Latest News

Tuesday, May 9, 2017

စင်္ကာပူ ပူးမားစွမ်းအင်ကုမ္ပဏီ ဒေါ်လာ ၉၂ သန်း လာရောက်ရင်းနှီးမြှုပ်နှံ

စင်္ကာပူ ပူးမားစွမ်းအင်ကုမ္ပဏီ ဒေါ်လာ ၉၂ သန်း လာရောက်ရင်းနှီးမြှုပ်နှံ

စင်္ကာပူအခြေစိုက် လူသုံးကုန်ပစ္စည်းရောင်းးဝယ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ Trafigura က ကျောထောက်နောက်ခံပြုထားတဲ့ Puma Energy စွမ်းအင်ကုမ္ပဏီက မြန်မာနိုင်ငံမှာ လောင်စာဆီလုပ်ငန်း လုပ်ကိုင်ဖို့အတွက် အမေရိကန်ဒေါ်လာ ၉၂ သန်း ရင်းနှီးမြှုပ်နှံလိုက်ပါတယ်။

ပြည်တွင်းက Asia Sun ကုမ္ပဏီနဲ့ဖက်စပ်လုပ်ကိုင်မှာဖြစ်ပြီး၊ သီလ၀ါဆိပ်ကမ်းမှာ လုပ်ငန်းနေရာ ဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။ လေယာဉ်ဆီ၊ ဓါတ်ဆီကနေ လမ်းခင်းရာမှာ သုံးစွဲတဲ့ ရေနံကတ္တရာအထိ တင်သွင်းရောင်းချသွားမယ်လို့ သိရပါတယ်။ ဒါ့ပြင် ဓါတ်ဆီဆိုင်တွေလည်းဖွင့်လှစ်လိုတယ်လို့ ကုမ္ပဏီညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

အခုအခါ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်အရ နိုင်ငံခြားကုမ္ပဏီတွေအပေါ် အကန့်အသတ်တွေ ဖြေလျှော့လိုက်တဲ့အတွက် အရင်ကထက်ပိုပြီး လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်လာကြောင်းလည်း ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ် မတ်လက စတင်ခဲ့တဲ့ အစိုးရသစ်လက်ထက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၃၀ ရာနှုန်းကျဆင်းလာခဲ့ရာမှာ၊ စွမ်းအင်ကဏ္ဍမှာ အနိမ့်ဆုံးဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့လက ရခိုင်ပြည်နယ် ကျောက်ဖြူကနေ  တရုတ်ပြည် ကူမင်းအထိ သွယ်တန်းထားတဲ့ ရေနံပိုက်လိုင်းကို ဖွင့်လှစ်ခဲ့ပါတယ်။ RFA

No comments:

Post a Comment