ဆီးကနေထုတ်တဲ့ ဘီယာ ဒိန်းမတ်မှာ ချက်လုပ်နေပြီ
မေ ၉
အဝါရောင်ရှိတာနဲ့ အနံ့ပြင်းတာတွေကြောင့် ဘီယာကို ဆီးနဲ့ နှိုင်းယှဉ်ပြောလေ့ရှိကြပါတယ်။ ဒါပေမယ့် ဒိန်းမတ်မှာရှိတဲံ ဘီယာချက်လုပ်ငန်းတစ်ခုက သည်တူညီချက်တွေကို အကောင်အထည်ဖော်နေပါပြီ။ လူတွေရဲ့ဆီးကို သုံးပြီး ဘီယာချက်နေပြီလို့ သိရပါတယ်။
Norrebro Bryghus ကော်ပိုရေးရှင်းက သမားရိုးကျ မုယောစပါးတွေကို လူ့ကျင်ငယ်ရည်တွေနဲ့မြေသြဇာ အားဖြည့်ပြီး ဘီယာချက်လုပ်မှုလုပ်ငန်းစဉ်ကို ပုံစံပြောင်း လုပ်ဆောင်နေတယ်လို့ CBS သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အရင်သုံးနေကျ တိရစ္ဆာန်မစင်မြေသြဇာတွေ ဒါမှမဟုတ် စက်ရုံထုတ် ဓာတ်မြေသြဇာတွေအစား ဆီးပမာဏ လီတာ ၅၀၀၀ ကျော်ကို အသုံးပြုခဲ့တာလို့ သတင်းမှာပါရှိပါတယ်။
ဘီယာတွေအားလုံးကို အော်ဂန်းနစ်အဖြစ်နဲ့ထုတ်လုပ်နိုင်ဖို့ Pisner ဘီယာကို ချက်လုပ်ဖန်တီးခဲ့တာဖြစ်တယ်လို့ Norrebro Bryghus ရဲ့အမှုဆောင်အရာရှိချုပ် Henrik Vang ကဆိုပါတယ်။ ကမ္ဘာ့ပထမဆုံးအဖြစ် ဆီးကနေ ဘီယာအဖြစ်ပြောင်းလဲထုတ်လုပ်တာဟာ အရမ်းကို ထူးဆန်းတဲ့အတွေးအကြံ လို့ ထင်မြင်စရာရှိပေမယ့် ဒိန်းမတ်ရဲ့ စိုက်ပျိုးရေးနဲ့စားသောက်ကုန်ကောင်စီကတော့ ပြန်လည်အသုံးပြုဘီယာ ထုတ်လုပ်တဲ့နည်းပညာဟာ အနာဂတ်မှာ လူကြိုက်များတဲ့ရေစီးကြောင်းတစ်ခုဖြစ်လာနိုင်တယ်လို့ အခိုင်အမာ ပြောနေပါတယ်။
လက်ရှိမှာ သည်ကုမ္ပဏီက ပွဲတော်ကနေစုဆောင်းရရှိလာတဲ့ ဆီးတွေကနေ ဘီယာပုလင်း ၆၀၀၀၀ အထိ ထုတ်နိုင်ဖို့ မှန်းထားပါတယ်။
YSD
Ref: Philippine Daily Inquirer/ANN ,May 09, 2017
Kumudra
Subscribe to:
Post Comments (Atom)
No comments:
Post a Comment