Latest News

Sunday, May 21, 2017

အမ်းမြို့နယ်တွင် တရားမဝင် ဘင်္ဂါလီ (၉) ဦး ဖမ်းဆီးရမိ

အမ်းမြို့နယ်တွင် တရားမဝင် ဘင်္ဂါလီ (၉) ဦး ဖမ်းဆီးရမိ

အမ်း၊ မေ၂၁

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ရန်ကုန်သို့သွားမည့် တရားမဝင် ဘင်္ဂါလီအမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၁ ဦးအား ယနေ့ မေလ ၂၁ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း အမ်းမြို့မရဲစခန်းမှသိရသည်။

ကျောက်တော်ဘက်မှ တောင်ကုတ်ဘက်သို့ မောင်းနှင်လာသောယာဉ်အမှတ် 7H/7383 ၊ ကရောင်းအနက်ရောင်ယာဉ်အားယနေ့ နံနက် ၉ နာရီခန့်ကစစ်ဆေးရန် ရပ်တန့်ခိုင်းရာမရပ်ပဲမောင်းတံအားတိုက်ပြီးထွက်ပြေးခြင်းကြောင့်လိုက်လံဖမ်းဆီးရာမအီဂိတ်အနီးတစ်မိုင်ခန့်အကွာတွင်မအီဘက်မှမျိုးချစ်သူယာဉ်နှင့် တိုက်မိသောကြောင့် ဘင်္ဂါလီလူမျိုး ကျား ၅ ဦးနှင့် မ ၁ ဦးတို့အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထပ်မံ၍ယနေ့ မေလ ၂၁ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီအချိန်ခန့်တွင်လည်း အမ်းမြို့နယ် ပတ်ကွေ့ကျေးရွာနှင့် အမ်းမြို့ကြား မိုင်တိုင် ၈၆/၂ အနီးတွင် ပုန်းအောင်နေသောဘင်္ဂလီအမျိုးသား၃ဦးအားဖမ်းဆီးရမိခဲ့ကြောင်းလည်းသိရသည်

ဖမ်းဆီးရမိခဲ့သည့် ဘင်္ဂလီများနှင့်ပတ်သက်၍ သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့နှင့်လူဝင်မှုကြီးကြပ်ရေးဦးစီးဌနတို့ပူးပေါင်း ဆောင်ရွက်လျှက်ရှိကြောင်းလည်း သိရသည်။

သတင်း ရွှေရအောင်

The Standard Time

No comments:

Post a Comment