Latest News

Sunday, May 7, 2017

ကျပ်သိန်းပေါင်းခုနစ်သောင်းကျော် ဧရာဝတီအစိုးရအဖွဲ့ မသုံးခဲ့ ဘူးလို့  ငြင်းချက်ထုတ်


အစိုးရအဖွဲ့ ဟောင်းက ရန်ပုံငွေ ကျပ်သိန်းပေါင်းခုနစ်သောင်းကျော် သုံးစွဲခဲ့ ခြင်းမရှိဘူးလို့ ယခင်အစိုးရ
အဖွဲ့ ကဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးဝင်းကိုက မေလ(၈)ရက်နေ့ ကပြောသည်။

“လုံးဝ၊လုံးဝမရှိပါဘူး အစိုးရအဖွဲ့ ဆိုတာ ရန်ပုံငွေကိုလည်းအဲလို လုပ်ခွင့်မရှိပါဘူး။ အဲတုန်းက
လည်းဖောင်ဒေးရှင်းတစ်ခုရှိခဲ့ တယ်။ အခု အဲဖောင်ဒေးရှင်းဖျက်ပြီး ဒီဘက်ဖောင်ဒေးရှင်း တစ်ခုလုပ်လိုက်တယ်။ သူတို့ ဖောင်ဒေးရှင်းကလည်းသတင်းစာရှင်းလင်းပါလိမ့်မယ် “ဟုပြောသည်။

အစိုးရအဖွဲ့ ဟောင်းမှ ဒေသဖွံ့ ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်းပေါင်းငါးသောင်းမှ ခုနစ်သောင်းကျော်အထိပေး
သွင်းရန် ကျန်ရှိနေသည် ဟု လက်ရှိအစိုးရအဖွဲ့ ကမီဒီယာများကို ထုတ်ဖော်ပြောဆိုသည်။
ယခင်အစိုးရရဲ့ ဖွံ့ဖြိုးရေး ရန်ပုံငွေများကို လက်ရှိအစိုးရသို့ လွှဲပြောင်းပေးခဲ့ ခြင်းရှိ၊မရှိလည်း ဖျာပုံမဲဆန္ဒနယ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာမင်းသိန်းက ပထမအကြိမ်တိုင်းဒေသကြီး
လွှတ်တော် မေးမြန်းခဲ့ ဘူးသည်။
ယင်းကဲ့ သို့  မေးမြန်းမှုအပေါ် စာရင်းစစ်ချုပ်ရုံးက စုံစမ်းစစ်ဆေးမှုများပြုလုပ် ခဲ့ သည်ဟု မူလကသတင်း
ထုတ်ပြန်ခဲ့ သော်လည်း မကွေးဝန်ကြီးဟောင်း ရန်ပုံငွေကိစ္စစစ်ဆေးပေါ်ပေါက်ခဲ့ ပြီးနောက် ယခုအခါ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဟောင်း၏ ရန်ပုံငွေ သုံးစွဲမှု ပေါ်ပေါက်လာခဲ့ ခြင်းဖြစ်သည်။

သို့ သော်လည်း ဒီလိုသုံးစွဲခဲ့ မှုမရှိကြောင်းနှင့် လတ်တလောဖြစ်ပေါ်နေသည့်အခြေနေများသည်
သတင်းအမှားတွေသာဖြစ်သည်ဟုလည်း ဦးဝင်းကိုကဆိုသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်ပြီး ဖောင်ဒေးရှင်းက သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဆောင်ရွက်ရန် တစ်ရက်နှစ်ရက်အတွင်းစီစဉ်နေသည်ဟုဆိုသည်။

ဝန်ကြီးချုပ်ဦးသိန်းအောင်ဦးဆောင်ခဲ့ သော ယခင်အစိုးရအဖွဲ့ ဟောင်း၏ရန်ပုံငွေ သုံးစွဲမှုသတင်းများ
ထွက်ပေါ်လာမှုအပေါ်ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီနှင့်သက်ဆိုင်မှုမရှိပဲကိုယ်တိုင်ဖြေရှင်းရန်သာဖြစ်သည်ဟု ယင်းပါတီ၏ ထိပ်ပိုင်းခေါင်းဆောင် ဒေါက်တာနန္ဒာလှမြင့်က The Voice သို့ ပြောဆိုထားသည်။
မျိုးမင်းပိုင်


 

No comments:

Post a Comment