Latest News

Tuesday, May 2, 2017

ရေပူနှင့် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းများတွင် တရားမဝင် ကုန်စည်များ တားဆီးထိန်းချုပ်ရေး ဆောင်ရွက်လျက်ရှိ

ရေပူနှင့် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းများတွင် တရားမဝင် ကုန်စည်များ တားဆီးထိန်းချုပ်ရေး ဆောင်ရွက်လျက်ရှိ


နေပြည်တော် မေ ၂

တရားမဝင်ကုန်စည်များ တားဆီး ထိန်းချုပ်ရေးအတွက် ရေပူနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေး စခန်းတို့ကို ဌာနဆိုင်ရာ ပူးပေါင်း အဖွဲ့များဖြင့် မတ် ၁ ရက်တွင် စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး မေ ၁ ရက်တွင် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန်အစီး ၈၅ဝ၊ သွင်းကုန် ၅၃၂ စီး၊ ရန်ကုန်-မြဝတီ လမ်းမကြီးတစ်လျှောက် ကုန်သွယ်မှု ယာဉ် ပို့ကုန် ၄၅ စီး၊ သွင်းကုန် ၁၆၁ စီး ကုန်စည်များ သယ်ယူပို့ဆောင် လျက်ရှိသည်။

အဆိုပါ စစ်ဆေးရေးစခန်းများက တင်သွင်း/တင်ပို့သော ကုန်ပစ္စည်း များကို စစ်ဆေးမှုပြုလုပ်ဆောင် ရွက်လျက်ရှိရာ မေ ၁ ရက်တွင် ရေပူ အမြဲတမ်း စစ်ဆေးရေးစခန်းက တားဆီးမှု ၁၂ မှု ခန့်မှန်းတန်ဖိုးငွေကျပ် (၇၅ ဒသမ ၄ သန်းခန့်)နှင့် မရမ်း ချောင်အမြဲတမ်းစစ်ဆေးရေးစခန်းက တားဆီးမှု လေးမှု ခန့်မှန်းတန်ဖိုး ငွေကျပ် (၁၆ ဒသမ ၄၂၂ သန်းခန့်) စုစုပေါင်း ၁၆ မှု ခန့်မှန်းတန်ဖိုး ငွေကျပ် (၉၁ ဒသမ ၈၂၂ သန်းခန့်)သိမ်းဆည်းရမိကြောင်း သိရသည်။

အလားတူ ထူးခြားဖမ်းဆီးမှု အနေဖြင့် ဧပြီ ၃ဝ ရက်တွင် မန္တလေးမှ မူဆယ်သို့သွားရောက်မည့် Mitsubishi Canter ယာဉ်အား ၁၆ မိုင် ကျောက်ချောစစ်ဆေးရေးစခန်း တာဝန်ကျ အကောက်ခွန်စစ်ဆေးရေး အဖွဲ့မှစစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် အလှကုန်ပစ္စည်းများနှင့် ပိုးသတ် ဆေးဘူးများအောက် ကားကိုယ်ထည် အံဝှက်အတွင်း၌ သိုဝှက်သယ်ဆောင် လာသော တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ကျောက်စိမ်း ဟုယူဆရသော ကျောက်တုံးအရွယ် အစားမျိုးစုံ ၂၁၂ တုံး (1795 Kg)၊ အလှကုန်ပစ္စည်းများ၊ ပိုးသတ်ဆေး များနှင့် သယ်ဆောင်သည့်ယာဉ် တစ်စီး စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၄၇ ဒသမ ၁၉ဝ သန်းခန့်ကို တွေ့ရှိ၍ သိမ်းဆည်းခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment