Latest News

Friday, May 5, 2017

ထိုင်းအစိုးရ ကြေညာချက် ထုတ်ပြန်ထားတယ်လို့ ပြော

ထိုင်းအစိုးရ ကြေညာချက် ထုတ်ပြန်ထားတယ်လို့ ပြော

သင်္ကြန်ကာလအတွင်း နေရပ်ပြန်တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ သတ်မှတ်ထားတဲ့ ကာလ ဧပြီလ ၃၀ ရက်နေ့အမီ ထိုင်းနိုင်ငံကို ပြန်မရောက်ရင် ပြည်ဝင်ခွင့် ၅ နှစ်ပိတ်သိမ်းမယ်လို့ ထိုင်းအစိုးရက ကြေညာထားပါတယ်။

အချိန်မီပြန်မရောက်တဲ့ အလုပ်သမားတွေကို ထိုင်းလဝကဥပဒေအရ ပြည်ဝင်ခွင့် ၅ နှစ်ပိတ်သိမ်းမှာဖြစ်ကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးဗျုရိုကနေ ကြေညာထားတာဖြစ်တယ်လို့ မြန်မာပြည်သားများ အရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဌ ဦးမိုးကြိုးက ပြောပါတယ်။

"နေရပ်ပြန်တဲ့ အလုပ်သမားတွေက ထိုင်းနိုင်ငံထဲကို ဧပြီလ ၃၀ ရက်နေ့ပြန်ရောက်ရမယ် အချိန်မှီ ပြန်မရောက်တဲ့သူတွေကို ထိုင်းလဝက ဥပဒေအရ ပြည်ဝင်ခွင့် ၅နှစ် ပိတ်သိမ်းမယ်လို့ ထိုင်းတော်ဝင်လူဝင်မှုကြီးကြပ်ရေးဗျုရိုကနေ ကြေညာထားတာ"

ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့ကစပြီး ဧပြီလ ၃ဝ ရက်နေ့အထိ ထိုင်းနိုင်ငံအစိုးရက မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအို ရွှေ့ပြောင်းအလုပ်သမားတွေကို သင်္ကြန်ကာလအဖြစ် ၂၅ ရက်ကြာ နေရပ်ပြန်ခွင့်ပြုထားတာ ဖြစ်ပါတယ်။

မေလ ၁ ရက်နေ့ကစပြီး ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ Passport ၊ ယာယီသက်သေခံကဒ်ပြားတွေအပြင် အလုပ်လုပ်ကိုင်ခွင့်ကတ်ပြား တွေကိုပါ စိစစ်နေတာဖြစ်တဲ့အတွက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အဖမ်းခံရတာ တွေ ရှိနေတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ သင်္ကြန်ပြန်ရာမှာ တချို့က တရားမဝင် လမ်းကြောင်းကနေ ပြန်ခဲ့ကြတာကြောင့် Passport ၊ ယာယီသက်သေခံကဒ်ပြားတွေမှာ အထွက်တံဆိပ်တုံး မထုလိုက်ကြရတဲ့အတွက် ပြန်လည်သွားရောက်ဖို့ စာရွက်စာတမ်းအထောက်အထား မစုံလင်တာလို့ အခက်အခဲတွေနဲ့ ကြုံတွေ့ကြရတာတွေလည်း ရှိခဲ့ပါတယ်။

အဲဒါတွေကိုတော့ ဧပြီလ ၁၄ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အလုပ်သမား သံအရာရှိတွေနဲ့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီတို့က မဲဆောက်-မြဝတီတံတားမှာ စောင့်ဆိုင်းကာ ကြီးကြပ်ဆောင်ရွက်ပေးခဲ့တဲ့အတွက် အဆင်ပြေခဲ့တယ်လို့လည်း ပြောပါတယ်။

RFA

No comments:

Post a Comment