Latest News

Saturday, May 6, 2017

မြန်မာပြည် ဆက်လက်တိုးတက်မယ်လို့ ADB ပြောကြား

မြန်မာပြည် ဆက်လက်တိုးတက်မယ်လို့ ADB ပြောကြား

အခု ၂ဝ၁၇ ခုနှစ်အတွင်း မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နိုင်ငံတွေရဲ့ စီးပွားရေးတိုးတက်နှုံး ၅.၇% ရှိနိုင်တယ်လို့ ADB အာရှဖွံ့ဖြိုးရေးဘဏ် ဥက္ကဌ Takehiko Nakao တာကေဟိကိုး နာကားအို ကပြောကြားလိုက်ပါတယ်။ ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့မှာ ကျင်းပတဲ့ အေဒီဘီ အစည်းအဝေးမှာ သူက အခုလိုပြောဆိုခဲ့တာပါ။ အာရှနိုင်ငံတွေအနေနဲ့ နည်းပညာအဆင့်မြင့်တဲ့ အခြေခံအဆောက်အအုံတွေကို ဆောက်လုပ်ဖို့လိုကြောင်းလည်း သူကပြောပါတယ်။

ဂျပန်ဘဏ္ဍာရေးဝန်ကြီး Taro Aso တာယို အာဆို ကလည်း အဆင့်မြင့် နည်းပညာတွေသုံးစွဲဆောက်လုပ်ဖို့ အတွက် အေဒီဘီ ကို ဂျပန်နိုင်ငံက ဒေါ်လာ သန်း ၄ဝ ပံပိုးကူညီမယ်လို့ အဲဒီအစည်းအဝေးမှာ ပြောကြား ပါတယ်။

လာမယ့် ၂ဝ၃ဝ အရောက်မှာ အာရှနိုင်ငံတွေက ဆိပ်ကမ်း၊ လျပ်စစ်စွမ်းအင်၊ ရေရရှိရေးစတဲ့ အခြေခံအဆောက်အအုံတွေ ဆောက်လုပ်ရေးအတွက် ဒေါ်လာ ၂၆ ထရီလီယံ လိုအပ်မယ်လို့ အေဒီဘီ က ခန့်မှန်းထားပါတယ်။

RFA

No comments:

Post a Comment