Latest News

Sunday, May 21, 2017

ရန်ကုန်မြို့၌ တစ်ဦးလျှင် လစဉ်ပျမ်းမျှဒေတာသုံးစွဲမှု 3 GB ကျော်ပမာဏ ရှိနေပြီး ကျေးလက်ဒေသများတွင်လည်း ဒေတာသုံးစွဲမှုမြင့်တက်လာ ကြောင်း တယ်လီနော ပြောကြား

ရန်ကုန်မြို့၌ တစ်ဦးလျှင် လစဉ်ပျမ်းမျှဒေတာသုံးစွဲမှု 3 GB ကျော်ပမာဏ ရှိနေပြီး ကျေးလက်ဒေသများတွင်လည်း ဒေတာသုံးစွဲမှုမြင့်တက်လာ ကြောင်း တယ်လီနော ပြောကြား


ရန်ကုန်မြို့တွင် တယ်လီနောသုံးစွဲသူ တစ်ဦးလျှင် ပျမ်းမျှဒေတာသုံးစွဲမှုမှာ 3 GB ကျော်ပမာဏရှိနေပြီး ယင်းမှာ ဥရောပနိုင်ငံများ၏ ဒေတာသုံးစွဲမှု နှုန်းနှင့် ညီမျှကြောင်း တယ်လီနောမြန်မာ၏ ဈေးကွက်ဖော်ဆောင်ရေး အရာရှိချုပ် Joslin Myrthong ကပြောကြားသည်။
ကျေးလက်ဒေသများတွင်လည်း ဒေတာသုံးစွဲမှုနှုန်း မြင့်တက်လာလျက် ရှိကြောင်း သိရသည်။

“ရန်ကုန်မြို့တွင်းမြို့နယ်တွေမှာ တစ်ဦးကို လစဉ်ဒေတာသုံးစွဲမှုဟာ 3 GB ကျော်လောက်ရှိနေပြီး ဒါဟာဥရောပကသုံးစွဲသူတွေရဲ့သုံးစွဲမှုနဲ့ ညီမျှတဲ့ပမာဏဖြစ်နေပါတယ်။ တယ်လီနောသုံးစွဲသူ စုစုပေါင်းရဲ့ ၆၄ ရာခိုင်နှုန်းက အင်တာနက် သုံးစွဲကြပါတယ်။

ကျေးလက်ဒေသတွေမှာလည်း ဖုန်းနဲ့အင်တာနက် သုံးစွဲမှုနှုန်းဟာ မြင့်တက်လာနေတာကို တွေ့ရတယ်။ ဒီလိုမျိုးသုံးစွဲမှုတွေ မြင့်တက်လာ တာဟာ စမတ်ဖုန်းသုံးစွဲမှု မြင့်တက်လာတာကြောင့်လည်းပါတယ်။ တယ်လီနောသုံးစွဲသူတွေထဲမှာ စမတ်ဖုန်းသုံးစွဲမှုရာခိုင်နှုန်းက ရာခိုင်နှုန်း ၇၀ လောက် ရှိနေပါတယ်။ ပြောရရင် လက်ရှိဈေးကွက်ဟာ မိုဘိုင်းဦး စားပေး ဈေးကွက်ဖြစ်နေ ပါတယ်” ဟု တယ်လီနောမြန်မာ၏ ဈေးကွက်ဖော်ဆောင်ရေး အရာရှိချုပ် Joslin Myrthong ကပြောကြားသည်။

ရှမ်းပြည်နယ်တွင် လူဦးရေ ၅ ဒသမ ၃၅ သန်းရှိသည့်အနက် လူဦးရေ ၂ ဒသမ ၉ သန်းကို တယ်လီနောကွန်ရက် လွှမ်းခြုံနိုင်ပြီဖြစ်ကြောင်း သိရသည်။ မြို့နယ်အားဖြင့် ၄၂ မြို့နယ်ရှိသည့်အနက် ၃၈ မြို့နယ်ကို ကွန်ရက်လွှမ်းခြုံထားနိုင်ကြောင်း သိရသည်။ ရှမ်းပြည်နယ်တွင် တယ်လီနောသုံးစွဲသူ ၁ ဒသမ ၁ သန်းရှိပြီး တစ်ဦးလျှင် လစဉ်ပျမ်းမျှအင်တာနက်သုံးစွဲမှုမှာ 1 GB ၀န်းကျင်ရှိနေကြောင်း သိရသည်။

ဖုန်းပြောဆိုမှုမှာ သုံးစွဲသူတစ်ဦးကို တစ်လလျှင် ၁၀၄ မိနစ်ခန့်ရှိကြောင်း သိရသည်။ 4 G ၀န်ဆောင်မှုကို တောင်ကြီးမြို့တွင် မကြာမီဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အင်တာနက်သုံးစွဲမှုမှာ မိုဘိုင်းဖုန်းကို အခြေပြု၍ ကြီးထွားလာလျက်ရှိပြီး စမတ်ဖုန်းသုံးစွဲမှုမှာလည်း မြင့်တက်လာလျက် ရှိကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment