Latest News

Monday, May 1, 2017

ကျောင်းကုန်းမြို့တွင် မော်တော်ယာဉ်တစ်စီး အရှိန်လွန် လမ်းဘေးချောက်ထဲထိုးကျ



ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ သစ်ဆိမ့်ကုန်းအုပ်စု၊ ရွှေကညင်ပင်ကျေးရွာအနီးမှာ မေလ (၁)ရက် မနက်က မော်တော်ယာဉ်တစ်စီး အရှိန်လွန်ကာ လမ်းဘေးချောက်ထဲထိုးကျ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပါတယ်။


 ကျောင်းကုန်း-အိမ်မဲကားလမ်း၊ မိုင်တိုင်အမှတ် (၈၆) အလွန် သစ်ဆိမ့်ကုန်းအုပ်စု၊ ရွှေကညင်ပင်ကျေးရွာအနီးမှာ ကျောင်းကုန်းဘက်က အိမ်မဲဘက်ကို မောင်းနှင်လာတဲ့ ကင်ဒါအဖြူရောင် မော်တော်ယာဉ်ဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းရဲ့ယာဘက်ခြမ်းချောက်ထဲကို ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။


 အဲဒီယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းနဲ့ လိုက်ပါစီးနင်းသူတွေဟာ ဒဏ်ရာအသီးသီးရရှိ သွားခဲ့ပါတယ်။ အဲဒီယာဉ်တိမ်းမှောက်မှုကို ကျောင်းကုန်းမြို့မရဲစခန်းမှာ ယာဉ်(ပ) ၃၀/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇/၂၇၉ တို့နဲ့ အမှုဖွင့်အရေး ယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ ဒီသတင်းကို ဝင်းကြိုင်(ကျောင်းကုန်း) ပေးပို့တာ ဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/

No comments:

Post a Comment