သူရဦးတင်ဦးရဲ့ ကျန်းမာရေး အခြေအနေ တိုးတက်မှုရှိလာ
ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ကုသဌာနမှာ ဆေးကုသမှုခံယူနေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက သူရဦးတင်ဦးရဲ့ လက်ရှိ ကျန်းမာရေးအခြေအနေပာာ တိုးတက်လာမှုရှိတယ်လို့ ဒီကနေ့ လာရောက်ကြည့်ရှုတဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။
သူရဦးတင်ဦးရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး သတင်းအပြည့်အစုံကို ညနေ ၄ နာရီခွဲ အချိန်လောက်မှာ ထုတ်ပြန်ပေးခဲ့တာဖြစ်ပါတယ်။
မေလ ၁၇ ရက်နေ့ မနေ့ညက သူရဲ့နေအိမ် ရေချိုးခန်းမှာချော်လဲပြီး ထိခိုက်ဒဏ်ရာရကာ သတိမေ့မြောသွားခဲ့ပြီး ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်မှာ ဆေးကုသမှု ခံယူနေရတာဖြစ်ပါတယ်။
သူရဦးတင်ဦး ကျန်းမာလာစေဖို့အတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေဟာ မနေ့ကညနေပိုင်းက ရွှေတိဂုံစေတီမှာ ဆုတောင်းပွဲကျင်းပခဲ့သလို ပုသိမ်၊ မုံရွာ၊ မန္တလေးမြို့တွေမှာလည်း ပြုလုပ်ခဲ့ကြပါတယ်။
Photo: Kyaw Zaw Win/RFA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment