တက္ကသိုလ်ကျောင်းသူတစ်ဦးဟာ ကလေးမမွေး ၁၂ရက် အလိုမှာ မှ သူ့မှာကိုယ်ဝန်ရှိမှန်းသိခဲ့ရတဲ့အဖြစ်ကို
ပြန်ပြောင်းပြောပြပါတယ်။ လောရန်အိုဒေါ်နယ်ဆိုတဲ့ မိန်းကလေးဟာ ကိုယ်ဝန် ၃၈ ပတ်ရှိတဲ့အထိ သူ့မှာ ကိုယ်ဝန်ရှိနေတယ်လို့ လုံးဝမထင်ခဲ့ဘူးလို့ဆိုပါတယ်။
သူမက အင်္ဂလန်ကတက္ကသိုလ်တစ်ခုမှာကွန်ပြူတာနဲ့ ဂိမ်းဒီဇိုင်းသင်တန်းပထမနှစ်တက်ရောက်သင်ကြားနေသူဖြစ်ပါတယ်။ကိုယ်ဝန်ရှိတာကိုမသိတဲ့အတွက် ကျောင်းစာလုပ်၊အပြင်သွား၊ အရက်သောက်ရင်းနဲ့ ပထမနှစ် တက္ကသိုလ်ကျောင်းသားဘ၀ကို ပြီးဆုံးစေခဲ့ပါတယ်။
ရှိပြီဖြစ်မှန်းသိခဲ့ရပါတယ်တဲ့။ ဗိုက်ထဲကလေထိုးလို့ နာကျင်တယ်လို့သူကထင်နေတာပါ။
ကလေးက သူမရဲ့ ခန္ဓာကိုယ်ထဲမှာ ကြီးထွားလာပေမယ့် သူ့အတွက် ထူးထူးခြားခြားပြောင်းလဲမှုမရှိခဲ့ပါဘူး။
"ကျမသုံးနေကျသန္ဓေတားဆေးကိုပုံမှန်ပဲသောက်ဖြစ်ပါတယ်။ကိုယ်ဝန်ရှိနေတယ်လို့ထူးခြားတဲ့ခံစားမှုလည်းမရှိပါဘူး။သိပ်မကြာသေးခင်လပိုင်းလောက်ကပဲကိုယ်ဝန်ရှိသလားစစ်ဆေးကြည့်တော့လည်းမရှိဘူးလို့ရလာဒ်ထွက်ပါတယ်။"
ဆေးစစ်ချက်က ကိုယ်ဝန်ရှိနေတယ်လို့ အဖြေထွက်လာတော့ အသက် ၂၁ နှစ်အရွယ် လောရန် နဲ့
သူ့ ရည်းစားတို့ အံ့သြတကြီးဖြစ်ခဲ့ရပါတယ်။လောရန်အတွက်တော့ ဒီကိုယ်ဝန်ကြောင့် တက္ကသိုလ်ဆက်
တက်ဖို့ အခက်အခဲဖြစ်ခဲ့ရပါတယ်။
သူ့ရဲ့ရည်းစားကယ်လမ်က "ကလေးကိစ္စကို မင်းဘယ်လိုပဲဆုံးဖြတ်၊ဆုံးဖြတ်၊ငါထောက်ခံမယ်"လို့ပြော
ပါတယ်။
လော်ရန်ဟာ နောက်ဆုံးတော့ ကျောင်းနားပြီး ကလေးကိုမွေးမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။
သူတို့ရဲ့သမီးလေးအယ်လစ်ဇာကို ဂျူလိုင် ၁၃ရက်မှာ အောင်မြင်စွာမွေးဖွားနိုင်ခဲ့ပါတယ်။
သမီးငယ်လေးအယ်လစ်ဇာအတွက် မိဘ၊သူငယ်ချင်းများက တတ်နိုင်သမျှဝိုင်းဝန်းကူညီခဲ့ကြပါတယ်။
သူ့အမေနဲ့အဖေက ကလေးတွန်းလှည်း၊နောက် တစ်ယောက်က ကလေးရေချိုးဖို့ဇလုံစသဖြင့်ဝိုင်းဝန်းကူညီပေးခဲ့ကြပါတယ်။
ref:mirror
SZ(Time Ayeyar_တိုင်းဧရာ) ဘာသာပြန်သည်။
No comments:
Post a Comment