ကျိုက်ထီးရိုးဘုရားတွင် ကေဘယ်ကား တပ်ဆင်ခြင်း ပြီးစီးပါက စမ်းသပ်ကာလ သုံးလပြေးဆွဲမည်
မွန်ပြည်နယ်ရှိကျိုက်ထီးရိုး စေတီတော်တွင် ကေဘယ်ကား (ကောင်းကင်ကြိုးရထား) တည် ဆောက်တပ်ဆင်ခြင်း စီမံကိန်းပြီး စီးပါက စမ်းသပ်ကာလ သုံးလ ပြေးဆွဲမည်ဖြစ်ကြောင်း ထိုစီမံ ကိန်းပြုလုပ်သည့် Sky Asia ကုမ္ပဏီမှသတင်းရရှိသည်။
မြန်မာနိုင်ငံတွင် ပထမဆုံး ကေဘယ်ကားပြေးဆွဲခြင်းကို ကျိုက်ထီးရိုးစေတီတော်၌ Sky Asia ကုမ္ပဏီက စတင်အကောင်အထည်ဖော်လျက်ရှိပြီး ကျိုက်ထီးရိုး ဘေးမဲ့တောနယ်မြေရှိ ၁၃ ဒသမ၅ ဧကကို နှစ် ၇၀ စာချုပ်ဖြင့် ပတ် ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ် တောရေးရာဝန် ကြီးဌာနက ငှား ရမ်းထားခြင်းဖြစ်သည်။
‘‘အခုလက်ရှိအချိန်ထိ ဒီစီမံ ကိန်းအားလုံး ၇၅ ရာခိုင်နှုန်းပြီးစီး နေပြီ။ ဇူလိုင်လမှာ ၁၀၀ ရာခိုင် နှုန်းလောက်တည်ဆောက်ပြီးစီးဖို့ လျာထားတယ်။ သုံးလခန့် စမ်း သပ်ပြေးဆွဲမောင်းနှင်မယ်။ စမ်း သပ်တဲ့ကာလမှာ လူမတင်ဘူး။ ပစ္စည်းတွေပဲ တင်ပြီးစမ်းသပ် မယ်’’ ဟု Sky Asia ကုမ္ပဏီ စီမံ ကိန်းဒါရိုက်တာ ကိုရီးယားနိုင်ငံ သား Mr.Han Jung Seuk က ပြောသည်။
ကေဘယ်ကားတစ်စီးလျှင် လူရှစ်ဦး တင်ဆောင်မည်ဖြစ်ပြီး ရသေ့တောင်မှ စေတီတော်အထိ ပြေးဆွဲမည်ဖြစ်သည်။ ကေဘယ်ကားစီးပါက စေတီတော်ပေါ်သို့ရောက်ရှိရန်၁၀ မိနစ်ခန့် ကြာချိန်ရှိပြီး အန္တရာယ်မရှိစေရန်နှစ်ပတ်တစ်ကြိမ်စစ်ဆေးမည်ဖြစ်ကြောင်းSky Asia တာဝန်ရှိသူတစ်ဦးကဆိုသည်။ ‘‘ကေဘယ်ကား တည် ဆောက်တဲ့ စီမံကိန်းကိုတစ်လ တစ်ခါပြီးစီးကြောင်း ပြည်နယ်အ စိုးရ အဖွဲ့ရုံးမှာတင်ပြတယ်။ ဒီစီမံ ကိန်းမှာ အမှိုက်မီးရှို့သန့်စင်စက်ရုံထားရှိမယ်။ အမှိုက်တန် ၄၀ မီး ရှို့နိုင်တယ်။ ကေဘယ်ကားသွား တဲ့လမ်းတစ်လျှောက် အမှိုက်တွေ သန့်စင်ဖို့ ထားရှိတာပါ’’ ဟု မွန် ပြည်နယ်သဘာဝပတ်ဝန်းကျင် ဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း ကပြောသည်။
ကေဘယ်ကား ၄၃ စီးနှင့် အရန် တစ်စီးပြေးဆွဲမည် ဖြစ်သည်။ထိုစီမံကိန်းကို အမေရိကန်ဒေါ်လာသန်း ၂၀ ထိအကုန်ကျခံဆောင်ရွက်မည်ဖြစ်ပြီး ကေဘယ်ကားနှင့်ဆက်စပ်ပစ္စည်းများကို ပြင်သစ်နိုင်ငံမှမှာယူတင်သွင်း ခဲ့သည်။
‘‘ငလျင်လှုပ်ရင်လည်း ငလျင်ဒဏ် ၇ ရစ်ခ်ျတာစကေးအထိ ခံနိုင်ရည်ရှိတယ်။ တစ်စက္ကန့်ကို ၁၆ မီတာ လေတိုက်နှုန်းကို ခံနိုင်တယ်။ ဒီလုပ်ငန်းက အတွေ့အကြုံ ရှိတဲ့အတွက်ချို့ယွင်းချက် တစ်ခုမှ မရှိဘူး’’ ဟု Mr.Han Jung Seuk ကပြောသည်။
7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment