မြန်မာ-တရုတ်ရေနံပိုက်လိုင်းမှ ရေနံစိမ်းများ ရှမ်းပြည်နယ်တိုင်းတာရေးစခန်းသို့ ရောက်ရှိ
မြန်မာ-တရုတ်ရေနံ ပိုက်လိုင်းမှ ရေနံစိမ်းများ ရှမ်းပြည်နယ် နမ့်ခမ်းတိုင်းတာရေးစခန်း သို့ စတင်ရောက်ရှိနေပြီဖြစ် ကြောင်း အရှေ့တောင်အာရှရေနံ စိမ်းပိုက်လိုင်းကုမ္ပဏီ ပြန်ကြား ရေးတာဝန်ခံ ကိုမိုးတိမ်က ပြော ကြားသည်။
‘‘မူဆယ်မြို့နယ် နမ့်ခမ်း တိုင်းတာရေးစခန်းကို ရေနံစိမ်း တွေ ရောက်နေပါပြီ။ မူဆယ်နဲ့ ကူမင်းက ဝေးတော့ တရုတ်ကို ဘယ်အချိန် ရေနံစိမ်းတွေ ရောက်မယ်ဆိုတာ ပြောရခက်ပါတယ်’’ ဟု ၎င်းက ပြောသည်။
မြန်မာအစိုးရနှင့် တရုတ်နိုင် ငံအကြား ပြီးခဲ့သည့် ဧပြီ ၁၀ ရက် တွင် မြန်မာ-တရုတ်ရေနံပိုက် လိုင်းပို့ဆောင်ရေးသဘောတူစာ ချုပ်ချုပ်ဆိုပြီးနောက် ကျောက်ဖြူ မြို့နယ် မဒေးကျွန်းမှ ရေနံစိမ်းပို့ လွှတ်မှုကို မေလ ၂ ရက်တွင် စတင်ခဲ့သည်။
မဒေးကျွန်းမှ ရေနံစိမ်းပို့ လွှတ်ပြီး ၁၇ ရက်အကြာတွင် တရုတ်-မြန်မာနယ်စပ်နှင့် နီးသော ရှမ်းပြည်နယ်မူဆယ်မြို့သို့ ရေနံစိမ်းများ ရောက်ရှိနေပြီဖြစ်သည်။ သို့သော် ပိုက်လိုင်းရှိ ရေနံစိမ်းများ တရုတ်နိုင်ငံသို့ မည်သည့်အချိန်တွင် ရောက်ရှိနိုင်မည်ကို ကုမ္ပဏီက သိရှိခြင်းမရှိကြောင်း ပြောကြားခဲ့သည်။
မြန်မာ-တရုတ်ရေနံစိမ်း ပိုက်လိုင်းမှ တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် ၂၂ သန်းပို့လွှတ်ရန် ကုမ္ပဏီက စီစဉ်ထားပြီး ပိုက် လိုင်းဖြတ်သန်းခအဖြစ် မြန်မာနိုင် ငံက တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၁၃ သန်းကျော်နှင့် ရေနံ စိမ်းတန်ချိန် နှစ်သန်းခန့်ထုတ်ယူ သုံးစွဲခွင့်ရရှိမည်ဖြစ်သည်။
ကျောက်ဖြူမှ ကူမင်းသို့ သွယ်တန်းထားသည့် ရွှေရေနံစိမ်းပိုက်လိုင်းမှ ရေနံစိမ်းပို့လွှတ်ရေး မတ်လ ၂၈ ရက်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် အရှေ့တောင်အာရှ ရေနံစိမ်းပိုက်လိုင်းကုမ္ပဏီတို့သည် နေပြည်တော်၌ အလုပ်သဘော တွေ့ဆုံဆွေးနွေးခဲ့သည်။
ရွှေရေနံစိမ်းပိုက်လိုင်းတည် ဆောက်မှုသည် ၂၀၁၅ တွင် ပြီးစီးခဲ့ပြီး ၂၀၁၆ အောက်တိုဘာ ၁၀ ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိ စုစုပေါင်း ရက်ပေါင်း ၅၀ အကြာ ရေဖြင့် စမ်းသပ်ပို့လွှတ်ခဲ့သည်။
အရှေ့အလယ်ပိုင်းမှ ရေနံ စိမ်းများတင်ချရန် ကျောက်ဖြူရေ နက်ဆိပ်ကမ်းငယ်သည် ၂၀၁၅ ကတည်းက ပြီးစီးခဲ့သဖြင့် ရေနံစိမ်းများတင်ပို့ရန် အသင့်ရှိနေသည်ဟု ကိုမိုးတိမ်က ပြောသည်။
ပိုက်လိုင်းစီမံကိန်း၏ လုပ် ငန်းလည်ပတ်မှုသည် နှစ် ၃၀ ကြာမြင့်မည်ဖြစ်ပြီး ပိုက်လိုင်းစီမံကိန်း တစ်ခုချင်းစီမှ နှစ်စဉ်ခန့်မှန်းခြေ ကန်ဒေါ်လာသန်း ၉၀၀ ရရှိမည်ဖြစ်ကာ ရေနံစိမ်းမှ တန်ဖိုးဖြည့်စွက်အခွန်ငွေ ၁၆ ရာခိုင်နှုန်း ရရှိမည်ဖြစ်သည်။
မြန်မာအစိုးရက ၂၀၁၁ အောက်တိုဘာ ၃၀ ရက်တွင် ရွှေ ဂက်စ်ပိုက်လိုင်းဖြတ်သန်းခနှင့် ဓာတ်ငွေ့ရောင်းချမှုမှ တစ်နှစ် လျှင် ကန်ဒေါ်လာသန်းတစ်ထောင် အနည်းဆုံးရရှိမည်ဟု ထုတ်ပြန်ခဲ့သည်။
ပိုက်လိုင်းဖြတ်သန်းခ တစ် နှစ်လျှင် ကန်ဒေါ်လာ ၁၃ သန်းရရှိမည်ဖြစ်ပြီး ရွှေဂက်စ်ပိုက်လိုင်းနှင့် ရေနံပိုက်လိုင်းမှရရှိသော အကျိုးအမြတ်များသည် အခွန်အကောက်များမှရရှိခြင်း၊ ရှယ်ယာအကျိုးအမြတ်ရရှိခြင်း၊ မြေယာငှားရမ်းခရရှိခြင်း၊ နယ်နိမိတ်ဖြတ်သန်းခများရရှိခြင်း၊ လေ့ကျင့်ရေးရန်ပုံငွေများနှင့် လူမှုစီးပွားဖွံ့ဖြိုးရေးလုပ်ငန်းအတွက် ကူညီပံ့ပိုးငွေများ ရရှိမည်ဖြစ်သည်။
7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment