့် ၀င်ရောက်ဖြေ ဆိုနိုင်မည်ဖြစ်ကြောင်း ပညာရေး ၀န်ကြီးဌာန၊ နည်းပညာ၊ သက် မွေးပညာနှင့် လေ့ကျင့်ရေးဦးစီး ဌာနက ကြေညာထားသည်။

သင်တန်းသားများအနေဖြင့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ မိမိသင်တန်း ၏ အထူးပြုဘာသာရပ်နှင့် ပုံဆွဲ ဘာသာရပ်များ သင်ကြားပို့ချမည် ဖြစ်ပြီး မေလ ၈ ရက်ကစတင်၍ ကျောင်းဝင်ခွင့်လျှောက်လွှာများ ထုတ်ယူနိုင်မည်ဖြစ်သည်။

7Day News Journal

No comments:

Post a Comment