Latest News

Friday, May 5, 2017

တရုတ်ပြည်တွင် ပြစ်ဒဏ်ကျခံခဲ့ရသည့် မြန်မာနိုင်ငံသား ၃၀နီးပါး နေရပ်ပြန်

တရုတ်ပြည်တွင် ပြစ်ဒဏ်ကျခံခဲ့ရသည့် မြန်မာနိုင်ငံသား ၃၀နီးပါး နေရပ်ပြန်



တရုတ်နိုင်ငံအတွင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒက်ကျခံခဲ့ရတဲ့ မြန်မာနိုင်ငံသား ၂၇ ဦးဟာ ကိုးကန့်ဒေသ လောက်ကိုင်မှတဆင့် လားရှိုးမြို့သို့ မနေ့က ပြန်ရောက်လာတယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

ပြန်ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသား ကျား ၂၅ ဦး၊ မ ၂ ဦး၊ ပေါင်း ၂၇ ဦးတို့အား နေရပ်ဒေသ ပဲခူးတိုင်း ရေတာရှည်မြို့နယ်၊ သာဂရမြို့ကို ပြန်နိုင်ရေးအတွက် ဒီကနေ့ မန္တလေးမြို့သို့ ပို့ဆောင်ခဲ့ပြီး ကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ - လူကယ်ပြန်

DVB

No comments:

Post a Comment