Latest News

Sunday, May 28, 2017

Bet 365 ၏ပံ့ပိုးမှုဖြင့် ရွန်နီကိုခေါ်ယူရန်စတုတ်စီးတီး စီစဉ်နေ

Bet 365 ၏ပံ့ပိုးမှုဖြင့် ရွန်နီကိုခေါ်ယူရန်စတုတ်စီးတီး စီစဉ်နေ


         စတုတ်စီးတီးအသင်းသည် အသင်း၏ အင်္ကျီစပွန်ဆာ ကုမ္ပဏီဖြစ်သော Bet 365  ကုမ္ပဏီ၏ပံ့ပိုးမှုဖြင့် မန်ယူအသင်းခေါင်းဆောင် ရွန်နီကိုခေါ်ယူရန် စီစဉ်လျက်ရှိနေကြောင်း သိရှိရသည်။

 Bet 365  ကုမ္ပဏီသည် အားကစား လောင်းကစားကုမ္ပဏီ တစ်ခုဖြစ်ပြီး ငွေကြေး အင်အားတောင့်တင်းခြင်းကြောင့် ရွန်နီအတွက်ပေးချေရမည့် ပြောင်းရွှေ့ကြေးငွေနှင့် သူ၏လစာငွေများကို အလွယ်တကူကျခံပေး နိုင်သည့်အနေအထားရှိကြောင်း ဗြိတိန်သတင်းစာ People က ဖော်ပြခဲ့သည်။ People ၏ ဖော်ပြချက်အရ Bet 365  ကုမ္ပဏီသည် ရွန်နီအတွက် ပေါင်(၄၅)သန်းအကုန်အကျ ခံရန်စီစဉ် ထားကြောင်း သိရှိရသည်။

 လက်ရှိအချိန်တွင် ရွန်နီအားခေါ်ယူရန် တရုတ်စူပါလိဂ် ကလပ်အသင်း များနှင့် မေဂျာလိဂ်ကလပ်အသင်းများက ပစ်မှတ်ထားနေပြီး ရွန်နီက ပရီးမီးယားလိဂ်တွင်သာ ဆက်ကစားရန်ဆန္ဒရှိကြောင်း အရိပ်အမြွက် ပြောကြားထားသည်။

        ရွန်နီ၏အသင်းဟောင်းဖြစ်သော အဲဗာတန်အသင်းကလည်း ၎င်းအားပြန်လည် ခေါ်ယူရန်စီစဉ်နေပြီး အကယ်၍ စတုတ်စီးတီးအသင်း ကမ်းလှမ်းမှုများပြုလုပ်ခဲ့ပါက အဲဗာတန်အသင်းမှာ ငွေကြေးအင်အားတွင် ယှဉ် ပြိုင်ရန်ခက်ခဲမည်ဖြစ်ကြောင်း People သတင်းစာက ဖော်ပြခဲ့သည်။ ရွန်နီသည် မန်ယူအသင်းတွင် ၂၀၀၄ခုနှစ်မှစတင်၍ကစားခဲ့ပြီး စုစုပေါင်း(၅၅၉)ပွဲကစားကာ (၂၅၃)ဂိုးသွင်းယူထားသည်။

Photos: AFP, Getty Images
Eleven Sports

No comments:

Post a Comment