ဘာလင်မြို့လယ်ခေါင်က တည်းခိုဆောင်တစ်ခုရဲ့ ပိုင်ရှင် မြောက်ကိုရီးယား ဖြစ်နေတာကို အံ့အားသင့်ဖွယ် တွေ့ရှိ
ဂျာမနီနိုင်ငံ မြို့တော် ဘာလင် ရဲ့ အလယ်ခေါင် တည့်တည့်အချက်အချာနေရာမှာ ဖွင့်လှစ်ထားတဲ့ တည်းခိုဆောင် တစ်ခုရဲ့ ပိုင်ရှင်ဟာ မြောက်ကိုရီးယား တို့ ဖြစ်နေတာကို သိရှိခဲ့ရပြီးနောက် ယခုအခါ ယင်း တည်းခိုဆောင် ကို ပိတ်သိမ်းပစ်တော့မယ်ဆိုပြီး ဂျာမနီအစိုးရက ပြောပါတယ်။
အဆိုပါ တည်းခိုဆောင်ကိုတော့ မြောက်ကိုရီးယား သံရုံး က ပိုင်ဆိုင်ပြီး အငှားချလုပ်ကိုင်နေခဲ့တာကို တွေ့ရှိခဲ့ရပြီး ယင်းသို့ လုပ်ကိုင်နေခြင်းဟာ ကုလသမဂ္ဂ ပြဌာန်းချက်တွေကို ချိုးဖောက်ရာ ရောက်နေတာကြောင့် ယခုလို ပိတ်သိမ်းပစ်ဖို့ ဆုံးဖြတ်တာလို့ ဂျာမနီအစိုးရက ဆိုပါတယ်။
ယင်း တည်းခိုဆောင်မှာတော့ တစ်ညတာ တည်းခိုခ ကို သက်သာတဲ့ နှုန်းထား ၉ ဒသမ ၅၀ ယူရိုသာ ကျသင့်မှာ ဖြစ်တဲ့အတွက်ကြောင့် အသုံးစရိတ်လျှော့ချချင်တဲ့ ဘာလင်ရောက်ခရီးသွားတွေအတွက် အကြိုက် တည်းခိုရာနေရာတစ်ခုအဖြစ် ရှိခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ယခုလို မိမိတို့ တည်းခိုနေတဲ့ တည်းခိုဆောင် ဟာ ကွန်မြူနစ် မြောက်ကိုရီးယား တို့ ပိုင်ဆိုင်ထားကြောင်း သိလိုက်ရချိန်မှာတော့ အံ့အားသင့်ခဲ့ကြရတယ်လို့ သိရပါတယ်။
” အိုး ၊ နိုး၊ ဘာကြီးလဲ ငါတို့က မြောက်ကိုရီးယား သံရုံး အတွက် ငွေရှာပေးနေတာပေါ့၊ ခုလိုအတိုင်းဆိုရင်၊ တော်ပြီ၊တော်ပြီ၊ ငါတို့ ဒါကို သဘောမပေါက်မိခဲ့ကြဘူး” လို့ ဗြိတိန် ခရီးသွားတစ်ဦးဖြစ်တဲ့ အဲလက်ဇ် စမစ်သ်က ဖွင့်ဟသွားပါတယ်။
City Hostel Berlin လို့အမည်ပေးထားတဲ့ ယင်း တည်းခိုဆောင် ဟာ ယခုထိ လည်ပတ်အသုံးပြုနေဆဲဖြစ်တဲ့ မြောက်ကိုရီးယားသံရုံး ဘေး ကပ်လျက်နေရာမှာ တည်ရှိတာလည်း ဖြစ်တယ်လို့ သိရပါတယ်။ ယင်းနိုင်ငံမှာ ရှိတဲ့ မြောက်ကိုရီးယား သံရုံး ရဲ့ အစိတ်အပိုင်းအဆောက်အအုံတော်တော်များများကတော့ ၁၉၉၀ နောက်ပိုင်း နှစ်နိုင်ငံအကြား ဆက်ဆံရေးတင်းမာပြီးကတည်းက လွတ်နေလျက်ရှိတယ်လို့လည်း သိရပါတယ်။
အဆိုပါ အဆောက်အအုံ ကို တော့ ပြီးခဲ့တဲ့ ၂၀၀၄ ခုနှစ်ကတည်းက မြောက်ကိုရီးယား သံရုံး က ငှားရမ်းထားခဲ့တာဖြစ်ပြီး တစ်လကို ငှားရမ်းလုပ်ကိုင်ခ ယူရို ၃၈,၀၀၀ ပြုံးယမ်းဘက်က ရရှိနေတာဖြစ်တယ်လို့ လည်း သိရပါတယ်။
Credit : Mizimma
Saturday, May 13, 2017
Subscribe to:
Post Comments (Atom)
No comments:
Post a Comment