Latest News

Friday, May 26, 2017

ဖေ့စ်ဘုတ်ခ် သုံးရင်း အပိုဝင်ငွေရလမ်းတွေ ရှာဖွေနိုင်

ဖေ့စ်ဘုတ်ခ် သုံးရင်း အပိုဝင်ငွေရလမ်းတွေ ရှာဖွေနိုင်

ဖေ့စ်ဘုတ်ခ်ကို စနစ် တကျနဲ့နည်းစနစ်မှန်မှန်သုံးရင်း ဗဟုသုတရတဲ့အပြင် ဝင်ငွေပါရရှိနေတဲ့လူငယ်အချို့ရဲ့ပြောပြချက်အချို့ ဖြစ်ပါတယ်။
မဝေမာဟာ အသက် ၂၃ နှစ်အရွယ်မိုဘိုင်းလ်ဖုန်းဆိုင်တစ်ခုက ဝန်ထမ်းတစ်ဦးဖြစ်ပါတယ်။ မဝေမာဟာ  အလုပ်ချိန်အတွင်းဆိုင်မှာ ဖုန်းလုံးဝသုံးခွင့်မရှိပါဘူး။ အလုပ်ဆင်း ချိန်ညနေ ၆းဝ၀ နာရီပြီးမှ သူ့ရဲ့ကိုယ်ပိုင်အချိန်ဖြစ်ပါတယ်။

အထည်ရောင်းတယ်

အလုပ်ကနေပြန်ရောက်ရင် သူ့ရဲ့ လက်ကိုင်ဖုန်းထဲမှာ ဖွင့်ထားတဲ့ဖေ့စ် ဘုတ်ခ်အကောင့်လေးထဲဝင်ပြီး မက်ဆင် ဂျာမှာရောက်နေတဲ့အထည်စာရင်းတွေကို ကြည့်ပြီး တစ်ဖက်ကိုအကြောင်းပြန်ဖို့ ပင်မဆိုင်ကြီးမှာ တင်ထားတဲ့အကောင့်ကို သွားပြီး အထည်စာရင်းများကို မှာယူကာ သူ့မက်ဆင်ဂျာမှာ အမှာစာရင်းတက်နေတဲ့အကောင့်တွေဆီကို ပစ္စည်းရကြောင်း၊ ဈေးနှုန်းဘယ်လောက် အစရှိတာကို လုပ် ကိုင်ပြီး ငွေလွှဲပို့ပေးဖို့ ငွေရောက်တာနဲ့ ပစ္စည်းပြန်လည်တင်ပို့ဖို့  အချိန်တစ်ပတ်ချိန်းပြီး သူ့ရဲ့ပိတ်ရက် တစ်ရက်မှာ ပစ္စည်းပို့တဲ့အလုပ်ကိုလုပ်တာဖြစ်ပါတယ်။

မဝေမာဟာ ဖေ့စ်ဘုတ်ခ်ကိုနာရီပိုင်းပဲသုံးရပေမဲ့ အကျိုးရှိအောင် အသုံးချသလို အဝေးရောက်နေတဲ့သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေကိုလည်း သတိရကြောင်း၊ ဘယ်လိုဒီဇိုင်းပုံစံအထည်လေးတွေ ရောင်းတယ်၊ အချိန်တစ်ပတ်အတွင်း ရောက်အောင်ပို့ပေးမယ်လို့ လည်း ဖေ့စ်ဘုတ်ခ်သုံးရင်း လုပ်ငန်းလုပ်ကိုင် အသုံးချနေသူ ဖြစ်ပါတယ်။

“ညီမ အွန်လိုင်းကို အချိန်အကြာကြီး မသုံးဘူး၊ မဟုတ်ရင် စကားတွေက အမျှင်မပြတ်တော့လို့ ပိုက်ဆံကုန်တဲ့အပြင် အ ချိန်ပါကုန်၊ ကျန်းမာရေးပါထိခိုက်လို့ သူ့အချိန်နဲ့သူပဲ သုံးတာပါ”လို့ မဝေမာကသူ အွန်လိုင်းသုံးပုံကို ပြောပြပါတယ်။

မဝေမာဟာ မိုဘိုင်းလ်ဖုန်းအရောင်းဆိုင်မှာ လစာနှစ်သိန်းကျော်ရရှိပြီး အွန်လိုင်းကနေ အထည်ရောင်းတဲ့ဝင်ငွေမှာ သူ့ရဲ့လစာ တစ်ဝက်နီးပါးရတယ်လို့လည်း ပြောပါတယ်။

ဖန်စီပစ္စည်း ရောင်းတယ်

ခေတ်ရေစီးကြောင်းနဲ့အညီ ဖန်စီ ပစ္စည်းတွေကိုလည်း လူငယ်အများစု နှစ် သက်လာသလို ဝယ်ယူမှုတွေ မြင့်တက်ကာ ပြောင်းလဲဝတ်ဆင်လာကြတာကို တွေ့ရပါတယ်။
အသက် ၂၀ အရွယ် မမေသက်ဟာသူ ကိုယ်တိုင် ဖန်စီပစ္စည်းများကို စိတ်ဝင်စားတာကြောင့် May Thet ဆိုတဲ့အကောင့်နဲ့ပဲ ဖန်စီပစ္စည်းတွေ ရောင်းချနေပါတယ်။
‘ညီမကိုယ်တိုင်လဲ ဖန်စီကိုသဘော ကျလို့ ပစ္စည်းတွေကို အလုံးဈေးနဲ့မှာတယ်၊ ပြီးတော့ ကိုယ့်အကောင့်မှာပဲ ပြန်ရောင်းတယ်၊ ဒီပစ္စည်းလေးတွေက သေးသာသေးတာ အမြတ်များတယ်˘လို့လည်း မမေသက်က ပြောပါတယ်။
အွန်လိုင်းသုံးရင်း အပိုဝင်ငွေရှာတတ်တဲ့လူငယ်တွေဟာ သူတို့ရဲ့ဖေ့စ်ဘုတ်ခ် သုံးရင်း ဝင်ငွေရအောင်ရှာနေကြတာကိုလည်း တွေ့ရပါတယ်။

READ  စကီလေးကို တစ်ပတ်အတွင်း အပိုးကျိုးအောင်လုပ်မယ်
စိတ်ဓာတ်ခွန်အား

ကိုယ်လက်အင်္ဂါမပြည့်စုံပေမဲ့ အသက်ဝမ်းကျောင်းပညာရပ်တွေမှာပါ ထူး ချွန်ထက် မြက်သူတွေရဲ့ပုံရိပ်တွေနဲ့ သူတို့ ဘဝဖြတ်သန်းခဲ့ရတဲ့ခပ်ကြမ်းကြမ်း ဘဝပုံရိပ်တွေကိုကြည့်ရင်း စိတ်ဓာတ်ခွန်အားတိုးစေတဲ့ပို့စ်တွေကိုလည်း တွေ့ရပါတယ်။

“ကျွန်တော်ဆို ဆယ်တန်းမအောင် တော့ ကိုယ့်ကိုယ်ကို အရမ်းအားငယ်တယ်၊ ရွာမှာလဲ မနေချင် အလုပ်ထွက် လုပ်ပါမယ်ဆိုတော့လဲ အလုပ်ကြမ်းလဲ မလုပ်နိုင်၊ ဒါပေမဲ့ ကျွန်တော် ဖေ့စ်ဘုတ်ခ်ထဲမှာတွေ့လိုက်တယ်၊ ကိုယ်လက်အင်္ဂါမစုံတဲ့သူတွေတောင် အလုပ်လုပ်ပြီး အသက်မွေးဝမ်းကျောင်းပြုနိုင်သေးတာပဲ၊ ငါဘာလို့မလုပ်နိုင်ရမှာလဲလို့တွေးပြီး ဆံပင် ညှပ်သင်တန်းတက်ဖြစ်သွားတာဖြစ်ပါတယ်”လို့ ဖေ့စ်ဘုတ်ခ်မှ အတုယူပြီး သူ့ရဲ့ အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုကို လုပ်ဖြစ်ဖို့အတွက် ဆုံးဖြတ်ချက်ချပြီး လုပ်ဖြစ်ခဲ့ပုံကိုလည်း ပြောပြပါတယ်။

‘ဖေ့စ်ဘုတ်ခ်သုံးရတာကြိုက်တယ်၊ ကိုယ်နဲ့ကိုယ့်ပတ်ဝန်းကျင်ကလူတွေ ဘာလုပ်နေလဲ၊  ဘယ်မှာရှိနေကြလဲ၊ နောက်ဆုံးသူတို့တွေ ဘာကိုခံစားနေရတယ်မှအစ အကုန်သိရတယ်၊ ကိုယ့်ခံစားချက်ကိုလဲ ချပြလို့ရတဲ့အရာတစ်ခုလို့ မြင်ပါတယ်˘ လို့ အသက် ၂၂  နှစ်အရွယ်ရှိတဲ့ တက္ကသိုလ်ကျောင်းသူမဇာဇာပြည့်ဖြိုးက ပြောပါတယ်။

တချို့လူငယ်တွေက ဖေ့စ်ဘုတ်ခ်ကို အကျိုးရှိရှိ သုံးတတ်သလို၊ တချို့လူငယ်တွေကတော့ ဂိမ်းတွေနဲ့ပဲ သူတို့ ရဲ့အချိန်ကို ကုန်ဆုံးနေတာကိုလည်း တွေ့ရပါတယ်။

Author မိုးမိုး
Credit: Kumudra

No comments:

Post a Comment