Latest News

Monday, May 8, 2017

လျှပ်စစ်မီးပြတ်တောက်မှုများနှင့်ပတ်သက်၍ မန္တလေး လျှပ်စစ်ဓာတ်အားပေးအဖွဲ့ သတင်းစာရှင်းလင်းပွဲပြုလုပ်

လျှပ်စစ်မီးပြတ်တောက်မှုများနှင့်ပတ်သက်၍ မန္တလေး လျှပ်စစ်ဓာတ်အားပေးအဖွဲ့ သတင်းစာရှင်းလင်းပွဲပြုလုပ်

ဧပြီနှောင်းပိုင်းမှ လက်ရှိအချိန်အထိ မန္တလေးမြို့ တွင် လျှပ်စစ်မီးပြတ်မှုများရှိခဲ့ သောကြောင့် မြို့ခံလူထုက ဝေဖန် နေမှုများအပေါ် မေလ ၇ ရက်တွင် မန္တလေးလျှပ်စစ်ဓာတ်အားပေး ရေး ကော်ပိုရေးရှင်းက သတင်း စာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

ယခုနှစ်နွေရာသီတွင် မန္တ လေးတိုင်းအတွက် လျှပ်စစ်ဓာတ် အား အလုံအလောက်ရှိပြီး အ ကြောင်းအချို့ကြောင့် ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်နိုင် ကြောင်း မန္တလေးလျှပ်စစ်ဓာတ် အားပေးရေး ကော်ပိုရေးရှင်း အမှုဆောင်အရာရှိချုပ် ဦးသိန်း လွင်က ပြောသည်။

၂၀၁၇တွင် ရေအားလျှပ်စစ် စက်ရုံများနှင့် သဘာဝဓာတ်ငွေ့ သုံး လျှပ်စစ်စက်ရုံများမှ လျှပ်စစ် ဓာတ်အား ၂၉၉၃ မဂ္ဂါဝပ် ထုတ် လုပ်နိုင်ကြောင်း၊ ပြီးခဲ့သည့်နှစ် နွေရာသီတွင် အမြင့်ဆုံးသုံးစွဲခဲ့ သည့် ဓာတ်အားပမာဏ၂,၇၃၆ မဂ္ဂါဝပ်ရှိကြောင်း၊ ယခုနှစ်အမြင့် ဆုံးသုံးစွဲမည့် ပမာဏကို ၃,၁၀၀ မဂ္ဂါဝပ်အထိ ခန့်မှန်းထားပြီး လက်ရှိတွင် မဂ္ဂါဝပ် ၃,၀၀၀ သုံးစွဲနေကြောင်း ယင်းသတင်း စာရှင်းလင်းပွဲ၌ ဦးသိန်းလွင်က ပြောကြားခဲ့သည်။

‘‘ရေအားလျှပ်စစ်စက်ရုံတွေ ကို တိုးမောင်းထားပါတယ်။ ခါ တိုင်းတော့ ရေအားလျှပ်စစ်စက်ရုံ တွေကို ရေအခြေအနေအရ ထိန်း မောင်းရတာတွေရှိပါတယ်။ ဒီနှစ် မှာတော့ ရေကလည်း အလုံ အလောက်ရှိပါတယ်။ ဒီနှစ် အတွက် ဓာတ်အားခွဲစက်ရုံတွေ လည်း နိုင်နင်းမှုရှိပါတယ်’’ဟု ၎င်းကဆိုသည်။

လေပြင်းတိုက်ခတ်ချိန်နှင့် မိုးရွာသွန်းချိန်များတွင် သစ်ကိုင်း များကြောင့် လျှပ်စစ်မီးပြတ် တောက်နိုင်ကြောင်း၊ အချို့နေရာ များတွင် ညဥ့်နက်ပိုင်းနှင့် မနက် အစောပိုင်းတို့၌ လျှပ်စစ်ဓာတ် အား စုပြုံသုံးစွဲမှုကြောင့် Over Load ဖြစ်ကာ လျှပ်စစ်မီး ပြတ်တောက်နိုင်ကြောင်း၊ ပိုမို ကောင်းမွန်သည့်စက်များ အစား ထိုးတပ်ဆင်ချိန်တွင် လျှပ်စစ်မီး ပြတ်တောက်နိုင်ကြောင်း စသည့် လျှပ်စစ်မီး ခေတ္တပြတ်တောက်နိုင် သည့် အကြောင်းအရာအချို့ကို မန္တလေး လျှပ်စစ်ဓာတ်အားပေး ရေး ကော်ပိုရေးရှင်း အင်ဂျင်နီ ယာနှင့် စီမံကိန်းဌာန အထွေထွေ မန်နေဂျာ ဦးစိုးမိုးထွန်းက ပြော ကြားသည်။

‘‘လျှပ်စစ်မီး ပြတ်တောက်မှု လုံးဝမရှိအောင် ဆောင်ရွက်နေ သော်လည်း အကြောင်းကြောင်း ကြောင့် ပြတ်တောက်မှုတွေ ရှိနေ ပါတယ်။ အဆင်မပြေမှုတွေကို မန္တလေးလျှပ်စစ် ကော်ပိုရေးရှင်း ကိုယ်စား အနူးအညွတ်တောင်း ပန်ပါတယ်။ အကြောင်းကြောင်း ကြောင့် ပြတ်တောက်တာတွေကို အမြန်ဆုံးပြုပြင်နိုင်ဖို့ အသင့်စီစဉ်ထားပါတယ်’’ဟု ဦးစိုးမင်းထွန်း က ပြောသည်။ မန္တလေးတိုင်းရှိလျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် စက်ရုံများမှ တစ်နှစ်လျှင်မဂ္ဂါဝပ် ၁,၀၀၀ ကျော်ထုတ်လုပ်နေပြီး ယင်းအခြေအနေသည် တစ်တိုင်းလုံး၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ပမာဏ၏ တစ်ဝက်ခန့်သာရှိကြောင်း သတင်းရရှိသည်။

7Day News

No comments:

Post a Comment