Tuesday, May 16, 2017
ဘုန်းကြီးပျံပွဲ ရုပ်ကလာပ်တင်စံကျောင်းလှည်း ကြိတ်မိ၍ လူငယ်တစ်ဦး သေဆုံး
ဝေါ မေ (၁၅)
ပဲခူးတိုင်းဒေသကြီး ဝေါမြို့ နယ် ကြာလဟာကျေးရွာနေ လရတနာဘုန်းတော်ကြီးကျောင်းထိုင်ဆရာတော် သက်တော်(၆၁)နှစ် ဝါတော်(၄၁)ဝါရှိ ဘဒ္ဒန္တဉာဏိန္ဒ၏ ဈာပနအခမ်းအနား၌ ယင်းဆရာတော်၏ ရုပ်ကလာပ်တင်ဆောင်ထားသည့် စံကျောင်းတော်လှည်းကြိတ်မိ၍ လူငယ်တစ်ဦးသေဆုံးကြောင်း ဝေါမြို့ ခံတစ်ဦးထံက သတင်းရရှိသည်။
ဖြစ်စဉ်မှာ မေလ (၁၃)ရက် နေ့ညနေ(၃)နာရီကျော်အချိန်ခန့် က ဝေါမြို့ သစ်စက်ရပ်ကွက်တွင်နေ ထိုင်သူအသက် (၁၆) နှစ်အရွယ်ခန့်ရှိ မောင်ဥက္ကာကျော်ဆိုသူမှာ ဘုန်းကြီးပျံဈာပန အခမ်းအနားတွင် လှည်းယာဉ်ဖြင့် ပြုလုပ်ထားသော ရုပ်ကလာပ်တင်စံကျောင်းတော်အား ကျေးရွာသူ/သားများနှင့်အတူ လောင်တိုက်သို့  ကုသိုလ်ယူ တွန်းပို့ ဆွဲယူပို့ ဆောင်နေစဉ် ရုတ်တရက် ခြေချော်လဲကာ ရုပ်ကလာပ်တင်ဆောင်ထားသည့် စံကျောင်းတော်လှည်းဘီးအောက်သို့ ရောက်ရှိသွားပြီး ကြိတ်မိခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် မောင်ဥက္ကာကျော်၏ ဝမ်းဗိုက်တွင် ညိုမဲဒဏ်ရာများ ရရှိခဲ့ကြောင်း ဝေါမြို့ မရဲစခန်း၏ ရဲမှတ်တမ်းများအရ သိရသည်။
သေဆုံးသူလူငယ်မှာ အထူးကုဆေးရုံတစ်ခုတွင်လည်း ပြင်ပလူနာအဖြစ် ဆေးကုသမှုခံယူနေရသူဖြစ်ကြောင်း သူ့ဖခင်၏ ပြောပြချက်များအရ သိရှိရပြီး ယင်းသေဆုံးမှုနှင့် ပတ်သက်၍ ဝေါမြို့ မရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် (၉/၂၀၁၇)ဖြင့် အမှုဖွင့်လှစ်၍ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် သိရှိနိုင်ရန် စုံစမ်းစစ်ဆေးနေကြောင်း ဆက်လက်သိရှိရသည်။
ဓါတ်ပုံ - Oo Oo
Waw Media Page
ဘုန်းကြီးပျံပွဲ ရုပ်ကလာပ်တင်စံကျောင်းလှည်း ကြိတ်မိ၍ လူငယ်တစ်ဦး သေဆုံး
Reviewed by timeayeyar
on
2:59 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment