Latest News

Monday, May 15, 2017

မန္တလေးလေဆိပ် မျက်နှာကြက် ပြုတ်ကျ၍ ဗြိတိန်နိုင်ငံသူတစ်ဦး ဒဏ်ရာရ

မန္တလေးလေဆိပ် မျက်နှာကြက် ပြုတ်ကျ၍ ဗြိတိန်နိုင်ငံသူတစ်ဦး ဒဏ်ရာရ

ကုမ္ပဏီကို သတိပေးမည်ဖြစ်သော်လည်းအရေးယူရန်မရှိဟုဆို

တံတားဦးမြို့နယ်ရှိ မန္တလေးအပြည် ပြည်ဆိုင်ရာလေဆိပ်တွင် မေလ ၁၃ ရက် မွန်းလွဲ၃ နာရီက ခရီးသည်ထွက်ခွာဆောင် အပြင်ဘက် မျက်နှာကြက် ပျက်စီးပြုတ်ကျမှုကြောင့် ဗြိတိန် နိုင်ငံသူတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

လေဆိပ်ထွက်ခွာဆောင်အ ပြင်ဘက်၊ ခရီးသည်အတင်အချ ပြုလုပ်သည့်ကားရပ်နေရာတွင် လေပြင်းတိုက်ခတ်မှုကြောင့် မျက်နှာကြက်များပျက်စီး၍ အောက်သို့ပြုတ်ကျခဲ့ရာ လုပ်ကိုင်ခွင့်ရရှိထား သည့် ကုမ္ပဏီကို သတိပေးကြေ ညာချက်ထုတ်ပြန်မည်ဟု ဆို သည်။

‘‘အရေးယူဖို့ကတော့ မရှိပါ ဘူး။ ခရီးသည်နဲ့ပတ်သက်ပြီး ခရီးသည်ကျေနပ်အောင်အထိ ကုမ္ပ ဏီဘက်ကလည်း ဆောင်ရွက် ပေးတာတွေရှိပါတယ်။ အခုဖြစ် တဲ့နေရာမှာ ထပ်မဖြစ်ဖို့နဲ့ နောက် ထပ်နေရာတွေမှာလည်း ထပ်မ ဖြစ်ဖို့ သတိပေးညွှန်ကြားချက် ထုတ်တာမျိုးလုပ်ပါမယ်’’ဟု လေ ကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးရဲထွဋ်အောင်က ပြော သည်။  မန္တလေးအပြည်ပြည်ဆိုင် ရာလေဆိပ်ကို ၂၀၀၀ ပြည့်နှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၅ ဧပြီ ၁ ရက်တွင် မစ်ဆူဘီရှီ၊ JALUX နှင့် ရိုးမကုမ္ပဏီတို့က နှစ်သုံးဆယ် လုပ်ကိုင်ခွင့်ရရှိထားသည်။

ထိခိုက်ဒဏ်ရာရရှိသည့် ဗြိတိန်နိုင်ငံသူသည် မဟာအောင် မြေမြို့နယ်ရှိ မြို့တော်ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ပြီး ဆီဒိုးနားဟို တယ်၌ တည်းခိုခဲ့ကြောင်း၊ မေလ ၁၄ ရက်တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ထွက်ခွာ ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

‘‘ကုမ္ပဏီဘက်ကနေ လိုအပ် တဲ့ဆေးကုသမှုတွေ အကုန်လုပ် ပေးပါတယ်။ ခရီးစဉ်ပျက်သွားတဲ့

အတွက် တည်းခိုဖို့ရယ်၊ နောက်နေ့ထွက်မယ့် လေယာဉ်လက်မှတ်ပါ ဖြတ်ပေးလိုက်ပါတယ်။ ဆေးကို တော့ ဒီမှာမကုချင်ဘူး။ UK မှာ အာမခံရှိတဲ့အတွက် မေလ ၁၄ ရက်ကပဲ ရန်ကုန်လေဆိပ်ကို ဆင်းသွားပါတယ်။ အသက်က တော့ (၆၀)နီးပါး ရှိပါပြီ။ ညာဘက် ညှပ်ရိုးကျိုးတယ်။ နဖူးသွေးထွက် ပြီး အနည်းငယ်ပြတ်ရှဒဏ်ရာရပါ တယ်’’ဟု MC JALUX Airport Services အုပ်ချုပ်ရေးဌာနမှူး ဦးကျော်ဆန်းက ပြောသည်။

ပျက်စီးပြုတ်ကျမှုဖြစ်ပွားခဲ့ သည့် မျက်နှာကြက်နေရာကို အသစ်ပြန်လည်ပြုပြင်ထားပြီး ပျက်စီးမှုဖြစ်ပွားခဲ့သည့် အကြောင်းရင်းကို လေ့လာစစ်ဆေးလျက်ရှိကြောင်း ၎င်းက ပြောသည်။


7Day News Journal

No comments:

Post a Comment