ဆော်ဒီက အမေရိကန်ဆီက အမေရိကန်ဒေါ်လာ ဘီလီယံ ၁၁၀ ဖိုး လက်နက်တွေ ဝယ်မယ်
ဆော်ဒီအာရေးဗီးယားနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်သမ္မတ ထရမ့်နဲ့ ဆော်ဒီဘုရင် ဆယ်လမန်တို့ တွေ့ဆုံ စကားပြောအပြီးမှာ အမေရိကန်ဆီက စစ်လက်နက်တွေ အမေရိကန် ဒေါ်လာ ဘီလီယံ ၁၁၀ ဖိုး ဝယ်ယူဖို့ သမိုင်းဝင် သဘောတူခဲ့ကြပါတယ်။
ရေနံအပေါ် မှီခိုနေရမှုကို လျှော့ချဖို့ လိုအပ်နေတဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံနဲ့ တခြား ကုန်သွယ်ရေး စာချုပ်တွေလည်း ထပ်မံ ချုပ်ဆိုခဲ့တဲ့ အမေရိကန်သမ္မတ ထရမ့်ဟာ ဆော်ဒီမှာ မနက်ဖြန်ကျင်းပမယ့် မူဆလင် နိုင်ငံ လေးဆယ် တက်ရောက်မယ့် ထိပ်သီး အစည်းအဝေးမှာလည်း မိန့်ခွန်းပြောမှာ ဖြစ်ပါတယ်။
မစ္စတာ ထရမ့်ဟာ တက်ရောက်လာမယ့် နိုင်ငံတွေနဲ့လည်း နောက်ထပ် ဒေါ်လာ ဘီလီယံနဲ့ ချီပြီးတန်တဲ့ ကုန်သွယ်ရေး စာချုပ်တွေ ထပ်မံ ချုပ်ဆိုဖို့လည်း ရည်မှန်းထားတာ ဖြစ်ပါတယ်။
အစောပိုင်းမှာလည်း အမေရိကန် ကုမ္ပဏီ ဂျန်နရယ် အီလက်ထရစ်ကလည်း ဆော်ဒီနဲ့ ဒေါ်လာ ၁၅ ဘီလီယံတန် ချုပ်ဆိုလိုက်ကြောင်း ကြေညာထားပါတယ်။
Photo - AFP
BBC
Subscribe to:
Post Comments (Atom)
No comments:
Post a Comment