တိုင်းအစိုးရ ပိုလျှံငွေ ကျပ်သိန်းလေးရာကျော်ဖြင့် အောင်လံမြို့နယ်တွင် လမ်းများ အဆင့်မြှင့်တင်
မကွေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေပိုလျှံ ငွေများထဲမှ အောင်လံမြို့နယ်အ တွက် ကျပ်သိန်း လေးရာကျော် ရရှိခဲ့၍ မြို့နယ်စည်ပင်သာယာ ရေးဌာနက ဦးဆောင်ကာ မြို့တွင်း လမ်းသုံးလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေ ကြောင်း သတင်းရရှိသည်။
အောင်လံမြို့နယ် မကျည် ကုန်းရပ်ကွက်တွင်းပတ်လမ်း မြေ နီကျောက်ချောခင်း လုပ်ငန်းအ တွက် ကျပ် ၅၂ သိန်း၊ တရော်ကုန်းရပ်ကွက်တိုးချဲ့ နှစ်လမ်း ကွန်က ရစ်လမ်းခင်းခြင်းလုပ်ငန်းအတွက် ကျပ် ၁၈၃ သိန်းနှင့် မြို့တွင်း ၁၂ လမ်းနှင့် ၁၆ လမ်းအကြား လမ်းမတော်လမ်းကို ကတ္တရာထပ်ပိုး လွှာခင်းခြင်း လုပ်ငန်းအတွက် ကျပ်သိန်း ၂၀၀ စုစုပေါင်းကျပ် ၄၃၅ သိန်းဖြင့် ဆောင်ရွက်နေ ကြောင်း အောင်လံမြို့နယ်စည် ပင်သာယာရေးအဖွဲ့ အင်ဂျင်နီ ယာ ဒေါ်ခင်မာမာဝင်းက ပြော ကြားသည်။
‘‘လမ်းစီမံကိန်းတွေက သင်္ကြန်မတိုင်မီကလည်း လုပ်နေ တာ၊ သင်္ကြန်ကာလမှာ ခေတ္တရပ် ထားတယ်။ အခု ပြန်စနေပြီး လုပ်ငန်းအားလုံးရဲ့ ၉၀ ရာခိုင် နှုန်းပြီးစီးနေပါပြီ။ မြို့တွင်းကတ္တ ရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းပဲ နည်းနည်းကျန်တာ’’ဟု အောင်လံ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မြို့နယ်အမှုဆောင်အရာရှိ ဦး မောင်မောင်အေးက ပြောသည်။
မကွေးတိုင်းရှိ မြို့နယ်များ တွင် စည်ပင်သာယာရေးအဖွဲ့များ ဆောင်ရွက်နေသော မြို့တွင်းဖွံ့ဖြိုးရေးလုပ်ငန်းအများစုသည် သက်ဆိုင်ရာမြို့နယ်အလိုက် စည်ပင်သာယာရေးအဖွဲ့က ကောက် ခံရရှိသော အခွင့်အရေးအရပ်ရပ် လုပ်ငန်းလိုင်စင်များနှင့် အခြား အခွန်အခများမှ ရရှိသော ၀င်ငွေ များဖြင့် လုပ်ကိုင်ဆောင်ရွက်နေ ခြင်း ဖြစ်သည်။
7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment