Latest News

Friday, May 12, 2017

လိုင်စင် လာဖြေတဲ့သူ တစ်ရာမှာ ၆၀ ကျော် ကျရှုံးနေ

လိုင်စင် လာဖြေတဲ့သူ တစ်ရာမှာ ၆၀ ကျော် ကျရှုံးနေ

ရန်ကုန်တိုင်းထဲမှာ ယာဉ်မောင်း လိုင်စင် ထုတ်ပေးနေတာကို စိစစ်နေလို့ ယာဉ်မောင်းလိုင်စင်ဖြေဆိုသူ နေ့စဉ် ၆၀ ရာခိုင်နှုန်းအထက် ကျရှုံးနေတယ်လို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (က.ည.န) ကနေ သိရပါတယ်။
လက်ရှိအချိန်မှာ တစ်ရက်ကို ယာဉ်မောင်းလိုင်စင်ဖြေဆိုသူအရေအတွက် ၂၀ဝ ဦးကနေ ၄၀ဝ ဦးအကြားမှာရှိနေပြီး ဖြေဆိုသူတွေကို ကွန်ပျူတာစနစ်အသုံးပြုပြီး စစ်ဆေးနေတာကြောင့် အောင်/ရှုံး စာရင်းကို ချက်ချင်းထုတ်ပြန်ပေးနိုင်ပြီး ဖြေဆိုသူတွေအနေနဲ့ အားနည်းချက်တွေရှိနေလို့ ရှုံးနိမ့်တဲ့ အရေအတွက်များနေတာဖြစ်တယ်” လို့ က.ည.န အကြီးတန်း အရာရှိတစ်ဦးက ပြောပါတယ်။

“ကွန်ပျူတာစနစ်သုံးတဲ့အတွက် အဖြေကိုလည်း ကွန်ပျူတာကပဲ စစ်တာ။ ဖြေတဲ့သူရဲ့ အပေါ်မှာပဲ မူတည်တယ်။ ကွန်ပျူတာနဲ့ဖြေတော့ ပိုပြီးတိကျတဲ့အတွက် ယာဉ်မောင်း ဖြေဆိုသူတွေ အကျများလာတာ”လို့ အဆိုပါအရာရှိက ပြောပါတယ်။
ယာဉ်မောင်းလိုင်စင်ဖြေဆိုသူတွေထဲက ကျရှုံးသူအရေအတွက် မြင့်တက်လာတာကြောင့် ဖြေဆိုတဲ့ အရေအတွက်လည်း မြင့်တက်လာတယ်လို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှာ ယာဉ်မောင်းလိုင်စင်ဖြေဆိုနေသူတွေဆီကနေ သိရပါတယ်။
ရန်ကုန်တိုင်းထဲမှာ တရားဝင်မှတ်ပုံတင်ပြုလုပ်ထားတဲ့ မော်တော်ယာဉ်အစီးရေ ရှစ်သိန်းနီးပါးခန့်ရှိနေပြီး ယာဉ်မောင်းလိုင်စင်ရှစ်သိန်းနီးပါး ထုတ်ပေးထားပြီးဖြစ်တယ်လို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန မှတ်တမ်းတွေအရ သိရပါတယ်။
Source : The Voice
Photos : 7DayDaily,Wai Linn
Credit: Duwun

No comments:

Post a Comment