Latest News

Tuesday, May 9, 2017

သမ္မတရွေးကောက်ပွဲအပြီး ပြင်သစ်နိုင်ငံ မငြိမ်သက်မှု့များ ရက်ဆက်ဖြစ်ပေါ်လာ။ ဆူပူသူများက ရဲတပ်ဖွဲ့အား အကြောင်းရှာဆန့်ကျင်။ နေအိမ်ပြတင်းမှန်များရိုက်ခွဲခြင်း ရဲတပ်ဖွဲ့ဝင်များအား လက်ဖြစ်မီးလောင်ဗုံးဖြင့် ပစ်ပေါက်အကြမ်းဖက်။ ပါရီမြို့ လုံခြုံရေး တိုးမြှင့်နေရဆဲ

သမ္မတရွေးကောက်ပွဲအပြီး ပြင်သစ်နိုင်ငံ မငြိမ်သက်မှု့များ ရက်ဆက်ဖြစ်ပေါ်လာ။ ဆူပူသူများက ရဲတပ်ဖွဲ့အား အကြောင်းရှာဆန့်ကျင်။ နေအိမ်ပြတင်းမှန်များရိုက်ခွဲခြင်း ရဲတပ်ဖွဲ့ဝင်များအား လက်ဖြစ်မီးလောင်ဗုံးဖြင့် ပစ်ပေါက်အကြမ်းဖက်။ ပါရီမြို့ လုံခြုံရေး တိုးမြှင့်နေရဆဲ


( မေ-၁၀၊ ၂၀၁၇ ) ပြင်သစ်နိုင်ငံ၏ ၂၀၁၇ ခုနှစ်သမ္မတရွေးကောက်ပွဲ အောင်မြင်စွာပြီးဆုံးသွားပြီဖြစ်သော်လည်း ပါရီမြို့ဆင်ခြေဖုံးတွင် အကြောင်းအမျိုးမျိုးဖြင့် ဆူပူဆန္ဒပြမှု့များ ဖြစ်ပွားရာ တတိယနေ့ထိ ဆက်တိုက်ဖြစ်ပေါ်နေကြောင်း ရုရှားတူဒေးမီဒီယာက ယနေ့ သတင်းပေးရေးသားသည်။

ပါရီမြို့တောင်ပိုင်းတွင် အသက် ၁၇-နှစ်အရွယ် ဆိုင်ကယ်စီး ပြင်သစ်လူငယ်တစ်ဦး ယာဉ်တိုက်ခံရ၍ သေဆုံးခြင်းမှာ ယမန်နေ့အဓိကရုန်း၏ အကြောင်းပြချက်တစ်ခုဖြစ်လာခဲ့ သည်ဆို၏။ အရှိန်ပြင်းစွာမောင်းလာသော မော်တော်ဆိုင်ကယ်အား ကားတစ်စီးက ဝင်တိုက်မိရာတွင် ဆိုင်ကယ်စီးလူငယ်သေဆုံးခဲ့ရသည်။ မတော်တစ်ဆမှု့တွင် ဆိုင်ကယ်စီး ဦးထုတ်မပါခြင်း၊ အရှိန်ပြင်းစွာမောင်နှင်ခြင်းအပါအဝင် သေဆုံးသူ၏အမှားများဖြစ်သော်လည်း အနီးအနားရှိလူငယ်များက သောကြာနေ့ရွေးကောက်ပွဲဆန့်ကျင်ဆန္ဒပြသူများအား ရဲတပ်ဖွဲ့က ဖြိုခွင်းစဉ် လူငယ်တစ်ဦးသေဆုံးခဲ့ရခြင်းကိုပါ ရောနှောအကြောင်းပြလျှက် ရဲတပ်ဖွဲ့ဝင်များအား ဆဲဆိုရှုတ်ချကြပြီး ခဲ၊ ပုလင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ရွေးကောက်ပွဲကျင်းပစဉ်ရက်များအတွင်း သမ္မလောင်းတို့အား ထောက်ခံ-ကန့်ကွက်ဆန္ဒပြပွဲများဖြင့် မပြတ်ခဲ့သော ပါရီမြို့လမ်းမကြီးများသည် ရွေးကောက်ပွဲအပြီးရလဒ်အပေါ် မကြေနပ်သူများ၏ ဆန္ဒပြသူများနှင့် ဆက်တိုက်ကြုံတွေ့နေရသည်။ ဌာနေသတင်းမီဒီယာများက ဖော်ပြရာတွင် ဆူပူသောင်းကျန်းသူများသည် အိမ်ပြတင်းမှန်များရိုက်ခွဲခြင်းနှင့် ရဲတပ်ဖွဲ့ဝင်များအား လက်ဖြစ်မီးလောင်ဗုံးများဖြင့် ပစ်ပေါက် တိုက်ခိုက်ကြကြောင်းရေးသားထားသည်။

ပါရီမြို့ ဆူပူဆန္ဒပြပွဲများတွင် ရဲတက်ဖွဲ့က ဖမ်းဆီးခဲ့ရသူ ၁၅၀ ကျော်ရှိကြောင်းသိရှိရပြီး ပါရီမြို့တွင် ရဲအင်အားတိုးမျြင့်ဖြန့်ချထားသည်ဆို

Htay Oung

No comments:

Post a Comment