သန်လျင်မြို့ လေးကျွန်းမာရ်အောင်စေတီတော်ကြီး ထီးတော်တင်လှူ
သန်လျင် မေ ၂
ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ ရုံးသပြေကန်ကျေးရွာ ကံကြီးကျောင်းတိုက်အတွင်း တည်ထားတော်မူခဲ့သော လေးကျွန်းမာရ်အောင် (အမေပွင့်) စေတီတော်မြတ်ကြီးအား ကံကြီးကျောင်းဆရာတော် ဘဒ္ဒန္တသောဘိတ ၏ ဦးဆောင်မှုကိုခံယူကာ ဧပြီ ၃ဝ ရက် နံနက် ၉ နာရီတွင် ခုနစ်ရက်သားသမီးတို့၏ စုပေါင်းအလှူဒါနများဖြင့် ထီးတော်တင်လှူပူဇော်ခဲ့သည်။
စေတီတော်ကြီးထီးတော်တင်လှူပူဇော်ပွဲတွင် ပန်းပင်ချောင်ကျောင်း တိုက် နာယက ဘဒ္ဒန္တသုနန္ဒအရှင်မြတ် ထံမှ အလှူရှင်ဧည့်ပရိသတ်တို့က ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ကံကြီးကျောင်းဆရာတော် ဦးဆောင်မှုနှင့်အတူ သန်လျင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးလွင်ကိုလတ်၊ ရုံးသပြေကန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မင်းနှင့် အလှူရှင်များက စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ထီးတော်ဘုံအဆင့်ဆင့်တို့ကို ပန်း ရထားပျံဖြင့် တင်လှူပူဇော်ကြသည်။
လေးကျွန်းမာရ်အောင်(အမေပွင့်) စေတီတော်ကြီးသည် ၁၃ဝဝ ပြည့်နှစ်တွင် မူလဘုရားဒါယိကာမကြီး အမေပွင့်က တည်ထားတော်မူခဲ့ခြင်းဖြစ်ပြီး ယခု ထီးတော်ဘုံအဆင့်ဆင့်သည် အလှူရှင်များ၏ ပေါင်းစုလှူဒါန်းခြင်း ဖြင့် အဆင့်ဆင့်မွမ်းမံခြင်းဖြစ်ကြောင်း သိရသည်။
(နေသစ်ဦး)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment