Latest News

Wednesday, May 3, 2017

မြန်မာနိုင်ငံ မြို့ကြီးသုံးမြို့နှင့် အမြန်လမ်းမကြီးပေါ်တွင် ACE RIDE 2017 မော်တော်ဆိုင်ကယ်မောင်းနှင်ပွဲ ကျင်းပ

မြန်မာနိုင်ငံ မြို့ကြီးသုံးမြို့နှင့် အမြန်လမ်းမကြီးပေါ်တွင် ACE RIDE 2017 မော်တော်ဆိုင်ကယ်မောင်းနှင်ပွဲ ကျင်းပ

မြန်မာနိုင်ငံ မြို့ကြီးသုံးမြို့နှင့် အမြန်လမ်းမကြီးပေါ်တွင် မေ ၃ ရက်မှ ၅ ရက်အထိ ACE RIDE 2017 မော်တော်ဆိုင်ကယ် မောင်းနှင်ပွဲ ကျင်းပသွားမည်ဖြစ်ပြီး ထိုင်း၊ စင်္ကာပူ၊ မလေးရှား နိုင်ငံသား ၄၀ ခန့်ပါဝင်မောင်းနှင်ခဲ့ကြမည်ဖြစ်ကြာင်း သတင်းရရှိသည်။

“သူတို့ကမြ၀တီဘက်ကနေလာတာ ဘောနတ်ကြီးကို မနက် ၉ နာရီ ၄၅ မိနစ်မှာရောက်တယ်၊ ၁၀ နာရီ ၅ မိနစ်မှာ နေပြည်တော်ဘက်ကို ထွက်သွားတယ်ဗျ၊ အဓိကတော့ ဟိုတယ်ခရီးကနေ ဆောက်လုပ်ရေး ၀န်ကြီးဌာနကို ခွင့်ပြုမိန့်တောင်းတယ်၊ ခွင့်ပြုမိန့်တောင်းတော့ ခွင့်ပြုမိန့်ပြန်ကျပြီးတော့ တက်တယ်လို့ပြောပါတယ်၊ ဆိုင်ကယ်တွေကတော့ ဟဲဗီးကြီးတွေပေါ့၊ အကြီးကြီးတွေ၊ ဟိုကနေလာကတည်းက ဆိုင်ကယ်နဲ့ လာကြတာ ဆိုင်ကယ်တွေက ယိုးဒယားနံပါတ်တွေနဲ့ အမြန်လမ်းအတိုင်းပဲ နေပြည်တော်ဘက်ကို သွားပါတယ်” ဟု ဘောနတ်ကြီး အမြန်လမ်းရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ACE RIDE 2017 ဆိုင်ကယ်သမားအဖွဲ့သည် မေ ၂ ရက်က မြ၀တီနယ်စပ်ဂိတ်သို့ ထိုင်း၊ စင်္ကာပူ၊ မလေးရှားနိုင်ငံသား ဆိုင်ကယ်သမား ၄၀ ကမော်တော်ဆိုင်ကယ် ၂၈ စီးဖြင့်ဝင်ရောက်လာခဲ့ပြီး ပဲခူး၊ နေပြည်တော်၊ ဘားအံမြို့များသို့ ၃ ရက်ကြာ ဖြတ်သန်းမောင်းနှင်၍ မေ ၅ ရက်တွင် မြ၀တီမြို့မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာမည်ဖြစ်သည်။

ပြီးခဲ့သည့် ဇန်န၀ါရီလ ၂၁ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Honda Wing Bike Club မှဦးဆောင်ကျင်းပသော ACE RIDE 2017 စာနယ်ဇင်းရှင်းလင်းပွဲသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် သွားရောက်ခဲ့သည့် တက်ရောက်စဉ် မြန်မာနိုင်ငံအတွင်း ဖြတ်သန်းမောင်းနှင်ရန် သဘောတူညီခဲ့ခြင်းဖြစ်သည်။

ဇော်ဝင်းချစ်(တောင်ငူ)

Eleven Media Group

No comments:

Post a Comment