ကမ္ဘာ့ ကြက်ခြေနီ အခမ်းအနား နိုင်ငံတော် သမ္မတ ပထမဆုံး အကြိမ် တက်ရောက်မည်
နေပြည်တော်၊ မေ ၇
ကမ္ဘာ့ ကြက်ခြေနီနေ့ အခမ်းအနားကို နိုင်ငံတော် သမ္မတ ဦးထင်ကျော် ပထမဆုံးအကြိမ် တက်ရောက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်လှ က ပြောကြားသည်။
ကမ္ဘာ့ ကြက်ခြေနီနေ့ အခမ်းအနားကို နိုင်ငံတော် အဆင့် ကျင်းပရန် ဆုံးဖြတ် ခဲ့သောကြောင့် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း၏ နာယက ဖြစ်သော နိုင်ငံတော် သမ္မတကို နေပြည်တော် MICC (2)တွင် ပြုလုပ်မည့် အခမ်းအနားသို့ တက်ရောက် ချီးမြှင့်ရန် ဖိတ်ကြားထားသည် ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။
“ကမ္ဘာ့ကြက်ခြေနီ အတွက် ချမှတ်ထားတဲ့ ဆောင်ပုဒ် ရှိပါတယ်။ ဒါကတော့ “လူတိုင်အတွက် အမြဲကူညီ နေရာတိုင်းမှာ ကြက်ခြေနီ” ဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ ကျင်းပသွားမည်” ဟု ဦးခင်မောင်လှ က ဆိုသည်။
ကြက်ခြေနီ ဖခင်ဟု အသိအမှတ် ပြုထားသည့် ဆွစ်ဇလန် နိုင်ငံသား ဟန်နီရီဒူးနန့် ၏ မွေးနေ့ ဖြစ်သော မေလ ၈ ရက်နေ့ကို ကြက်ခြေနီနေ့ အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
The Voice
Subscribe to:
Post Comments (Atom)
No comments:
Post a Comment