ဒီနေရာမှာမီးပြတ်လို့မရဘူးလို့ ပြောလိုက်တဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း
ဆူးလေရှန်ဂရီလာဟိုတယ်မှာ အစည်းအဝေးကျင်းပနေတုန်း မီးပြတ်သွားလို့ပြောခဲ့တာပါ။
ဒီနေ့မနက်ပိုင်းမှာ ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်မှာကျင်းပခဲ့တဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေး( Holistic Empowerment of SMEs ) ကျင်းပနေတုန်းမှာ မီးပြတ်တောက်ခဲ့တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဟိုတယ်တာဝန်ရှိသူတစ်ဦးကို မကျေမနပ် ပြောကြားခဲ့တယ်လို့ သိရပါတယ်။
“မီးပျက်လို့မရဘူး။ ဒီနေရာ မီးပြတ်လို့မရဘူး။ နောက် ဒါ ဝန်ကြီးချုပ်လမ်းကြောင်း။ ဒါကို အီးပီစီကို ကြိုပြီးပြောထားတယ်ပြောတယ်။ ဒီဘက်ကို မီးမဖြတ်ဖို့၊ သူတို့ဘက်ကို မီးစက်နဲ့သုံးပေးဖို့ ပြောထားတယ်” လို့ ဦးဖြိုးမင်းသိန်းက ပြောခဲ့တာပါ။
မီးပြတ်သွားတာကြောင့် အစည်းအဝေးကို ခေတ္တရပ်နားခဲ့ရပြီး နောက်ပိုင်းမှာ ပြန်လည်ကျင်းပနိုင်ခဲ့ပါတယ်။
Source : DVB
Subscribe to:
Post Comments (Atom)
No comments:
Post a Comment