ဒေါ်နယ်ထရန့်၏ အရှေ့အလယ်ပိုင်းအရှုတ်အထွေးခရီးစဉ် ဆော်ဒီအာရေးဗီးယားသို့ စတင်ရောက်ရှိ။ ဒေါ်နယ် ထရန့်။ ဆော်ဒီသို့ ၁၁၀-ဘီလျှံဒေါ်လာတန်ဘိုးရှိစစ်လက်နက်ပစ္စည်းများရောင်းချပြီး ၁၀-နှစ်အတွင်း ၃၅၀- ဘီလျှံဘိုးရောင်းချမည်။ အမေရိကန်သံရုံးကို ဂျေယုဆလင်သို့ ပြောင်းရွှေ့ခဲ့လျှင် တကမ္ဘာလုံးသို့ ပြဿနာ လှိုင်းဂယက်ရိုက်ခတ်နိုင်။
( မေ-၂၀၊ ၂၀၁၇ ) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ပထမဆုံးပြည်ပခရီးစဉ်အဖြစ် ဆော်ဒီအာရေးဗီးယားနိုင်ငံသို့ ယနေ့ရောက်ရှိလာခြင်းအပေါ် အာရပ်နှင့်ကမ္ဘာကျွီတာစာမျက်နှာတွင် ရှုတ်ချဝေဖန်မှု့များ ပြည့်နှက်သွားခဲ့ကြောင်း ဘီဘီစီသတင်းဌာနက ယနေ့ရေးသားဖော်ပြသည်။
ရေးသားချက်အများစုမှာ ဒေါ်နယ်ထရန့်၏ အစ္စလာမ်ဘာသာနှင့် မူဆလင်များအပေါ်အမြင်သဘောထားအား လှောင်ပြောင်ကြခြင်းဖြစ်သည်။ ဆော်ဒီအာရေဗီးယားအတွက် ဒေါ်နယ်ထရန့်သည် အမေရိကန်သမ္မတ၏ ပထမဆုံးခရီးစဉ်ရောက်ရှိသူဖြစ်လာပြီး ဒေါ်နယ်ထရန့်အတွက် ဆော်ဒီအာရေးဗီးယားသည် သူ၏ပထမဆုံး ရောက်ရှိသော မူဆလင်တိုင်းပြည်ဖြစ်လာသည်။ တဒင်္ဂအားဖြင့် ၀ါရှင်တန်တွင် မဲဆွယ်ပွဲကာလ ရုရှားနိုင်ငံနှင့် ပတ်သက်မှု့အတွင် ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးမှ လွတ်မြောက်လျှက် ဆော်ဒီ၏ရက်ရောလှ သောဂုဏ်ပြုမှု့ တွင် စိန်နားကပ်အရောင်နှင့် ပါးပြောင်နေကြောင်း အေပီသတင်းဌာနကရေးသားသည်။ ထိုအတွက် ဆော်ဒီသို့ ဒေါ်လာ ၁၁၀-ဘီ လျှံဘိုးလက်နက်ရောင်းချခြင်းဆုကို ဆွတ်ခူးပေးခဲ့ကြောင်းသတင်းဌာနက ဆက်လက်ဖော်ပြသည်။
လူ့အခွင့်အရေးချိုးဖောက်မှု့နှင့် စည်းကမ်းတင်းကျပ်ရာတွင် ထင်ရှားလှသော ဆော်ဒ်ီအာရေးဗီးယားသို့ ရောက် ရှိလာသည့် အမေရိကန်သမ္မတသည် ဇနီးမောင်နှံစုံယှဉ်တွဲလမ်းလျှောက်ယုံမက သမ္မတကတော်ကလည်း ထုံးတမ်းစဉ်လာအရ ခေါင်းဆောင်းဝတ်ဆင်ခြင်းမရှိချေ။
အသက် ၈၁-နှစ်ရှိပြီဖြစ်သော ဆော်ဒီဘုရင်က ဒေါ်နယ်ထရန့်အား ဂုဏ်ပြုရွှေစင်ဆု ချိတ်ဆွဲပေးပြီးနောက် အမေရိကန်အတွက် ထင်ရှားသောနေ့တစ်နေ့ဖြစ်ကြောင်း ဒေါ်နယ်ထရန့်က ကျေးဇူးတင်စကားပြောကြား သည်။ အခြားသော ဆေယ်ဒီဘုရင်၏ ရွှေစင်ဆုရရှိသော ပြည်ပခေါင်းဆောင်များမှာ ဗလာဒီမာပူတင်၊ ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေနှင့် အိုဘားမားတို့ဖြစ်သည်ဆို၏။
ဒေါ်နယ်ထရန့်၏ ပထမဆုံးပြည်ပခရီးစဉ်တွင် ဆော်ဒီအာရေးဗီယားသို့ ၁၀-နှစ်အတွင်း ဒေါ်လာ ၃၅၀-ဘီလျှံ တန်ဘိုးရှိစစ်လက်နက်ပစ္စည်းများရောင်းချမည်ဖြစ်သည်။ အီရန်နိုင်ငံ၌ ဟတ်ဆန်ရိုဟနီ သမ္မတအဖြစ် ပြန် လည်ရွေးကောက်တင်မြှောက်ခံထားရသည်ဖြစ်ရာ လတ်တလောတွင် ဒေါ်လာ ၁၁၀-ဘီလျှံဘိုး ပူပူနွေးနွေး ရောင်းချရန်ရှိနေသည်။
ထိုအချက်သည် ဆော်ဒီနှင့်ေးသတွင်း ဆွန်နီ ( ၁၀ ) နိုင်ငံတို့၏ညွန့်ပေါင်းလေတပ်က ယီမင်ပြည်တွင်းစစ်တွင် ၀င်ရောက်တိုက်ခိုက်မှု့ကြောင်း ၁၀-မိနစ်တွင် ကလေးတစ်ဦးနှုန်းသေဆုံးနေရခြင်းအပေါ် ကန့်ကွက်နေသည့် လူ့အခွင့်အရေးအဖွဲ့အစည်းများအတွင် ယမ်းပုံမီးကျဖြစ်စရာရှိနေကြောင်း အေပီသတင်းဌာနက ရေးသားထား သည်။
((((( ဒေါ်နယ်ထရန့်၏ ပထမဆုံးပြည်ပခရီးစဉ်(၅) နိုင်ငံတွင် အရှေ့အလယ်ပိုင်းနှင့် ဥရောပနိုင်ငံများပါဝင် သည်။ ဆော်ဒီအာရေးဗီးယားပြီးလျှင် အစ္စရေးသို့သွားရောက်ကာ အစ္စရေးသိမ်းပိုက်ထားသော ပါလက်စတိုင်း နယ်မြေများသွားရောက်ကြည့်ရှု့ခြင်းအပါအ၀င် ဗာတီကန်တွင် ပုပ်ရဟန်းမင်းကြီးနှင့်လည်းတွေ့ဆုံရန်ရှိနေ သည်။
ဒေါ်နယ်ထရန့်၏ ရွေးကောက်ပွဲမဲဆွယ်ကာလတွင် အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကို တဲအဗစ်မြို့မှ ဂျေယုဆလင်သို့ရွှေ့ပြောင်းမည့်ကတိပါရှိနေသည်။ မြို့သက်တမ်း နှစ်ပေါင်းထောင်ချီနေသည့် ဂျေယုဆလင်သည် ဂျူး၊ ခရစ်ယာန်၊ အစ္စလာမ်ဘာသာဝင်တို့ အထွဋ်အမြတ်ထားရာမြို့တော်ဖြစ်သည်။
သို့သော် အစ္စရေး ဂျူးဒစ်ဝါဒီတို့က ဂျေယုဆလင်သည် ဂျူးတို့အတွက်သာဖြစ်သည်။ ခရစ်ယာန်များအတွက် ဗာတီကန်၊ မူဆလင်များအတွင် မက္ကာရှိနေပြီဟုဆိုခြင်းကို တစ်ကမ္ဘာလုံးရှိ ခရစ်ယာန်၊ အစ္စလာမ်တို့က ဒေါသတကြီး ကန့်ကွက်ခဲ့သည်။
အကယ်၍ အမေရိကန်သံရုံးကို တဲအဗစ်မှ ဂျေယုဆလင်သို့ပြောင်းရွှေ့ခဲ့လျှင် ဖြစ်ပေါ်လာနိုင်သည့် ပြဿနာလှိုင်းဂယက်မှာ အရှေ့အလယ်ပိုင်းသာမက တစ်ကမ္ဘာလုံးသို့ ရိုက်ခတ်ဖွယ်ရှိနေသည် ။
Htay Oung
Saturday, May 20, 2017
ဒေါ်နယ်ထရန့်၏ အရှေ့အလယ်ပိုင်းအရှုတ်အထွေးခရီးစဉ် ဆော်ဒီအာရေးဗီးယားသို့ စတင်ရောက်ရှိ။ ဒေါ်နယ် ထရန့်။ ဆော်ဒီသို့ ၁၁၀-ဘီလျှံဒေါ်လာတန်ဘိုးရှိစစ်လက်နက်ပစ္စည်းများရောင်းချပြီး ၁၀-နှစ်အတွင်း ၃၅၀- ဘီလျှံဘိုးရောင်းချမည်။ အမေရိကန်သံရုံးကို ဂျေယုဆလင်သို့ ပြောင်းရွှေ့ခဲ့လျှင် တကမ္ဘာလုံးသို့ ပြဿနာ လှိုင်းဂယက်ရိုက်ခတ်နိုင်။
ဒေါ်နယ်ထရန့်၏ အရှေ့အလယ်ပိုင်းအရှုတ်အထွေးခရီးစဉ် ဆော်ဒီအာရေးဗီးယားသို့ စတင်ရောက်ရှိ။ ဒေါ်နယ် ထရန့်။ ဆော်ဒီသို့ ၁၁၀-ဘီလျှံဒေါ်လာတန်ဘိုးရှိစစ်လက်နက်ပစ္စည်းများရောင်းချပြီး ၁၀-နှစ်အတွင်း ၃၅၀- ဘီလျှံဘိုးရောင်းချမည်။ အမေရိကန်သံရုံးကို ဂျေယုဆလင်သို့ ပြောင်းရွှေ့ခဲ့လျှင် တကမ္ဘာလုံးသို့ ပြဿနာ လှိုင်းဂယက်ရိုက်ခတ်နိုင်။
Reviewed by Ar Ti
on
7:29 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment