ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ပြင်ဆင်ရေး လာမည့်လွှတ်တော်တွင် ကြိုးပမ်းမည်ဟု ဒီချုပ်အမတ်ပြော
ဝေဖန်မှုများရှိနေသော ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ကို ပြင်ဆင်နိုင်ရန် ယခုကျင်းပမည့် ပဉ္စမမြောက်လွှတ် တော်အစည်းအဝေးတွင် မေးခွန်း မေးမြန်းခြင်း (သို့မဟုတ်) အဆို တင်သွင်းခြင်းတို့ ဆောင်ရွက် မည်ဟု စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၆) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲ ထွဋ်က ပြောသည်။
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)သည် ဝေဖန်မှုများနှင့် လူပြောများနေသည့် ဥပဒေပုဒ်မ တစ်ခုဖြစ်နေပြီး ဥပဒေကို အသုံး ချ၍ လိုအပ်သလို တရားစွဲဆိုနိုင် သော ပုဒ်မအဖြစ်တည်ရှိနေသော ကြောင့် ပြင်ဆင်ရန် ဆောင်ရွက် ရခြင်းဖြစ်ကြောင်း အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စား လှယ် ဦးရဲထွဋ်ကပြောသည်။
‘‘အခုလွှတ်တော်အစည်းအ ဝေးမှာ ပြင်ဆင်ဖို့အတွက်ကို ဆောင်ရွက်နေပါတယ်။ မဖြစ်မ နေ ပြင်ဆင်ရမယ့် ဥပဒေဖြစ်တာ ကြောင့် လွှတ်တော်အစည်းအ ဝေးမှာ အဆိုဖြစ်ဖြစ်၊ မေးခွန်းဖြစ် ဖြစ် တင်သွင်းနိုင်ဖို့ကို ဆောင်ရွက် သွားမှာပါ’’ဟု ၎င်းကပြောသည်။
အဆိုပါဆက်သွယ်ရေးဥပ ဒေပုဒ်မ ၆၆(ဃ)ကို ပြင်ဆင်နိုင် ရန် အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဦးရဲထွဋ်သည် စတုတ္ထအ ကြိမ်မြောက် လွှတ်တော်အစည်း အဝေးများတွင် ကြိုးပမ်းဆောင် ရွက်ခဲ့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီစိစစ်ရေး အဖွဲ့က ခွင့်မပြုခဲ့၍ မေးခွန်းမေး မြန်းနိုင်ခြင်းမရှိခဲ့ပေ။
‘‘မေးခွန်းတွေ၊ အဆိုတွေကို တင်သွင်းတဲ့အခါမှာ ပါတီစိစစ် ရေးကို အရင်တင်ပြရတယ်။ အ ရင်ကတော့ မရခဲ့ဘူးပေါ့။ အခု ချိန်မှာတော့ ဒီဥပဒေကို ပြင်ဆင် ဖို့ အချိန်ကျနေပြီဖြစ်တဲ့အတွက် ပါတီစိစစ်ရေးကလည်း ခွင့်ပြုမယ်လို့ထင်ပါတယ်’’ဟု ဦးရဲထွဋ်က ပြောသည်။
ယခင်အစိုးရလက်ထက် တွင် ၆၆ (ဃ)ဖြင့် တရားစွဲခံရမှု ခုနစ်မှုရှိခဲ့ရာမှ ပြစ်ဒဏ်ချမှတ်ခံရ မှု ငါးမှုရှိ၍ လက်ရှိအစိုးရလက် ထက်တွင် တရားရုံးတင်တရားစွဲ ဆိုခံရသည့် အမှု ၅၄ မှုရှိကာ ပြစ်ဒဏ်ချမှတ်ပြီး အမှုခြောက်မှု၊ လတ်တလောအာမခံမရရှိဘဲ အ ချုပ်ကျနေသော အမှုခြောက်မှုရှိ နေသဖြင့် ၂၀၁၇ ဧပြီ ၆ ရက်အထိ ကောက်ခံရရှိသော စာရင်းများအရ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် တရားရုံးတင် တရားစွဲဆိုမှု စုစုပေါင်း ၆၁ မှုရှိပြီဖြစ်ကြောင်း ဆက်သွယ်ရေး ဥပဒေဆိုင်ရာ သုတေသနအဖွဲ့က ထုတ်ပြန်သည်။ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)နှင့်ပတ်သက် ၍ အာမခံပေးသင့်ကြောင်း ရှေ့နေချုပ်ရုံးက အကြံပြုထားသည်။
‘‘၆၆(ဃ)ကို ပြင်မယ်ဆိုရင် တော့ အာမခံပေး၊ မပေးကိစ္စကို ပဲ ပြင်မယ်ဆိုရင်တော့ မဖြစ်သေး ပါဘူး။ ဒီဥပဒေမှာ လူ့အခွင့်အ ရေးချိုးဖောက်မှုတွေနဲ့ ပတ်သက် ပြီး ပြင်ဆင်စရာတွေရှိနေပါသေး တယ်။ လတ်တလောဖြစ်နေတာ ကို ထိန်းချုပ်ဖို့အတွက် အပေါ်ယံ သဘောမျိုးနဲ့ ပြင်တာမျိုးတော့ မဖြစ်စေချင်ဘူး’’ဟု ဆက်သွယ် ရေးဥပဒေဆိုင်ရာ သုတေသနအ ဖွဲ့မှ ကဗျာဆရာ မောင်ဆောင်းခ က ပြောသည်။
7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment