Latest News

Wednesday, May 31, 2017

4G ကွန်ရက်အတွက် ထပ်ဆောင်းလှိုင်းနှုန်းစဉ်ကို ဦးရာလူစနစ်ဖြင့် ပေးအပ်မည်

4G ကွန်ရက်အတွက် ထပ်ဆောင်းလှိုင်းနှုန်းစဉ်ကို ဦးရာလူစနစ်ဖြင့် ပေးအပ်မည်

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာ နသည် 4G အတွက် အော်ပရေ တာများအသုံးပြုမည့် 1800 လှိုင်း နှုန်းစဉ်၏ ထပ်ဆောင်းလိုအပ် သော လှိုင်းနှုန်းစဉ်ကို ဦးရာလူ စနစ်ဖြင့် ငှားရမ်းမည်ဟု သတင်း ထုတ်ပြန်သည်။

‘‘အခုက အော်ပရေတာလေး ခုလုံးကို 2×10 MHz အနေနဲ့ပေး ထားတာပေါ့။ 150 MHz ဖြစ်ဖို့အ တွက် 2×75 MHz အထိ ထပ်သုံး တော့မယ်ဆိုရင် လိုချင်တဲ့ လှိုင်း နှုန်းကို ဦးရာလူစနစ်နဲ့ပဲပေးတော့ မှာပါ။ အဲဒီမှာ A,B,C တို့ရှိတာ ပေါ့’’ ဟု ဆက်သွယ်ရေးညွှန်ကြား မှုဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးဆွေက ပြောသည်။

ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနသည် အော်ပရေတာများ ကို 4G ကွန်ရက်အတွက် အသုံး ပြုမည့် 1800 လှိုင်းနှုန်းစဉ် 2×10 MHz ကို ၁၂ နှစ်အကြာ အသုံးပြု ခွင့်အဖြစ် ကန်ဒေါ်လာ သန်း ၈၀ ဖြင့်ငှားရမ်းခဲ့ခြင်းဖြစ်ပြီး ထပ်တိုး လှိုင်းနှုန်းစဉ် ရယူသည့်အခါတွင် အဆိုပါ ဈေးနှုန်းအတိုင်း ဆက် လက်တောင်းခံမည်ဟု ဦးမျိုးဆွေ က ပြောသည်။

4G ကွန်ရက်သည် 15 MHz အထိ အသုံးပြုနိုင်မှသာ ကွန်ရက် အရည်အသွေးအစစ်ဖြစ်သည့် အ မြန်နှုန်း 150 Mbps သို့ ရောက်ရှိ လာမည်ဖြစ်သော်လည်း အော်ပ ရေတာများသည် လက်ရှိ၌ 1800 လှိုင်းနှုန်းစဉ်၏ 2×10 MHz ကို ငှားရမ်း အသုံးပြုခြင်းဖြစ်သည်။

‘‘အော်ပရေတာတွေက သူ တို့ကြိုက်တဲ့ 1800 Spectruam (လှိုင်းနှုန်းစဉ်) မှာ ထပ်ယူလို့ရ သေးတယ်။ ဒါပေမဲ့ ယူချင်တာ ချင်းတူနေရင်တော့ အရင်ယူဖို့ လျှောက်လွှာတင်တဲ့လူကို ပေး မယ်လို့ ပြောချင်တာပါ။ အခုက တော့ တစ်ပြေးညီ အော်ပရေတာ လေးခုစလုံးကို ပေးထားပါတယ်။ စတုတ္ထမြောက်အော်ပရေတာက လည်း ယူမယ်ပြောထားတော့ သူ တို့လုပ်ငန်းစရင် ယူမှာပါ’’ ဟု ဦး မျိုးဆွေက ပြောသည်။

ပုံမှန်အသုံးပြုနေသည့် 3G ကွန်ရက်သည် အမြန်နှုန်း 42 Mbps အထိအမြန်ဆုံးရှိသော် လည်း 4G ကွန်ရက်စစ်စစ်သည် အမြန်နှုန်း 150Mbps အထိရရှိ လာမည်ဖြစ်သည်။ 4G အတွက် ပုံမှန်ချထားသည့် လှိုင်းနှုန်းစဉ်ကို ဆက်သွယ်ရေးညွှန်ကြားမှုဦးစီး ဌာနက ၁၂ နှစ်ကြာ အသုံးပြုခွင့် ပေးထားသော်လည်း ထပ်တိုး လှိုင်းနှုန်းစဉ် သက်တမ်းမှာ သုံးနှစ် ဖြစ်သည်။

7Day News

တလကို ရုပ်ရှင်ရုံ ၂ ရုံခန့် ဆောက်လုပ်သွားမယ်လို့ လွင်မိုး ပြောဆို

တလကို ရုပ်ရှင်ရုံ ၂ ရုံခန့် ဆောက်လုပ်သွားမယ်လို့ လွင်မိုး ပြောဆို

ရုပ်ရှင်ရုံ ၁၀၀ စီမံကိန်းရဲ့ကော်မတီအဖွဲ့ဝင်တဦးဖြစ်သူ အကယ်ဒမီ လွင်မိုးက ရုပ်ရှင်ရုံများကို တိုင်းနဲ့ပြည်နယ် အသီးသီးတွင် တလလျှင်၂ ရုံနှုန်းနဲ့ ဆောက်လုပ်သွားမယ်လို့ ဆိုပါတယ်။

“တလကို၂ ရုံနှုန်းနဲ့ ဆောက်သွားမယ်။ နယ်က ပရိသတ်တွေက ရုပ်ရှင်ကို တကယ်ကြည့်ချင်တဲ့ သဘောရှိပါတယ်။ ကျနော်တို့ဖွင့်ရတာလည်း ဝမ်းသာပီတိဖြစ်ပါတယ်။ ကျနော်တို့က အခု ရုပ်ရှင်ရုံမရှိတဲ့မြို့မှာ ရုပ်ရှင်ရုံ ဆောက်တာ ဆိုတော့ အပြိုင်မရှိဘူးခင်ဗျ”လို့ ကိုလွင်မိုးက ပြောပါတယ်။

မေလအတွင်း ဖျာပုံမြို့နဲ့ မုံရွာမြို့များမှာ ရုပ်ရှင်ရုံများဖွင့်လှစ်ခဲ့ပြီး ဇွန်လတွင် အောင်ပန်းမြို့နဲ့သထုံမြို့တို့တွင် ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ရုပ်ရှင်ရုံသစ်များ ဖွင့်လှစ်ပြီးနောက်ပိုင်း ရုပ်ရှင်ဇာတ်ကားများအပေါ် ပရိသတ်အားပေးမှုနဲ့ပတ်သက်လို့ ကိုလွင်မိုးက “မုံရွာရုံမှာဆို အခု ‘ချိုမြိန်သော လက်စားချေခြင်း’ ကို ပြနေတာ။ စနေတနင်္ဂနွေမှာ ရုံပြည့်ရုံလျှံ အားပေးတယ်” လို့ သူက ဆိုပါတယ်။

ရုပ်ရှင်ရုံ ၁၀၀ စီမံကိန်းကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှ စတင်အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး ရုံ ၁၀၀ ကို ၂ နှစ်အတွင်း ဆောက်လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ရုပ်ရှင်ရုံများတွင် ခုံ ၃၂၀ ခင်းကျင်းထားကာ အဆင့်မြင့် DCP ပြစက်၊ လေအေးပေးစက်များ တပ်ဆင်ထားတယ်လို့လည်း သိရပါတယ်။

ရုပ်ရှင်ရုံ ၁၀၀ စီမံကိန်းရဲ့ ရုပ်ရှင်ရုံများကို Paradiso ကုမ္ပဏီက တာဝန်ယူဖွင့်လှစ်ပေးသွားမှာလည်း ဖြစ်ပါတယ်။

ယုဖြူဟန်/ဧရာဝတီ


တက္ကသိုလ်ဝင်တန်း အောင်စာရင်း ထုတ်ပြန်မည့်ရက်ကို ပညာရေးဝန်ကြီး ကိုယ်တိုင်ပင် မသိသေး

တက္ကသိုလ်ဝင်တန်း အောင်စာရင်း ထုတ်ပြန်မည့်ရက်ကို ပညာရေးဝန်ကြီး ကိုယ်တိုင်ပင် မသိသေး

ဇွန်လ ၁၇ ရက်တွင် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများ ထုတ်ပြန်ပေးသွားမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ကိုယ်တိုင်ပင် မသိရှိသေးကြောင်း မေလ (၃၁) ရက်က ပြောသည်။

ယနေ့ နံနက်ပိုင်းက ရန်ကုန်စိန်ရတုခန်းမတွင် ပြုလုပ်သည့် အာဆီယံ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲ ဆွေးနွေးပွဲနှင့် တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေးရေးဌာန တည်ထောင်ခြင်း (၆၉) နှစ်မြောက် အခမ်းအနားသို့ လာရောက်စဉ် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ အဲဒါ စာစစ်က ထုတ်တာ။ စာစစ်မေးမှ ပဲရမယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများ ဇွန်လ (၁၇) ရက်ထွက်ရှိမည်ဟု မေလ (၃၀) ရက်ညပိုင်းက သတင်းထွက်ပေါ်ခဲ့ခြင်းဖြစ်ပြီး ပညာရေးဝန်ကြီးဌာနဘက်က တရားဝင်ထုတ်ပြန်ခြင်း မရှိသေးပေ။

“ ကျွန်တော့ဆီကို အောင်စာရင်းထွက်ဖို့ ဘာညွန်ကြားချက်မှ မလာသေးဘူး။ စိတ်ချပါ။ သတင်းနောက် မကျစေရပါဘူး။ အားလုံး အတူတူ ထုတ်ပြန်ပေးသွားမှာပါ” ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွန်ကြားရေး မှူးချုပ် ဒေါက်တာမျိုးညွန့်က ပြောသည်။

၂၀၁၇ မတ်လအတွင်း ဖြေဆိုခဲ့သည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် နိုင်ငံခြားရှိ မြန်မာသံရုံးများတွင် စာစစ်ဌာန (၁၇) ခု၊ မြန်မာနိုင်ငံအတွင်းတွင် (၁၅၇၇) ခု၊ စုစုပေါင်း (၁၅၉၄)မှ ကျောင်းသား ကျောင်းသူ (၇၁၆၂၁၆) ဦးဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်က တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် တစ်နိုင်ငံလုံးကျောင်းသား ကျောင်းသူ (၆) သိန်း ကျော် ဝင်ရောက် ဖြေဆိုခဲ့ရာ အောင်မြင်သူ (၁) သိန်း(၉) သောင်းကျော်သာ အောင်မြင်ခဲ့သည့်အတွက် အောင်ချက်ရာခိုင်နှုန်း၂၉ ဒဿမ၉၂ ရှိခဲ့သည်။

ချမ်းငြိမ်း/ Akonthi

သိမ်းဆည်းခံမြေနေရာကြီး ကိုးခုပြန်ရရေးအတွက် ဇွန်လတွင် စုပေါင်းသပိတ်ကျင်းပရန် မြောင်းမြမြေသိမ်းခံပြည်သူများ စီစဉ်နေ

သိမ်းဆည်းခံမြေနေရာကြီး ကိုးခုပြန်ရရေးအတွက် ဇွန်လတွင် စုပေါင်းသပိတ်ကျင်းပရန် မြောင်းမြမြေသိမ်းခံပြည်သူများ စီစဉ်နေ

မြောင်းမြမြို့နယ်အတွင်းရှိ ဥပဒေမဲ့သိမ်ဆည်းခံမြေများ ပြန်လည်ရရှိရေးအတွက် မြေသိမ်းခံပြည်သူများစုပေါင်း၍ ဇွန်လပထမအပတ်တွင် ဆန္ဒထုတ်ဖော်ပွဲတစ်ရပ်ကျင်းပပြီး
တောင်းဆိုသွားရန် စီစဉ်နေကြောင်း မြေသိမ်းခံများ၏ ဆန္ဒဖေါ်ထုတ်ပွဲ ဦးဆောင်ကော်မတီထံမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်းရှိ သိမ်းဆည်းခံမြေများဖြစ်သော ခ.လ.ရ (၉၃)တပ်သိမ်းမြေ၊ မြောင်းမြစက်မှုဇုန်(ကျွန်းကြားလေး)သိမ်းဆည်းမြေ၊ထောက်လှမ်းရေးတပ် အကြောင်းပြသိမ်းဆည်းမြေ(ကွယ်လွယ်)၊ ပျဉ်းကတိုးကုန်းကျေးရွာနှင့် မဒေါ့ပင်ကျေးရွာများမှ သိမ်းဆည်းမြေ၊ မြောင်းမြမြစ်ကမ်းသာယာလှပရေးအတွက်သိမ်းဆည်းခဲ့သော ကွယ်လွယ်ကျေးရွာကမ်းနားတန်း သိမ်းဆည်းမြေများ၊ ကံ့ကော်မြိုင်ရပ်ကွက်၊ မြောင်းမြလပွတ္တကားလမ်းဖောက်လုပ်ရာတွင် သိမ်းဆည်းခဲ့သည့်မြေများ၊ မြောင်းမြကြိုးတံတားဆောက်လုပ်ရေးအတွက် သိမ်းဆည်းခံခဲ့ရသည့်မြေများနှင့် မြောင်းမြဂုန်နီစက်ရုံစီမံကိန်းသိမ်းဆည်းမြေများကို ပြန်လည်ရရှိရေးအတွက် မြေသိမ်းခံပြည်သူများက ဆန္ဒထုတ်ဖော်သွားရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဆန္ဒပြပွဲဖြစ်မြောက်ရေးအတွက် မေလ(၂၁)ရက်တွင် မြေသိမ်းဆည်းခံပြည်သူများ စုပေါင်းကာ ဆန္ဒဖော်ထုတ်ပွဲဦးဆောင်ကော်မတီကိုဖွဲ့စည်း၍ စုပေါင်းသပိတ်ကြီးတစ်ရပ်ဆင်နွဲရန်ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။ “ ပြည်သူတွေ တကယ်ဒုက္ခရောက်နေရင် ပြည်သူရွေးချယ်တင်မြှောက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်သူ့ ဘက်ကရပ်တည်ပေးပြီး အခက်အခဲကို ကူညီရမှာပါ။

တကယ်တန်းကျတော့ ပြည်သူကိုယ်စားလှယ်တွေက ပြည်သူအသံ အပြည့်အ၀နားမထောင်ကြဘူး။ အဲဒီလိုတောင်းဆိုမှုတွေကို ဆက်ပြီး မျက်ကွယ်ပြုနေမယ်ဆိုရင်တော့ မတရားသိမ်းထားတဲ့မြေတွေ ပြန်ရတဲ့အထိ သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြတောင်းဆိုသွားဖို့စီစဉ်ထားပါတယ်။ ပြည်သူတွေအတွက် တာဝန်ယူမှုတာဝန်ခံမှု မရှိသ၍တော့ ပြည်သူတွေက အခုလိုမျိုး ဆက်လုပ်နေဦးမယ်ဆိုတာကို ပြည်ထောင်စုအစိုးရက သိပြီး ပြည်သူ့ တာဝန်ကျေကြပါလို့ပြောချင်ပါတယ် ” ဟု ဆန္ဒထုတ်ဖော်ပွဲ၏ ဦးဆောင်ကော်မတီအတွင်းရေးမှုး ဦးကြည်လွင်က အကုန်သိသတင်းဌာနကို ပြောသည်။

အဆိုပါ မြေသိမ်းခံတောင်သူများ၏ စုပေါင်းဆန္ဒဖေါ်ထုတ်ပွဲကို ဇွန်လပထမအပတ်တွင်ကျင်းပသွားရန် စီစဉ်ထားပြီး၊ မေလ(၃၀)ရက်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများထံသို့ တရားဝင်ခွင့်ပြုချက်တောင်းဆိုသွားမည်ဖြစ်ကြောင်း၊ ဆန္ဒထုတ်ဖော်ပွဲအပြင်မြေသိမ်းခံများ၏ လူထုအစည်းအဝေးပွဲကြီး ပြုလုပ်ခြင်း၊ ပြည်တွင်းပြည်ပသတင်းစာဆရာများနှင့် သတင်းစာရှင်းလင်းပွဲပြုလုပ်ကျင်းပခြင်းများလည်း ရှိလာမည်ဖြစ်ကြောင်း သိရသည်။

မြင့်မိုရ်မေ /AkonThi

ပိတ်သိမ်းခိုင်းထားသည့် မင်္ဂလာဈေးမှ KTV ကို ပြန်ဖွင့်သည့် KTV ၀န်ထမ်း ၂ ဦး အဖမ်းခံရ

ပိတ်သိမ်းခိုင်းထားသည့် မင်္ဂလာဈေးမှ KTV ကို ပြန်ဖွင့်သည့် KTV ၀န်ထမ်း ၂ ဦး အဖမ်းခံရ

မြို့တော်စည်ပင်သာ၏ ညွှန်ကြားချက်ဖြင့် ပိတ်သိမ်းခိုင်းထားသော မင်္ဂလာဈေးအတွင်းရှိ ကေတီဗီနှင့် ဖျော် ဖြေရေး လုပ်ငန်းများအား မိမိသဘောဖြင့် ပြန်ဖွင့်ခဲ့သည့် Lucky ကေတီဗီမှ မန်နေဂျာနှင့် ၀န်ထမ်းတစ်ဦး ဖမ်းဆီးခံရကြောင်း ကေတီဗီပိုင်ရှင် ဦးမောင်မောင်အေးက ပြောသည်။

ပိတ်သိမ်းထားသည့် ကေတီဗီနှင့်ဖျော်ဖြေရေး လုပ်ငန်းများထဲမှ လိုင်စင်သက်တမ်း ကျန်ရှိနေသေးသည့် မ င်္ဂလာဈေး (၇) လွှာရှိ Lucky ကေတီဗီနှင့် (၉) လွှာရှိ 9 Floor ကေတီဗီ၊ မင်္ဂလာမွန်ဈေးရှိ NASA ဖျော်ဖြေ ရေးလုပ်ငန်းများကို မေလ (၂၆) ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး မေလ (၂၇) ရက်နေ့တွင် မန် နေဂျာနှင့် ၀န်ထမ်းတစ်ဦး ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ ကျွန်တော့ ဆိုင်က မန်နေဂျာ နှစ်ယောက်ကို မင်္ဂလာတောင်ညွန့် ရဲစခန်းက (၂၇) ရက်နေ့မှာ စစ်ဆေး စ ရာရှိ လို့ဆိုပြီး ခေါ်သွားတယ်။ ပြီးတော့ အဲဒီနေ့ပဲ သူတို့နှစ်ယောက်ကို အချုပ်ထဲ ထည့်ထားလိုက်တယ်။ နောက်တော့ ရမာန်ယူပြီး အင်းစိန် ထောင်အချုပ်ထဲ ရောက်သွားတယ်။ ဖမ်းထားတဲ့ အမှုက ကျွန်တော်တို့ ဆိုင်တွေကို ဧပြီလ (၁၃) ရက်နေ့ ညဘက်မှာ စည်ပင်က အင်အားနဲ့ ဆိုင်တွေ ပိတ်ခိုင်းတယ်။ မင်္ဂလာဈေး ၀င်း တံခါးကိုပိတ်ပြီး သော့ခတ်သွားတယ်။ ဆိုင်ကိုလာတဲ့ ဧည့်သည်တွေလည်း ထွက်လို့ မရတော့ဘူး။ နောက်ရောက်လာတဲ့ ဧည်သည်တွေလည်း ၀င်လို့ မရတော့ဘူး။ ဒါနဲ့ ကျွန်တော့်ဆိုင်က ၀န်ထမ်းကောင် လေး တစ်ယောက်က သော့ကိုရိုက်ပြီး ဖျက်လိုက်တယ်။ အဲဒီကိစ္စကို စစ်ဆေးစရာရှိ တယ်ဆိုပြီး ကျွန် တော့ဆိုင်က မန်နေဂျာနဲ့ ၀န်ထမ်းကိုခေါ်ပြီး ၀တ္တရားနှောက်ယှက်မှုနဲ့ ပြည်သူပိုင် ပစ္စည်းဖျက်ဆီး တယ်ဆို ပြီး ဖမ်းထားလိုက်တယ်။ သော့ကိုရိုက်ချိုးလိုက်တဲ့ ၀န်ထမ်းက မရှိတော့ဘူး။ အလုပ်ထွက်သွားတာ တစ်လ လောက်ရှိပြီ” ဟု ဦးမောင်မောင်အေးက ပြောသည်။

ဆိုင်များပြန်လည်ဖွင့်လှစ်နိုင်ရန် နိုင်ငံတော်အတိုင်ပင်ခံရုံး အပါအ၀င် သက်ဆိုင်ရာဌာန (၂၆) ခုကို အသ နားခံစာများ ပေးပို့ထားသော်လည်း မေလ (၃၀) ရက်နေ့တွင် ဆိုင်လိုင်စင် သက်တမ်းတိုးခွင့်ကို ဖျက်သိမ်း ကြောင်း အကြောင်းကြားစာကို စည်ပင်သာယာ ဈေးများဌာနက လာကပ်သွားပြီး မင်္ဂလာဈေး (၄) လွှာမှ စ၍ အတက်အဆင်း မပြုလုပ်ရန် ပိတ်ထားကြောင်း သိရသည်။

အောင်သူရိန်/ Akonthi

" ပြည် သူ နဲ့ လက် နက် ကိုင် ဘယ် သူ အ ဓိ က လဲ "

" ပြည် သူ နဲ့ လက် နက် ကိုင် ဘယ် သူ အ ဓိ က လဲ "

ညီ လာ ခံ ကြီး ဒု တိ ယ အ ကြိမ် ပြီး သွား ခဲ့ ပါ ပြီ ။

သ ဘော တူ ညီ ချက် တော် တော် ရ ရှိ လိုက် ပြီး အ ကြိတ် အ နယ် လည်း ဆွေး နွေး လိုက် ရ တယ် လို့ ဆို တယ် ။ ဒါ ပေ မယ့် အ စ က တည်း က ထင် ထား တဲ့ အ တိုင်း ခွဲ ထွက် ခွင့် ဆို တဲ့ ကိ စ္စ မ ပြေ လည် ခဲ့ ကြ ပါ ဘူး ။

တိုင်း ရင်း သား တွေ ဖက် က မည် သည့် အ စိတ် အ ပိုင်း မျှ မည် သည့် အ ခါ မှ ခွဲ ထွက် ခြင်း မ ပြု ဆို တဲ့ ကိ စ္စ ကို လက် မ ခံ သ လို သ ဘော သက် ရောက် ခဲ့ လို့ အဲ့ ဒီ ကိ စ္စ ရယ် သူ နဲ့ ဆက် စပ် တဲ့ ကိ စ္စ တွေ ရယ် တစ် ချို့ ချန် ခဲ့ ကြ ရ တယ် ။ ဘာ ပဲ ပြော ပြော အ တိုင်း အ တာ တစ် ခု အ ထိ တော့ အောင် မြင် တယ် လို့ ပြော လို့ ရ ပါ တယ် ။

တ ကယ့် အ ရေး ကြီး ဆုံး ဖြစ် တဲ့ ကိုယ် ပိုင် ပြ ဌာန်း ခွင့် ရ ရှိ ရေး ဆို တဲ့ ကိ စ္စ ကို ဆက် ဆွေး နွေး လို့ မ ရ ကြ တော့ သ လို ဖြစ် ခဲ့ ရ တယ် ။

တိုင်း ရင်း သား တွေ က တန်း တူ မ ရ ရင် ခွဲ ထွက် ချင် တဲ့ အ နေ အ ထား မျိုး နဲ့ ဆွေး နွေး ကြ ဟန် ရှိ ပါ တယ် ။

ဒီ နေ ရာ မှာ ပြ ဿ နာ က တန်း တူ ရ တယ် မ ရ ဘူး ဆို တာ ဘာ နဲ့ တိုင်း ထွာ မ လဲ ဆို တာ ပဲ ။

တိုင်း ရင်း သား တွေ မ ကြာ ခ ဏ ပြော တတ် ကြ တဲ့ အ ထဲ မှာ ဗ မာ လူ မျိုး ကြီး ဝါ ဒ တို့ ၊ တန်း တူ မ ရ ဘူး တို့ ဆို တာ တွေ ကို မ ကြာ ခ ဏ ကြား ရ တတ် ပါ တယ် ။ အဲ့ ဒီ လူ မျိုး ကြီး ဝါ ဒ ဆို တာ ဘယ် လို လဲ ၊ တန်း တူ မ ဖြစ် တာ ဘာ လဲ လို့ ပြန် မေး ရင် ရှင်း ရှင်း လင်း လင်း ပြန် ဖြေ နိုင် တဲ့ သူ သိပ် မ တွေ့ ဘူး ။ ပြီး ခဲ့ တဲ့ ကာ လ က ပ ညာ ရည် နိမ့် ကျ လို့ ဖြစ် ခဲ့ ရ တာ တွေ ကို အ ခြေ ခံ ပြီး ပြော နေ ကြ တာ များ တာ ကို တွေ့ ရ တယ် ။

ပြည် မ မှာ လာ နေ တဲ့ တိုင်း ရင်း သား နဲ့ ပြည် နယ် မှာ သွား နေ တဲ့ ပြည် မ သား တွေ ကို ယှဉ် ကြည့် ရင် ပြည် မ မှာ လာ နေ တဲ့ တိုင်း ရင်း သား တွေ သာ မန် သာ မ က တစ် ချို့ သာ မန် ထက် ပို တဲ့ အ လေး ပေး မှု တွေ နဲ့ နေ ကြ ရ တယ် ။ ပြည် မ သား တွေ ပြည် နယ် တွေ မှာ အ ခက် အ ခဲ တွေ နဲ့ ပို ပြီး ရင် ဆိုင် ကြ ရ တတ် ပါ တယ် ။

ဒါ ပြည် နယ် တွေ မှာ နေ ကြ တဲ့ ပြည် မ သား တွေ ပြော စ ကား ပါ ။

အ မှန် တော့ တိုင်း ရင်း သား တွေ ပြော သ လို တန်း တူ မ ဖြစ် ဘူး တို့ ဗ မာ လူ မျိုး ကြီး ဝါ ဒ တို့ ဆို တာ ဝါ ဒ ဖြန့် ချဲ့ ကား ထား ကြ တာ တွေ ဖြစ် ပါ တယ် ။ လွန် ခဲ့ တဲ့ နှစ် များ စွာ က ဖြစ် ခဲ့ ကောင်း ဖြစ် ခဲ့ နိုင် ပေ မယ့် လက် ရှိ အ ချိန် အ ပါ အ ဝင် ဒီ ဖက် ခေတ် တွေ မှာ မ ရှိ တော့ ပါ ဘူး ။ မ ကြာ ခ ဏ ရေး ခဲ့ ဖူး သ လို အ ရင် အာ ဏာ ရှင် စ နစ် တို့ တစ် ပါ တီ စ နစ် တို့ မှာ တိုင်း ရင်း သား တွေ မှ ခွဲ ခြား ဆက် ဆံ ခံ ခဲ့ ရ တာ မ ဟုတ် ဘူး သူ တို့ အ သိုင်း အ ဝိုင်း က မ ဟုတ် တဲ့ သူ အား လုံး ကို တစ် ဆင့် နိမ့် အ နေ နဲ့ ကို မြင် ခဲ့ ကြ တာ ။

ဒါ တွေ ကို မ ကြေ နပ် ကြ လို့ လည်း တစ် နိုင် ငံ လုံး ဆ န္ဒ ပြ ပြီး စ နစ် တွေ လူ တွေ ကို ရ အောင် ပြောင်း ပစ် ခဲ့ ကြ ပြီး ပြီ ဆို တဲ့ ပ က တိ အ ခြေ အ နေ ကို နား လည် သိ ရှိ ဖို့ လို ပါ တယ် ။

လက် ရှိ အ ခြေ အ နေ အ ရ ပြင် စ ရာ ရှိ တာ တွေ ကို ပြင် ဖို့ ပြောင်း စ ရာ ရှိ တာ တွေ ကို ပြောင်း ဖို့ စ နစ် တ ကျ တစ် ဆင့် ခြင်း ဆောင် ရွက် နေ ကြ ရ တဲ့ အ ချိန် မှာ အ မှန် တ ကယ် ပြင် ချင် ပြောင်း ချင် တယ် ဆို ရင် ပူး ပေါင်း ပါ ဝင် ဖို့ သာ လို ပါ တယ် ။ မ ယုံ ကြည် ဖူး ဆို တာ မ ပူး ပေါင်း ချင် လို့ ၊ မ ပြင် ချင် မ ပြောင်း ချင် လို့ ပြော ကြ တဲ့ စ ကား တွေ ပဲ ။

စ နစ် တ ကျ အ ဆင့် ဆင့် ဆို တာ ၁ ပြီး ရင် ၂ ၊ ၂ ပြီး ရင် ၃ ဆို ပြီး အ စဉ် အ တိုင်း သွား ရ တာ ကို ဆို လို တာ ပါ ။

၁ က နေ ၄ ကို ကျော် လုပ် ၊ ၃ ပြီး မှ ၂ လာ ဆို ရင် ဘယ် လို မှ စ နစ် ကျ တဲ့ အ ခြေ အ နေ ကို မ ရ နိုင် ဘူး ။

တိုင်း ရင်း သား တွေ အ လို ရှိ တာ ကိုယ့် ပြည် နယ် မှာ ကိုယ် ပိုင် အုပ် ချုပ် ခွင့် တွေ ၊ ကိုယ် ပိုင် ပြ ဌာန်း ခွင့် တွေ ၊ သ ယံ ဇာ တ စီ မံ ခန့် ခွဲ ပိုင် ခွင့် တွေ အ စ ရှိ တဲ့ လွတ် လပ် တဲ့ ပြည် နယ် အုပ် ချုပ် ရေး မျိုး လို ချင် ကြ တယ် ။ အ မေ ရိ ကန် နိုင် ငံ က ဖက် ဒ ရယ် စ နစ် လို ပေါ့ ။

ဒါ ဆို အ မေ ရိ ကန် နိုင် ငံ ကို ကြည့် ပြီး လက် နက် ကိုင် တွေ အ နေ အ ထား ဘယ် လို ရှိ လည်း လို့ က စ ရ အောင် ပေါ့ ။ ဒါ ကြောင့် အ စ လုပ် ရ မယ့် လက် နက် ကိုင် တွေ ငြိမ်း ချမ်း ရေး ယူ ၊ နိုင် ငံ ခွဲ မ ထွက် ရ ဆို တာ နဲ့ စ နေ တာ ။ ဒါ ကို တောင် မှ စ မ လုပ် ပဲ နဲ့ ဘယ် လို့ လုပ် ပြီး နောက် တစ် ဆင့် ကို တက် ကြ မှာ ပါ လဲ ။

အ ခု ညီ လာ ခံ မှာ သ ဘော တူ ညီ ချက် တစ် ချို့ လက် မှတ် ထိုး တယ် လို့ ကြေ ငြာ တော့ ငြိမ်း ချမ်း ရေး လက် မှတ် မ ထိုး ထား တဲ့ အ ဖွဲ့ က ခေါင်း ဆောင် တစ် ယောက် က ပြည် သူ တွေ ရွေး ချယ် ထား တဲ့ ကိုယ် စား လှယ် မ ဟုတ် ပဲ ဘယ် လို လုပ် ပြီး နိုင် ငံ တော် ကိ စ္စ တွေ ကို ဆုံး ဖြတ် နေ တာ လဲ ဆို တဲ့ သ ဘော မျိုး ရေး လာ တယ် ။

ပြော ရ မယ် ဆို ရင် မှန် တဲ့ ကိ စ္စ ပဲ ။ အ ခု ညီ လာ ခံ ကို အ မှန် ဆို သာ မန် အောက် ခြေ တိုင်း ရင်း သား တွေ ကို ကိုယ် စား ပြု တဲ့ ကိုယ် စား လှယ် တွေ တက် ရောက် ပြီး ဆွေး နွေး သင့် တာ ။ အ နည်း ဆုံး လွှတ် တော် ကိုယ် စား လှယ် မ ဟုတ် တောင် ဒေ သ က ရွေး ချယ် ပေး လိုက် တဲ့ ကိုယ် စား လှယ် တွေ ပဲ ဖြစ် သင့် တယ် ။ လက် နက် ကိုင် တွေ စစ် ဖြစ် ရင် ထွက် ပြေး ရ တာ က အဲ့ ဒီ လူ တွေ ပါ ။

* * အ ခု ခွဲ မ ထွက် ရ ဆို တဲ့ အ ဆို ကို သာ မန် ပြည် သူ တိုင်း ရင်း သား တွေ က စ တောင်း ဆို ခဲ့ တာ ။

" ပြည် ထောင် စု က ခွဲ မ ထွက် ရ ဆို တဲ့ စာ သား က တပ် မ တော် က တင် သွင်း လာ တဲ့ စာ သား ထဲ မှာ မ ပါ ဘူး ။ အ မျိုး သား အ ဆင့် နိုင် ငံ ရေး ဆွေး နွေး ပွဲ ကို ခြောက် နေ ရာ မှာ လုပ် တာ လေး နေ ရာ က အဲ့ ဒီ အ ချက် ပါ လာ တယ် ။ ကျွန် တော် တို့ အ နေ နဲ့ ချန် ထား လို့ မ ရ ဘူး မ ကြိုက် သော် လည်း အ မှန် တ ရား ကို သ တ္တိ ရှိ ရှိ ရင် ဆိုင် ပြီး တော့ ဒါ ကို တင် လာ တာ ဖြစ် တယ် " လို့ ဒေါက် တာ ဆ လိုင်း လျန် မှုန်း က ပြော ခဲ့ တယ် ။

ပ အိုဝ်း ၊ ရှမ်း ၊ တ န င်္သာ ရီ နဲ့ ပဲ ခူး တို့ လေး နေ ရာ က တင် ပြ လာ တာ ။

ဒါ ကို တစ် ချို့ တွေ က ဘယ် သူ က မှ အ ခွင့် မ ပေး ပဲ ပြည် နယ် သား တွေ ကိုယ် စား ဆွေး နွေး ဆုံး ဖြတ် နေ ကြ တယ် ။ စစ် ဖြစ် ရင် ထွက် ပြေး နေ ရ တဲ့ ၊ မိုင်း နင်း မိ ရင် ခြေ ပြတ် လက် ပြတ် ဖြစ် ရ တဲ့ ၊ နယ် ကျော် မိ ရင် အ နှိပ် စက် ခံ ရ တဲ့ ပြည် နယ် သား တွေ လက် ခံ ကြ ပါ လို့ လား လို့ မေး ကြည့် ချင် တယ် ။

တစ် ချို့ လက် နက် ကိုင် အ ဖွဲ့ တွေ က စိတ် ဆိုး တယ် မ တက် ဘူး ဆို တာ တောင် လုပ် ကြ သေး တယ် ။

တ ကယ် တော့ လက် နက် ကိုင် ထား လို့ ခေါင်း ဆောင် နေ ရာ ယူ ထား ကြ သ လို ဖြစ် နေ ပါ တယ် ။ ဒီ လို အ ခြေ အ နေ က အ ရင် စစ် အ စိုး ရ လက် ထက် မှာ သင့် လျော် ပေ မယ့် အ ခု ဒီ မို က ရေ စီ အ စိုး ရ လက် ထက် မှာ မ သင့် တော့ ဘူး ။

သာ မန် ပြည် သူ တွေ က ငြိမ်း ချမ်း ချင် လှ ပြီ ။ ခွဲ မ ထွက် ချင် ကြ ဘူး ။ တစ် နေ ရာ နဲ့ တစ် နေ ရာ ကို အေး အေး လူ လူ သွား လာ ပြီး စီး ပွား ရှာ ချင် နေ ကြ တယ် ။ ဒါ ပေ မဲ့ လက် နက် ကိုင် တွေ ကြောင့် နယ် မ ကျော် ရဲ ကြ တာ နဲ့ ၊ ည မ ထွက် ရဲ ကြ တာ နဲ့ အ ခွင့် အ ရေး တွေ ဆုံး ရှုံး နေ ကြ ရ ပါ တယ် ။

လက် နက် ကိုင် မ ဟုတ် တဲ့ သာ မန် အေး ချမ်း ချင် တဲ့ ပြည် သူ ကိုယ် စား လှယ် တွေ သာ ဆို ရင် ခွဲ မ ထွက် ပါ နဲ့ ဆို တဲ့ ကိ စ္စ ကို မ ထွက် ပါ ဘူး ပြော မ လား ၊ မ ဆွေး နွေး ပါ နဲ့ ပြော မ လား လို့ သိ ချင် လှ တယ် ။ အေး ချမ်း လို့ ဒေ သ ဖွံ့ ဖြိုး ရေး လုပ် နေ မှာ နဲ့ စစ် ပြေး ရ ပြီး ဆက် ကြေး ပေး ရ မယ့် ကိ စ္စ ဘယ် အ ရာ ကို ရွေး မှာ လဲ သိ ချင် မိ တယ် ။

အ ခု အဲ့ ဒီ ကိ စ္စ တစ် ခု မ ဆွေး နွေး ဖြစ် ပဲ ရပ် သွား တော့ နောက် ဆက် ဆွေး နွေး ရ မယ့် ကိုယ် ပိုင် ပြ ဌာန်း ပိုင် ခွင့် တို့ ဆို တဲ့ အ ဆင့် ကို မ ရောက် လာ ရ တော့ ဘူး ပေါ့ ။

ဘယ် သူ တွေ ကြောင့် ဖြစ် ရ သ လဲ ဆို တာ ကို မြင် နိုင် ပါ တယ် ။

( ဆက် ပါ အုံး မယ် )

မိုး တင့် ( ရန် ကုန် တ က္က သိုလ် )
၃၀ ၊ ၅ ၊ ၂၀၁၇

                                              မိုး တင့် ဆွေ
                                            ၃၁ ၊ ၅ ၊ ၂၀၁၇
                                                 ဗု ဒ္ဓ ဟူး ။
Photo in google

အလုပ်သမား အငြင်းပွားမှု ဥပဒေကြမ်းပါ အချက် ၂ ချက်ပြင်ပေးဖို့ တောင်းဆို

အထည်ချုပ်လုပ်ငန်းရှင်အသင်း အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် ကိုတွေ့ရစဉ်။ Photo: Thant Zin Oo/RFA
အလုပ်သမားဝန်ကြီးဌာနကနေ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေးကော်မရှင်ကို မနေ့က တင်ပြလိုက်တဲ့ အလုပ်ရှင်အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေ မူကြမ်းမှာ ပါဝင်တဲ့ အချက်၂ ချက်ကို ပြင်ဆင်ပေးဖို့ အလုပ်ရှင်တွေက တောင်းဆိုထားတယ်လို့ အထည်ချုပ် လုပ်ငန်းရှင်အသင်း အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် က ပြောပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှာ ပြုလုပ်တဲ့ အလုပ်သမား ဥပဒေများ ပြုပြင်ပြောင်းလဲရေး ဆွေးနွေးပွဲမှာ အလုပ်ရှင်တွေဘက်က ပြင်ဆင်ပေး ဖို့ တောင်းဆိုထားတဲ့ အချက် ၂ ချက်နဲ့ပတ်သက်ပြီး ဒေါ်ခိုင်ခိုင်နွယ်က အခုလိုပြောတာပါ။

"ဥပဒေကြမ်းထဲမှာ အလုပ်ရှင်များကို ထောင်ဒဏ်လို့ချထားတာရှိပါတယ်၊ အလုပ်ရှင်တွေအနေနဲ့ ဒီဟာကို ပယ်ဖျက်ဖို့အတွက် တောင်းဆိုထားတာရှိပါတယ်"

ဒါ့အပြင် လက်ရှိဥပဒေကြမ်းဟာလည်း အလုပ်ရှင်၊ အလုပ်သမားနဲ့ အစိုးရ သုံးပွင့်ဆိုင်ဆွေးနွေးရေးဆွဲထားတာ မဟုတ်လို့ အစိုးရအနေနဲ့ လွှတ်တော် ကော်မရှင်ကို တင်ပြရုံပဲ တင်ပြလို့ရတယ်လို့ အထည်ချုပ်လုပ်ငန်းရှင်အသင်း အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် ကပြောပါတယ်။

ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ တရားလွှတ်တော်ရှေ့နေ ဦးသန်းမောင်ကတော့ စက်ရုံအလုပ်ရုံတွေပိတ်သွား ရင် အဲဒီစက်ရုံပိုင်ရှင်တွေက အခြားအလုပ်ပြောင်းလုပ်လို့ရလို့ အခက်အခဲမရှိနိုင်ပေမယ့် အလုပ်သမားတွေ မှာတော့ အခက်အခဲဖြစ်နိုင်တာကြောင့် ဥပဒေတွေရေးဆွဲတဲ့အခါ နှစ်ဦးနှစ်ဖက်မျှတအောင်ကြည့်ပြီးမှ ဆွဲဖို့လိုတယ်လို့ အကြံပြုပါတယ်။

၂ဝ၁၆ ခုနှစ်ထဲမှာ တစ်နိုင်ငံလုံး အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုကြောင့် ခုံသမာဓိကောင်စီမှာဖြေရှင်းပေး ခဲ့ရတဲ့အမှု ၁၂၃၈ ခုရှိကာ ၂၀၁၇ ခုနှစ် မတ်အလအထိလည်း အမှုပေါင်း ၃ဝ၅ ခုရောက်လာခဲ့ပါတယ်၊ အဲဒီအ မှုတွေထဲမှာ ခုံသမာဓိကောင်စီမှာပြေလည်မှုမရလို့ နောက်ဆုံးအဆင့်ခုံကောင်စီကို ၄၈မှု ရောက်ခဲ့တယ်လို့ အလုပ်သမား ညွှန်ကြားရေးမှူးဦးစီးဌာန စာရင်းဇယားတွေအရ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

BGF တပ်ဖွဲ့ ဖမ်းထားသည့် ရွာသားများကို အမြန်ဆုံးပြန်လွတ်ပေးရန် မိသားစုဝင်များလိုလား



မေလ ၃၁ ရက်၊ ၂၀၁၇ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ကြီးအုပ်ကျေးရွာအုပ်စု ကရင်လိုင်ကျေးရွာ ဒါလီသစ်တောကြိုးဝိုင်းတွင် မေလ ၂၃ ရက် နေ့က ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် (BGF) အမှတ် ၁၀၂၁ တပ်ရင်း၏ ဖမ်းဆီးခြင်းခံရပြီး ပြန်လည်လွတ် မြောက် လာခြင်းမရှိသေးသည့် ကရင်လိုင်ကျေးရွာသား ဒေသခံ ၂ ဦးအား အမြန်ဆုံးပြန်လွတ်ပေးရန် မိသားစုဝင်များက လို လား လျှက်ရှိကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် ကရင်လိုင်ကျေးရွာသား ဦးတင်ထွန်လေး၏ ဇနီးဖြစ်သူ နော်ဖလေးဝါးက “ဘာအကြောင်း ကိစ္စမှန်းမသိ ဖမ်းထားတာ ရက်ကြာလာတော့ ဘယ်လိုနေ ဘယ်လိုစားရမှန်းမသိ စိတ်ပူတယ်။ ဘယ်သူမှ အကြောင်းမကြားလာတော့ အရမ်းသွားတွေ့မရဲဘူး။ တစ်နေ့လုပ်မှ တစ်နေ့စားရတာပါ။ ယောက်ျားလဲမရှိတော့ ကလေးတွေလည်းကျောင်းမအပ်နိုင် သေးဘူး။ စာဝတ်နေရေးလည်း အခက်အခဲရှိတယ်။ အမြန်ဆုံးပြန်လွတ်ပေးဖို့ အထက်လူကြီတွေကို တောင်းဆိုချင်ပါ တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က ဒါလီသစ်တောကြိုးဝိုင်းအတွင်း ရာဘာစိုက်ပျိုးရန် ခုတ်ထွင်ရှင်းလင်းမှုများပြုလုပ်နေသည့် က ရင်လိုင်ကျေးရွာသား ၄ ဦးကို နယ်ခြားစောင့်တပ် BGF အမှတ် ၁၀၂၁ တပ်ရင်းမှ တပ်ဖွဲ့ဝင် အင်အား ၂၀ ကျော် ရောက်ရှိ လာပြီး အဆိုပါ ဒေသခံများအား လက်ထိပ်ခတ်ကာ ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဖမ်းဆီးခံ မိသားစုဝင်များဘက်က ပြောသည်။

နယ်ခြားစောင့်တပ်၏ ဖမ်းဆီးခြင်းခံထားရသူ ၄ ဦးအနက် ၂ ဦးသာ ပြန်လည်လွတ်မြောက်လာသေးပြီး ဆက်လက်ဖမ်း ဆီး ခံထားရဆဲဖြစ်သည့် ကရင်လိုင်ရွာမှ စောတင်ထွန်းလေးနှင့် ဦးတရုတ်တို့ ၂ ဦးအတွက် မိသားစု ၀င်များအနေဖြင့် ၎င်းတို့ အား အမြန်ဆုံးပြန်လွတ်ပေးရန် တောင်းဆိုနေကြခြင်းဖြစ်သည်။

ဒေသခံများ ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်၍ BGF အမှတ် ၁၀၂၁ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောဘီလူးက “ BGF မဖြစ်ခင်က တည်းက ထိန်းသိမ်းခဲ့တဲ့ မြေနေရာမှာ လာပြီးလုပ်လို့ ခေါ်ပြီးတော့ နားလည်အောင်ရှင်းပြတာပဲ ဖမ်းဆီးတာ မဟုတ်ဘူး။ အဲ ဒီမှာရှိတဲ့ ရွာတိုင်းကို ပေးစိုက်ထားတာ သူများတွေ ရာဘာခြစ်စားကုန်ပြီး။ အဲဒီရွာကပဲ စိုက်လိုက်၊ ရောင်း စားလိုက်နဲ့၊ မ ထိန်းသိမ်းပဲ သူများရောင်းစားလို့ ကုန်တာကြာပြီး။ အဲနေရာ တစ်ကွက်ပဲ ကျန်ပါတယ်။ ကျေးရွာ တာဝန်ရှိသူ တွေအနေနဲ့ လာပြီးတွေ့ဆုံတာ မရှိဘူး ။ အချိန်မရွေး ပြန်လွတ်လို့ရတယ်” ဟု မေလ ၃၀ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

ယင်းဒါလီကြိုးဝိုင်းအတွင်း ရွာသားများ သစ်ပင်သွားရောက်စိုက်ပျိုးသည့် မြေနေရာကို အစိုးရက တရားဝင်ချထားပေးသည့် မြေဧရိယာအတွင်းဖြစ်သည်ဟု ဒေသခံများက ပြောဆိုနေကြသလို BGF ဘက်ကလည်း ၂၀၁၂ ခုနှစ်အတွင်းက တပ်မြေ အဖြစ် သတ်မှတ်ထားသည့် မြေဧရိယာ ၆၀၀ အတွင်း ပါဝင်သည်ဟု ပြောဆိုသည့်အတွက် အငြင်းအပွား မြေနေ ရာများ ဖြစ်သည်ဟု သိရသည်။

၂၀၁၅ ခုနှစ် ဒါလီသစ်တောကြိုးဝိုင်းတွင် နိုင်ငံတော်မှ ဒေသခံ ၃၀ ဦးကို စိုက်ပျိုးမြေ ၈၆၄ ဧက စိုက်ပျိုးခွင့်ပေးခဲ့ခြင်းဖြစ် သည်ဟုသိရပြီး ဒေသခံများက ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီပင်များ စိုက်ပျိုးရန်အတွက် ယခင်လကတည်းက BGFမှ တား ဆီးမှုများပြုလုပ်ခဲ့သေးကြောင်းလည်း စိုပြည်စိမ်းလန်း မြန်မာတစ်ဝှမ်း ကြီးငယ် သစ်ပင် စိုက်ပျိုးရေးအဖွဲ့ ဥက္ကဌ စောဖုန်း နိုင်က ပြောသည်။

ယင်းကိစ္စအပေါ် ကျိုက်မရောမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးမှူးဦးဆန်းဝင်းထွန်းက “ဒါလီသစ်တောကြိုးဝိုင်းမှာ ၁၆၊ ၂ဝ၊ ၂၁၊ ၂၃၊ အကွက်တွေမှာ ၂၀၁၄ ခုနှစ်က ရာဘာစိုက်ပျိုးဖို့ ဒေသခံ ၃၀ ဦး လျှောက်ထားတယ်။ ဧကပြည့်မီအောင် စိုက်ပျိုး ဖို့ ညွှန်ကြားထားတယ်။ ၈ဝ၅ ဧကတောင်းခံထားတာ ကွင်းဆင်းစစ်ဆေးတဲ့အခါမှာ ၃.၂၅ ဧကပဲ စိုက်ထားတယ်။ ၇၀ ရာ ခိုင်နှုန်းမပြည့်လို့ စာချုပ်မချုပ်ပေးသေးဘူး။ BGFရဲ့ တိုက်ရိုက်စိုးမိုးမှု ဧရိယာ နယ်မြေတော့မသိဘူး ။ ရွာရဲ့အနေအထားနဲ့ အဖွဲ့အစည်းရဲ့အနေထား မပြောနိုင်သေးဘူး” ဟု မေလ ၃၁ ရက်နေ့တွင် ကေအိုင်စီသို့ပြောသည်။

ဒါလီသစ်တောကြိုးဝိုင်း ဧရိယာအတွင်း ဖြစ်ပွားသည့် ကိစ္စနှင့်ပတ်သက်၍ မွန်ဒေသမြေယာ အသုံးချမှု ကွန်ယက်အဖွဲ့မှ မေလ ၂၉ ရက်နေ့က မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးထံသို့ စာရေးတင်ပြထားကြောင်း လည်း သိရသည်။

 ကေအိုင်စီ
http://kicnews.org

လူမှုကွန်ယက်ပေါ်က နှိပ်စက်ညှင်းပမ်းမှုဗွီဒီယို မြန်မာစစ်တပ် စုံစမ်းအရေးယူမည်

လူမှုကွန်ယက်ပေါ်က နှိပ်စက်ညှင်းပမ်းမှုဗွီဒီယို (Fortify Rights - Myanmar)
ရှမ်းပြည်နယ်အတွင်း အရပ်သားအချို့ကို တပ်မတော်သားတချို့က ဖမ်းဆီးနှိပ်စက် စစ်ဆေးနေတာနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးနေကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာနကလည်း ပြစ်မှုချိုးဖောက်ကြောင်း ထင်ရှားလျှင် တည်ဆဲဥပဒေ စည်မျဉ်းစည်းကမ်းတွေနဲ့ အညီ အရေးယူသွားမယ်ဆိုပြီး ဒီကနေ့ ကြေညာချက် ထုတ်လိုက်ပါတယ်။ အခုလို ပြစ်မှုကျူးလွန်သူတွေကို ထိထိရောက်ရောက် အပြစ်ပေးမှသာ ဒီလို လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို တားဆီးနိုင်လိမ့်မယ်ဆိုပြီး လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြကြပါတယ်။ ဒီအကြောင်း ကိုအောင်အောင်က ပြောပြပေးမှာပါ။

ရှမ်းပြည်နယ်အတွင်းက ဒေသခံ တိုင်းရင်းသားအချို့ တပ်မတော်သားတချို့က ကိုယ်ထိလက်ရောက် ရိုက်နှက်နေတဲ့ ဗွီဒီယိုမှတ်တမ်း ဖေ့စ်ဘွတ်စာမျက်နှာမှာ မေလ ၂၇ ရက်နေ့ မနက် ၁ နာရီလောက်က စတင်ထွက်ပေါ်လာတာပါ။

တယ်လီဖုန်းနဲ့ ရိုက်ကူးထားတယ်လို့ယူဆရတဲ့ ဗွီဒီယို အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီးနောက် အခုလို ပြစ်မှုကျူးလွန်သူတွေကို ဖေါ်ထုတ်ဖို့ ကြိုးပမ်းနေပြီး တည်ဆဲဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးကရော နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာနကပါ သတင်းထုတ်ပြန်ထားပါတယ်။ ဘယ်လို ပုံစံမျိုးနဲ့ စုံစမ်းစစ်ဆေးသွားလဲဆိုတာကို နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အခုလိုရှင်းပြပါတယ်။

“အဲဒီလိုမျိုးတပ်မတော်သားတယောက်က ဒီလိုမျိုးကျူးလွှန်တယ်ဆိုရင် သက်ဆိုင်ရာ စစ်ဘက်ဆိုင်ရာဥပဒေအရ အရေးယူသင့်သလိုမျိုး ၊ အရပ်ဘက်မှာလည်း အရပ်ဘက်ဆိုင်ရာ အရပ်ဘက်အကြောင်းအရ ပတ်သက်တယ်ဆိုရင် အရပ်ဘက်တရားရုံးကိုလွှဲတယ်။ ဒါက မြန်မာ့တပ်မတော်မှာ ဥပဒေ နှစ်ရပ်နဲ့ အရေးယူခံရတာတွေအများကြီးရှိခဲ့တယ်။”

နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အချို့က ဒီဖမ်းဆီးနှိပ်စက်မှုနဲ့ ပတ်သက်လို့ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးဖို့ တောင်းဆိုအပြီး ရက်အနည်းငယ် အကြာမှာ တပ်မတော်ဘက်ကရော အစိုးရဘက်ကပါ အခုလို သတင်း ထုတ်ပြန်လိုက်တာပါ။ Fortify Rights လူ့အခွင့်အရေးအဖွဲ့ကလည်း မေလ ၂၈ ရက်နေ့က ကြေညာချက် ထုတ်ပြီး ဖမ်းဆီးနှိပ်စက်ခံရသူတွေ ဘယ်မှာ ဖမ်းဆီးချုပ်နှောင် ထားသလဲဆိုတာနဲ့ သူတို့တွေရဲ့ လုံခြုံရေးအတွက် အာဏာပိုင်တွေအနေနဲ့စုံစမ်း စစ်ဆေးပေးဖို့ အမှုဆောင် ညွှန်ကြားရေးမှူးချုပ် Matthew Smith က ပြောပါတယ်။

“တပ်မ ၈၈ က စစ်သားတွေဟာ လက်နောက်ပြန်ကြိုးချည်ခံထားရတဲ့ ရွာသားတွေကို ပြင်းပြင်းထန်ထန်နှိပ်စက်နေတာပါ။ ဗွီဒီယိုထဲမှာတော့ သူတို့ဟာ တခုခုကို စစ်ဆေးနေပုံပါ။ ဒါကြောင့် အာဏာပိုင်တွေအနေနဲ့ ဒီကိစ္စကို အမြန်ဆုံး စုံစမ်းစစ်ဆေးပြီး ပြစ်မှုကျူးလွန်တဲ့တပ်ဖွဲ့ဝင်တွေကို အပြစ်ပေးအရေးယူဖို့ပါ။”

၁၇ မိနစ်ကြာ ဗွီဒီယိုထဲမှာ လက်ပြန်ကြိုးတုပ်ပြီး ဖမ်းဆီးခံထားရတဲ့ အရပ်ဝတ် အမျိုးသားအချို့ကို ယူနီဖောင်း ၀တ်ထားတဲ့ တပ်မတော်သားအချို့က မျက်နှာကို ခြေနဲ့ကန်၊ ပါးရိုက်တဲ့အပြင်၊ စစ်သံခမောက်နဲ့ မျက်နှာကိုရိုက်နှက်နေတာကို တွေ့ရပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး Facebook စာမျက်နှာမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ထဲက ဖမ်းဆီးရမိတဲ့ အကြမ်းဖက်သောင်းကျန်းသူ ၄ ဦးဆိုပြီး အဲဒီအဖမ်းခံရသူတွေကို ရည်ညွှန်းဖေါ်ပြ ထားပါတယ်။

TNLA တအောင်းတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်အိုက်ကျော်ကတော့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းနေဆဲဖြစ်ကြောင်း ပြောပါတယ်။

“ကျနော်တို့လည်းဖွင့်ကြည့်တယ် အဲဒီမှာ ပလောင်စကားပြောတဲ့အသံ တခွန်း၊ ၂ ခွန်းကြားရတယ်။ ဒါပေမယ့် ဘယ်နားမှာဆိုတာကိုတော့ ကျနော်တို့လည်း လိုက်မေးကြည့်နေတုန်းပဲ။ ပြောရမယ်ဆိုရင်တော့ ဒီဟာက အရပ်ဝတ်ဖြစ်တယ် ကျနော့်အမြင်ပေါ့နော်။ သူတို့ဆီမှာ လည်း ဘာမှမပါဘူး၊ ပြီးရင် ကြိုးတုတ်ပြီးမှ ရိုက်တယ်။ ဘာမှလက်နက်မရှိတဲ့လူကို အဲဒီလိုမျိုး ညှင်းပမ်း နှိပ်စက်တာက သဘာဝတော့မကျဘူး။”

ဖမ်းဆီးစစ်ဆေးနေတဲ့သူတွေထဲမှာ မြန်မာ့တပ်မတော် လက်မောင်းအမှတ်တံဆိပ် တပ်ဆင်ထားသူ တပ်မတော်သားအချို့နဲ့ ပြည်သူ့စစ်လို့ ယူဆရသူတွေ ပါဝင်ပါတယ်။ အခုနောက်ပိုင်းမှာ တပ်မတော်အနေနဲ့ တပ်ဖွဲ့ဝင်တွေရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှု ဖြစ်စဉ်တွေအပေါ် အရေးယူဆောင်ရွက်မှုတွေ ရှိလာပေမယ့် ဘယ်လိုပုံစံနဲ့ အရေးယူသလဲ ဆိုတာကို ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်ဖို့လိုကြောင်း ထောက်ပြသူက ကချင်ငြိမ်းချမ်းရေးကွန်ယက်က ဒေါ်ခွန်ဂျာပါ။

“အခုလောလောဆည်ကတော့ တရားစီရင်ရေးမှာ တပ်မတော်ကကျူးလွှန်တာနဲ့ ပတ်သက်လို့ရှိရင် အမြဲတမ်း စစ်ဥပဒေအရပဲ၊ စစ်စည်းကမ်းအရပဲ ကိုင်တွယ်ဖြေရှင်း တာဖြစ်တဲ့အတွက်ကြောင့် ပွင့်လင်းမြင်သာမှုမရှိတဲ့အတွက်ကြောင့် ဘယ်လိုအတိုင်းအတာအထိ တရားမျှတမှုကို ရှာဖွေပေးမလဲဆိုတာကို မသိပါဘူးရှင့်။ မြစ်ကြီးနားမြို့လယ်ခေါင်မှာ ဇွန်လ ၂၀ ရက်နေ့တုန်းက ပစ်သတ်ခံရတဲ့ ဂွန်ဆိုင်းအောင်ကိစ္စရော ၊ ပြီးလို့ရှိရင် ၂၀၁၅ ဧပြီလ ၁၃ ရက်နေ့မှာ မုဒိမ်းကျင့်ခံခဲ့ရတဲ့ Numlang ကျေးရွာက အသက် ၇၃ နှစ်အရွက် အဖွားကြီးရဲ့ case ရော ဒီ ၂ ခုစလုံးမှာက ပွင့်လင်းမြင်သာစွာ စီရင်မှုမရှိတဲ့အတွက် ကျမတို့အနေနဲ့ အရပ်သားခုံရုံးကို ပြန်လွှဲရဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။”

လွန်ခဲ့တဲ့ သီတင်းပတ်တုန်းကပဲ ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်းက စစ်ဘေးရှောင် ကယ်ဆယ်ရေး စခန်းမှာ ခိုလှုံနေတဲ့ ကချင်အမျိုးသားသုံးဦး သတ်ဖြတ်ခံခဲ့ရပါတယ်။ သူတို့ကို အစိုးရစစ်တပ်က ဖမ်းဆီးသွားပြီးနောက် ပျောက်ဆုံးသွားတာဖြစ်ကြောင်း ဒေသခံတွေကပြောပါတယ်။ဒီကိစ္စအပေါ်မှာလည်း တပ်မတော်သားတွေ ပါဝင် ပတ်သက်မှုရှိမရှိ စုံစမ်းစစ်ဆေးသွားမယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ထားပါတယ်။

 အောင်အောင်  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

မတူကွဲပြားမှုတွေ ကြားက စည်းလုံး ညီညတ်မှု ဘယ်လို ယူနိုင်မလဲ သင်ယူနိုင်ခဲ့ပြီ လို့ နိုင်ငံတော် အတိုင်ပင်ခံ ပြောကြား

မတူကွဲပြားမှုတွေ ကြားက  စည်းလုံး ညီညတ်မှု ဘယ်လို ယူနိုင်မလဲ သင်ယူနိုင်ခဲ့ပြီ လို့ နိုင်ငံတော် အတိုင်ပင်ခံ ပြောကြား


နေပြည်တော်၊ မေ ၂၉ – မတူကွဲပြားမှုတွေ ကြားက စည်းလုံး ညီညွတ်မှု ဘယ်လို ရယူနိုင်မလဲ ဆိုတာကို စပြီး သင်ယူနိုင်ခဲ့ပြီ လို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ၂၁ ရာစု ပင်လုံ အစည်းအဝေးရဲ့ နောက်ဆုံး ရလဒ် အခြေအနေကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် က

“ကျွန်မတို့ဟာ မတူကွဲပြားမှုတွေကြားက စည်းလုံး ညီညွတ်မှု ဘယ်လို ရယူနိုင်မလဲ ဆိုတာကို စပြီး သင်ယူ နိုင်ခဲ့ကြပါတယ်၊ တာတို ခရီးတွေမှာ ခွန်အားကြီးသူ တွေက သာလွန်တတ်ကြပေမဲ့ တာဝေး ခရီးတွေမှာ စိတ်ဓာတ် ခိုင်မာသူ တွေက အဓိက အောင်ပွဲ ဆင်လေ့ ရှိကြပါတယ်၊ ရှေ့ဆက် လျှောက်လှမ်း ရဦးမယ့် ငြိမ်းချမ်းရေး ခရီးရှည်ကြီးမှာ ကျွန်မတို့ အားလုံး အတွက် ဒီစိတ်ဓာတ်ဟာ ခွန်အား ဖြစ်လာပါလိမ့်မယ်၊ ဒီညီလာခံကြီးမှ ကျွန်မတို့ ရခဲ့တဲ့ အတွေ့အကြုံများက ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ်မှာ ရှိနေကြတဲ့ သံသယ စိတ်တွေကို ဖယ်ရှား ပေးနိုင်မယ့် စုစည်း ညီညွတ်မှု ရရှိရေး ဘက်ကို ပို့ဆောင် ပေးနိုင်လိမ့်မယ်လို့ ယုံကြည် ထားပါတယ်˘ လို့ ပြောပါတယ်။

နေပြည်တော်မှာ လက်ရှိ ကျင်းပနေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလခံ “၂၁ ရာစု ပင်လုံ၊ ဒုတိယ အစည်းအဝေးကို မတက်ရောက် နိုင်ကြသေးတဲ့ အဖွဲ့အစည်း တွေနဲ့ လူပုဂ္ဂိုလ်တွေကိုလည်း မြန်မာ့ သမိုင်းမှာ ကျန်ခဲ့မယ့် ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန် လုပ်ငန်းစဉ် အတွင်း အတူတကွ ပါဝင်လာရန် အလေးအနက်ထား ဖိတ်ခေါ်ကြောင်း ကိုလည်း NCA လက်မှတ် ရေးထိုးထားခြင်း မရှိသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို ရည်ညွှန်းပြီး ပြောဆို သွားတာကိုလည်း တွေ့ရပါတယ်။

■မှတ်ကျောက်တင်နိုင်ခဲ့ပြီ

မြန်မာနိုင်ငံမှာ မတူကွဲပြားတဲ့ ဘုံသဘော တူညီမှုတွေကို ယနေ့ အချိန်မှာ ငြိမ်းချမ်းစွာဖြင့် လက်တွေ့ ညှိနှိုင်း မှတ်ကျောက် တင်နိုင်ခဲ့ပြီ ဖြစ်ကြောင်းနဲ့ နိုင်ငံတကာရဲ့ တိုးတက် ပြောင်းလဲမှုတွေဟာ မြန်မာ့ ပြည်ထောင်စု မျိုးဆက်တွေကို စောင့်ဆိုင်းနေမှာ မဟုတ်ဘူး လို့လည်း ဒေါ်အောင်ဆန်းစုကြည် က ပြောသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် က ‘အာဃာတတွေ၊ နာကျည်းချက်တွေ၊ အနာတရတွေကိုပဲ အာရုံထားနေမယ် ဆိုရင် ခြေထောက်မှာ သံလုံးဆွဲပြီး လမ်းလျှောက်တဲ့ သူလို ဖြစ်နေမှာပါ၊ ကျွန်မတို့ရဲ့ ခြေလှမ်းတွေကို နှေးကွေး လေးလံ ယိုင်နဲ့စေမယ့် အဲဒီအာဃာတ တရားတွေကို စွန့်ပစ်နိုင်မှသာ ကျွန်မတို့ အနေနဲ့ သွက်သွက် လက်လက် အားမန်အပြည့်နဲ့ ရှေ့ကို လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်၊ ကျွန်မတို့ ဘယ်အထိ လျှောက်ရဦးမလဲ မသိနိုင်သေးပါဘူး၊ နေ့စဉ်နေ့တိုင်း စွန့်စားမှုတွေနဲ့ ရင်ဆိုင် နေရတဲ့ ကျွန်မတို့တွေ ငြိမ်းချမ်းရေး ရရှိဖို့ ဘယ်လို စွန့်စားမှုမျိုးကို မဆို ကြောက်ပြီး နောက်တွန့်နေလို့ မဖြစ်ပါဘူး၊ ကမ္ဘာကြီးက ကျွန်မတို့နိုင်ငံကို စောင့်နေမှာ မဟုတ်ပါဘူး၊ နိုင်ငံတကာ တိုးတက် ပြောင်းလဲမှုတွေက ကျွန်မတို့ ပြည်ထောင်စုရဲ့ မျိုးဆက်သစ်တွေကို စောင့်ဆိုင်း ငဲ့ညှာနေမှာ မဟုတ်ပါဘူး” လို့လည်း ပြောပါတယ်။

ပြည်တွင်းစစ်ရဲ့ ဒဏ်ရာ ဒဏ်ချက်တွေကို မှန်ကန်တဲ့ စိတ်ဓာတ်နဲ့ ကုစား ပေးနိုင်တယ် ဆိုတာ စိတ်ကူးယဉ်တာ မဟုတ်ဘူး ဆိုတာကို သည်ကနေ့ ညီလာခံ ကိုယ်စားလှယ်ကြီး တွေက လမ်းပြပေးနိုင်ခဲ့ပြီ လို့လည်း ဒေါ်အောင်ဆန်းစုကြည် က ထည့်သွင်း ပြောကြား သွားပါတယ်။

Author မိုးမိုး
Kumudra

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ပဋိညာဉ်နှင့် သတ္တိ

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ပဋိညာဉ်နှင့် သတ္တိ

ညီလာခံကာလ 11st UPDJC မှာ အကြိတ်အနယ် ဆွေးနွေးခဲ့ရတဲ့ ဖက်ဒရယ်မူကတော့ ‘ခွဲမထွက်ရေး’ နဲ့ ‘ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်’ ဖြစ်ပါတယ်။

(၁) အစိုးရအစုအဖွဲ့ (အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်) သဘောထား

အစိုးရအစုအဖွဲ့ကတော့ ခွဲမထွက်ဘူး ဆိုတဲ့ အာမခံချက်/ကတိကဝတ် လိုချင်ပါတယ်။ သမိုင်းဒဏ်ရာ၊ သမိုင်းသင်ခန်းစာနဲ့ စိုးရိမ်ပူပန်မှုတွေ ဖြေဖျောက်ပေးနိုင်ဖို့ ဖြစ်ပါတယ်။ ရပ်တည်ချက်က ‘ခွဲမထွက်ရေး’ကို အာမခံပြီး “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” ကို ယူပါ ဆိုတာပါပဲ။

(၂) တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ သဘောထား

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) ကတော့ ခွဲမထွက်ရေးကို “ခြွင်းချက်ဖြင့် လက်ခံလို”ပါတယ်။ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိနေသမျှ ခွဲမထွက်ဘူး ဆိုတဲ့ Conditional Clause ကို ထားလိုပါတယ်။

(၃) နိုင်ငံရေးပါတီများ သဘောထား

နိုင်ငံရေးပါတီအများစုက အစိုးရ သဘောထားအတိုင်း ရပ်တည်ပြီးတော့ တဦးတလေက EAOs သဘောထားအတိုင်း ရပ်တည်ခဲ့ပါတယ်။

ပဋိညာဉ်

ဒီတော့ အဓိက ညှိနှိုင်းရတာက အစိုးရနဲ့ EAOs ဖြစ်လာခဲ့ပါတယ်။ အစိုးရနဲ့ EAOs အကြား ပဋိညာဉ်ရရှိဖို့ အကြိတ်အနယ် ဆွေးနွေးခဲ့ရပါတယ်။

ခြွင်းချက်ထားရှိခြင်းဟာ အန္တရာယ်ကြီးမားတယ်၊ မူအရကို ခွဲမထွက်ရေး ခိုင်ခိုင်မာမာ ဖြစ်သင့်တယ်။ Conditional Clause ဆိုတာက ပြောင်းပြန်တွေးရင် မရှိဘူးဆိုရင် ခွဲထွက်နိုင်တယ် ဆိုတဲ့သဘော သက်ရောက်နေတယ်။ Condition ကို ဘယ်သူက ဆုံးဖြတ်ပေးမလဲ၊ အဓိပ္ပာယ် ဘယ်လိုဖွင့်မလဲ၊ ဒီလို အရှုပ်အထွေးတွေ ရှိလာနိုင်တဲ့အတွက် ခွဲထွက်ရေး တောင်းဆိုမှုတွေ ဖြစ်လာနိုင်တယ်။

အခု ခေါင်းဆောင်တွေ ခွဲမထွက်ဘူး ယုံကြည်ပေမယ့် နောင်လာမယ့် အနှစ် ၅၀၊ အနှစ် ၁၀၀ မှာ ရှုပ်လာနိုင်တယ်။ ဒါကြောင့် ခုကတည်းက ပြတ်ပြတ်သားသား မူအရ ခွဲမထွက်ဘူးဆိုတဲ့ အာမခံချက်ပေးဖို့ လိုတယ် ဆိုတာကို အစိုးရဘက်က ရှင်းပြပါတယ်။ (အစိုးရရော တပ်မတော်ရော လွှတ်တော်ရော)

အခြေခံဥပဒေတွေဟာ Supreme Law ဖြစ်တဲ့အတွက် ဥပဒေကြောင်းအရ ခွဲထွက်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကိုယ်ပိုင်အခြေခံဥပဒေတို့ဟာ တိုက်ရိုက် ချိတ်ဆက်နေပြန်ပါတယ်။ ကမ္ဘာ့နိုင်ငံတွေရဲ့ အခြေခံဥပဒေတွေမှာ ဂရုတစိုက် ကန့်သတ်ထားတာတွေ ရှိပါတယ်။ Internal Self-determination လို့ တိတိကျကျ ပြဋ္ဌာန်းထားတာတွေလည်း ရှိပါတယ်။ ကွန်ဖက်ဒရေးရှင်းနဲ့ ဖက်ဒရေးရှင်းမှာကိုက Self-determination နဲ့ ပတ်သက်ပြီး အရေးကြီးလှတဲ့ စကားရပ်တွေ ရှိပါတယ်။ self-rule နဲ့ Self-determination အများကြီး ကွာပါတယ်။

NCA စတင်ညှိနှိုင်းခဲ့စဉ်ကတည်းက “ခွဲထွက်ခွင့်”က လွဲလို့ ကြိုက်တာ ဆွေးနွေးနိုင်တယ်ဆိုပြီး ကမ်းလှမ်းခဲ့သလို EAOs တွေကလည်း ခွဲမထွက်ပါဘူး ဆိုတဲ့ ကတိကဝတ်နဲ့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ EAOs တွေကလည်း ခွဲထွက်ချင်စိတ် မရှိပါဘူး ဆိုတဲ့ စကားကို အခါခါ ပြောကြားခဲ့ကြပါတယ်။

တချို့ EAOs တွေကလည်း ဒို့တာဝန်အရေးသုံးပါးကို လက်ခံတယ်၊ ခွဲထွက်တယ် ဆိုတာက သူတို့ရဲ့ မူလအခွင့်အရေး ဖြစ်တယ်၊ ခွဲမထွက်ဘူး ဆိုတာကို ကတိကဝတ်ပြုဖို့ ခက်ခဲနေတယ်၊ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်နဲ့ လူထုသဘောထားကို ရယူပြီးမှ ဒီအချက်ကို သဘော တူ၊ မတူ သဘောထား ပေးချင်တယ် ဆိုတာကို ဆွေးနွေးပါတယ်။

ဒီနေရာမှာ နှစ်ဖက် သဘောတူညီချက် မရနိုင်တော့တဲ့အတွက် ဆက်လက်ပြီး ဆွေးနွေးရင်လည်း တင်းမာမှုတွေ ပိုပြီး မြင့်လာနိုင်တဲ့အတွက် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က နောက်မှ ဆက်လက်ဆွေးနွေးပါဆိုပြီး ဆုံးဖြတ်ပေးခဲ့တာ ဖြစ်ပါတယ်။ နောက်ညီလာခံမှာ ဘယ်လို အဖြေထွက်မလဲ ဆိုတာက မေးခွန်းတခုအဖြစ် ကျန်နေပါတယ်။

သတ္တိ

“သတ္တိရှိလို့ စစ်တိုက်တယ်။ သတ္တိရှိလို့ ငြိမ်းချမ်းရေး ဆွေးနွေးတယ်” ဆိုတာက ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုးရဲ့ ထင်ရှားတဲ့ စကား ဖြစ်ပါတယ်။

ခေတ္တနားချိန်တွေမှာ ပဒိုမန်းငြိမ်းမောင်နဲ့ စကားတွေ ပြောဖြစ်ပါတယ်။ NCA ကို သတ္တိရှိရှိ လက်မှတ်ရေးထိုးခဲ့ပြီးတဲ့နောက်မှာ နိုင်ငံရေးဆွေးနွေးပွဲ Political Dialogue မှာလည်း သတ္တိရှိဖို့ လိုတယ် ဆိုတာကို ပြောဖြစ်ကြပါတယ်။

ပဒိုမန်းငြိမ်းမောင်ရဲ့ ကရင်မော်ဒယ် ငြိမ်းချမ်းရေးမဟာဗျူဟာကို Political Dialogue စံနမူနာပြ ဖြစ်အောင် လုပ်ပါဦး ဆိုပြီး ပြောဖြစ်ခဲ့ပါတယ်။

တကယ်တော့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ နှစ်ဦးနှစ်ဖက် Win-Win အခြေအနေ ရရှိတာက တကယ် အောင်မြင်မှု မဟုတ်သေးပါဘူး။ ဘယ်ဘက်မှ မပါတဲ့ ကြားက ပြည်သူတွေ အောင်မြင်မှ အမှန်တကယ် အောင်မြင်မှု ဖြစ်ပါတယ်။ ဒါကြောင့် Win-Win-Win လို့ ဆိုကြပါတယ်။

“အစိုးရနဲ့ တပ်မတော် ဘက်တစ်ဘက်တည်းသာဖြစ်”

လူမှုကွန်ရက်မှာ ပြောဆိုဝေဖန်နေကြသူများအတွက် ရှင်းလင်းရရင်တော့ ညီလာခံမှာ အဓိက အစုအဖွဲ့ကြီး ၅ ဖွဲ့ ရှိပါတယ်။

(၁) အစိုးရ၊ (၂) လွှတ်တော်၊ (၃) တပ်မတော်၊ (၄) EAOs (၅) နိုင်ငံရေးပါတီများပဲ ဖြစ်ပါတယ်။ အစိုးရနဲ့ တပ်မတော်ဟာ ကဏ္ဍအားလုံးမှာ ထပ်တူထပ်မျှ တူညီသော ရပ်တည်ချက် ရှိပါတယ်။

တပ်မတော်ဟာ အစိုးရရဲ့ တပ်မတော်၊ ဒီအစိုးရဟာ တပ်မတော်ရဲ့ အစိုးရ ဖြစ်တဲ့အတွက် တသးတည်း တည်ရှိပါတယ်။ အထူးသဖြင့် အရေးကြီးလှတဲ့ နိုင်ငံရေးကဏ္ဍမှာ ရပ်တည်ချက် ကွဲစရာ မရှိပါဘူး။

အစုအဖွဲ့ ၅ ဖွဲ့ ဆွေးနွေးမှုအသွင်သဏ္ဌာန်အရ အစိုးရအနေနဲ့ တပ်မတော်ဘက် EAOs ဘက် ဟန်ချက်မျှအောင် ပြောရတယ် ဆိုတာက-

(၁) နိုင်ငံရေးမှာ အစိုးရနဲ့ တပ်မတော်ဟာ တစ်သားတည်း တည်ရှိပါတယ်။

(၂) EAOs ဆိုတာက NCA ထိုးပြီး ညီလာခံထဲရောက်နေတဲ့ ဆွေးနွေးဘက်တွေကိုသာ ဆိုလိုခြင်း ဖြစ်ပါတယ်။

(၃) စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင် ကဏ္ဍတွေမှာ သဘောတရားအားဖြင့် တူညီပါတယ်။ ဝေါဟာရ အသုံးအနှုန်းအချို့မှာသာ ကွဲပြားမှု ရှိပါတယ်။ ဒီနေရာမှာ စေ့စပ်ညှိနှိုင်းမှု သဘောအရ သဘောတူညီချက် ရအောင် ဟိုဘက်၊ ဒီဘက် ကြားကနေ ညှိနှိုင်းရတာမျိုး ရှိပါတယ်။ (ဒါကို ဆိုလိုခြင်း ဖြစ်ပါတယ်)

အချုပ်

ပြန်ချုပ်ရရင်တော့ –

(၁) နောက်ညီလာခံမတိုင်မီ ၆ လ လောက် အချိန် ရှိပါသေးတယ်။ ဆက်လက်ပြီး ဆွေးနွေးညှိနှိုင်းမှုတွေ အများကြီး လုပ်ရဦးမှာပါ။

(၂) ခွဲမထွက်ဘူး အာမခံ-ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုယူ ဆိုတဲ့ ပဋိညာဉ်က ရှိနေဦးမှာပါပဲ။

(၃) နိုင်ငံရေး ဆွေးနွေးမှုအတွက် ပထမဆုံးညီလာခံ ဖြစ်တဲ့အတွက် စိတ်ပျက်စရာ မရှိပါဘူး။ နောက် ညီလာခံမှာ ပိုမိုခိုင်မာတဲ့ အခြေခံမူတွေ ရရှိလာဦးမှာ ဖြစ်ပါတယ်။

(၃၀-၅-၂၀၁၇၊ နေပြည်တော်)

မှူးဇော်

DVB

စစ်တုရင်ကစားသော စက်ရုပ် ထိုင်ဝမ်နည်းပညာပြပွဲတွင် လူကြိုက်များခဲ့

စစ်တုရင်ကစားသော စက်ရုပ် ထိုင်ဝမ်နည်းပညာပြပွဲတွင် လူကြိုက်များခဲ့

အာရှ၏ အကြီးဆုံး နည်းပညာပြပွဲ Computex ကို ထိုင်ဝမ်မြို့တော် တိုင်ပေတွင် ကျင်းပခဲ့ရာ စစ်တုရင်ကစားသော စက်ရုပ်က ပြပွဲကို ဖမ်းစားသွားခဲ့သည်။ ထိုင်ဝမ် သမ္မတ ဆန်အင်းဝမ်က အာရှ၏ ဆီလီကွန် ဗေးလီးစီမံကိန်းကို ဆောင်ရွက်နေပြီး ထိုင်ဝမ်စီးပွားရေးကို မြှင့်တင်ရန် ကြိုးပမ်းနေချိန်တွင် နှစ်စဉ်ကျင်းပနေကျ နည်းပညာပြပွဲ စတင်ခဲ့ခြင်းဖြစ်သည်။

လူနှင့်အရွယ်တူ စက်ရုပ်က စစ်တုရင်ကစားပွဲတွင် ကစားပြခဲ့ပြီး စက်ရုပ်၏ အသိဥာဏ်တု အလုပ်လုပ်ပုံက ပြပွဲကို ဖမ်းစားနိုင်ခဲ့သည်။ ယင်းစက်ရုပ်အား စက်ပစ္စည်းများ တပ်ဆင်မှုမှသည် စောင့်ရှောက်မှုပေးသော လုပ်ငန်းများ ဆောင်ရွက်သည်အထိ နယ်ပယ်စုံ၌ အသုံးချရန် မျှော်လင့်ကြောင်း ရင်းနှီးမြှုပ်နှံသူများက ပြောကြားခဲ့သည်။

အသိဥာဏ်တုအပြင် ပိုင်းခြားသိမြင်သော အမြင်စနစ် ပါဝင်သောကြောင့် ထိုစက်ရုပ်သည် လူက သောက်နေသော ကော်ဖီခွက်တွင် ကော်ဖီမည်မျှ ကျန်သည်ကို စစ်ဆေးသိရှိနိုင်စွမ်းရှိသည်။ ထိုင်ဝမ်တွင် Pepper စက်ရုပ်များကို လုပ်ငန်းခွင်များ၌ မိတ်ဆက်သုံးစွဲ နေပြီဖြစ်သည်။ ယမန်နှစ်က တိုင်ပေရှိ အာမခံကုမ္ပဏီ တစ်ခုနှင့် ဘဏ်နှစ်ခုတွင် Pepper စက်ရုပ်များကို စတင်အသုံး ပြုခဲ့သည်။

ယခုနှစ် Computex ပြပွဲတွင် နည်းပညာ ကုမ္ပဏီများက Virtual Reality နည်းပညာကို ဖျော်ဖြေရေးနှင့် ဂိမ်းကဏ္ဍများတွင် အသုံးချရန် နည်းလမ်းသစ်များကို ဖော်ထုတ် ပြသခဲ့ကြသည်။

Eleven Media Group

ဆေးရွက်ကြီးကြောင့် တစ်နှစ်လျှင် လူခုနစ်သန်း သေဆုံးကာ သဘာဝပတ်ဝန်းကျင်ကို ကသောင်းကနင်း ဖြစ်စေသည်ဟု WHO က ထုတ်ပြန်

ဆေးရွက်ကြီးကြောင့် တစ်နှစ်လျှင် လူခုနစ်သန်း သေဆုံးကာ သဘာဝပတ်ဝန်းကျင်ကို ကသောင်းကနင်း ဖြစ်စေသည်ဟု WHO က ထုတ်ပြန်

ဆေးလိပ်သောက်ခြင်းနှင့် အခြားသော ဆေးရွက်ကြီး အသုံးပြုမှုများကြောင့် တစ်နှစ်လျှင် သေဆုံးသူ ခုနစ်သန်းကျော် ရှိနေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မေ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထိုထုတ်ပြန်ချက်ထဲ၌ ဆေးရွက်ကြီး ထုတ်လုပ်မှု၊ ဖြန့်ချိမှုနှင့် စွန့်ပစ်ပစ္စည်းတို့က သဘာဝပတ်ဝန်းကျင်အပေါ် ကြောက်မက်ဖွယ် သက်ရောက်မှုရှိစေသည့် အကြောင်းတို့ကိုလည်း WHO ကသတိပေးခဲ့သည်။

ဆေးရွက်ကြီး အသုံးပြုမှုကို ထိန်းချုပ်ရန် ပိုမိုတင်းကျပ်သည့် စည်းကမ်းချက်များ ထုတ်ပြန်ရန် လိုအပ်ကြောင်း၊ လုပ်ငန်းခွင်နှင့် အများပြည်သူနှင့် သက်ဆိုင်သော အဆောက်အအုံအတွင်း နေရာများတွင် ဆေးလိပ်သောက်ခြင်းကို ပိတ်ပင်သင့်ကြောင်း၊ ဆေးရွက်ကြီး ထုတ်ကုန်များ၏ ဈေးကွက်ကို တရားမ၀င်ကြောင်း ကြေညာပြီး စီးကရက် ဈေးနှုန်းများကို မြှင့်တင်သင့်ကြောင်းလည်း ကုလသမဂ္ဂအေဂျင်စီ တစ်ခုဖြစ်သော WHO က ထုတ်ပြန်ခဲ့သည်။

“ဆေးရွက်ကြီးဟာ ကျွန်မတို့အားလုံးကို ခြိမ်းခြောက်နေပါတယ်။ ဆေးရွက်ကြီးဟာ ဆင်းရဲမွဲတေမှုကို ပိုမိုဆိုးရွားစေပြီး၊ စီးပွားရေး ထုတ်ကုန်စွမ်းအားကို လျော့ကျစေကာ ချို့တဲ့တဲ့ အိမ်တွေမှာ အစားအသောက် ရွေးချယ်မှုတွေကို ပြောင်းလဲစေပြီး အိမ်တွင်းလေထုကို ညစ်ညမ်းစေပါတယ်” ဟု WHO အကြီးအကဲ မာဂရက်ချန်က ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ဆေးလိပ်နှင့် ဆေးရွက်ကြီးကြောင့် သေဆုံးသူဦးရေသည် ဆက်လက်မြင့်တက်နေဆဲ ဖြစ်သည့်အတွက် ယခုရာစုနှစ်အတွင်း ယင်းကြောင့်သေဆုံးသူ ဦးရေသည် တစ်ဘီလျံကျော်အထိ မြင့်တက်လာလိမ့်မည်ဟု WHO က ခန့်မှန်းထားသည်။

“ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ စည်းမျဉ်းစည်းကမ်းတွေ တင်းကျပ်နေတဲ့အတွက် ဆေးရွက်ကြီး ကုမ္ပဏီတွေဟာ ဈေးကွက်သစ်တွေကို ရှာဖွေရင်း ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ပစ်မှတ်ထားလာ ကြပါတယ်။ ဒါကြောင့် ၂၀၃၀ ပြည့်နှစ်မှာ ဆေးလိပ်ကြောင့်သေဆုံးသူ စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းဟာ ဖွံ့ ဖြိုးဆဲနိုင်ငံတွေမှာ ဖြစ်လာပါလိမ့်မယ်” ဟု မာဂရက်ချန်က ပြောကြားခဲ့သည်။

ဆေးရွက်ကြီးကြောင့် အိမ်ထောင်စုများနှင့် အစိုးရအတွက် ကျန်းမာရေး အသုံးစရိတ် ဒေါ်လာ ၁ ဒသမ ၄ ထရီလျံကျော် ငွေယိုပေါက်ကြီး ဖြစ်စေကာ ထုတ်လုပ်မှု စွမ်းအားများကိုလည်း လျော့ကျစေသည်ဟု သိရသည်။

Eleven Media Group

အမေရိကန် ဒုံးခွင်းစနစ်၏ လောင်ချာသစ်များ ရောက်ရှိမှုအား တောင်ကိုရီးယားစစ်ဘက်က သမ္မတသစ်ကို လျှို့ဝှက်ထားခဲ့

အမေရိကန် ဒုံးခွင်းစနစ်၏ လောင်ချာသစ်များ ရောက်ရှိမှုအား တောင်ကိုရီးယားစစ်ဘက်က သမ္မတသစ်ကို လျှို့ဝှက်ထားခဲ့


အမေရိကန်၏ အငြင်းပွားဖွယ် အဆင့်မြင့်ဒုံးခွင်းစနစ် Terminal High Altitude Area (THAAD) ၏ လောင်ချာသစ်များ ရောက်ရှိမှုအကြောင်းအား တောင်ကိုရီးယား စစ်ဘက်တာဝန်ရှိသူများက သမ္မတသစ်မွန်း ဂျေအင်းကို အစီရင်မခံဘဲ ရည်ရွယ်ချက်ရှိရှိ လျှို့ဝှက်ထားခဲ့ကြောင်း သမ္မတရုံးက မေ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယခုလအတွင်း သမ္မတရာထူး စတင်ရယူခဲ့ပြီးနောက် မကြာမီ မွန်းထံတင်ပြသော မှတ်တမ်းများတွင် THAAD စနစ်၏ ဒုံးပစ်လောင်ချာသစ်လေးခု ရောက်ရှိနေကြောင်း ဖော်ပြထားသည့်အချက်ကို ဖယ်ရှားထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်ထံမှ ပြင်းပြင်းထန်ထန် ကန့်ကွက်မှု ရှိနေသော်လည်း တောင်ကိုရီးယားသည် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများမှ ကာကွယ်နိုင်ရန်အတွက် အမေရိကန် ဒုံးခွင်းစနစ်အား ချထားရန် ပြီးခဲ့သောနှစ်တွင် သဘောတူခဲ့ခြင်းဖြစ်သည်။

နိုင်ငံတောင်ပိုင်းရှိ ဆောင်ဂျူကောင်တီတွင် ယင်းဒုံးခွင်းစနစ်၏ ဒုံးပစ်လောင်ချာနှစ်ခု ချထားပြီးဖြစ်ပြီး နောက်ထပ်လောင်ချာ လေးခုလည်း ရောက်ရှိနေသည်ဟု ယူဆရသော်လည်း ကြေညာခဲ့ခြင်း မရှိသေးပေ။ သို့သော် ပြီးခဲ့သော သီတင်းပတ်တွင် မွန်း၏အမျိုးသားလုံခြုံရေး အကြံပေးထံ အစီရင်ခံရသည့် စစ်ဘက်ထိပ်တန်း တာဝန်ရှိသူများက ဒုံးပစ်လောင်ချာသစ်များ ရောက်ရှိမှု သို့မဟုတ် နိုင်ငံထဲ၌ အမှန်တကယ် ရှိနေသည့် လောင်ချာ စုစုပေါင်း အရေအတွက်ကို ရည်ရွယ်ချက်ရှိရှိ ဖော်ပြခဲ့ခြင်းမရှိကြောင်း မွန်း၏ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

စိစစ်အကြံပြုရေး တာဝန်ရှိသူများက ရေးသားခဲ့သော မူရင်းအကျဉ်းချုပ် အစီရင်ခံစာတွင် ယင်းရည်ညွှန်းချက်များ ပါဝင်ခဲ့ကြောင်း၊ သို့သော် နောက်ပိုင်းတွင် ၎င်းတို့၏ ကြီးကြပ်သူများက ပြန်လည်ပယ်ဖျက်ခဲ့ကြောင်း ယင်းပြောခွင့်ရပုဂ္ဂိုလ် ယွန်းယန်းချန်းက ပြောကြားခဲ့သည်။ ယင်းအစီရင်ခံစာ ရေးသားမှုတွင် ပါဝင်ခဲ့သော စစ်ဘက်တာဝန်ရှိသူအားလုံးက တည်းဖြတ်မှု၌ ယင်းအဓိကကျသော အကြောင်းအရာများကို ဖြတ်တောက်ခဲ့ခြင်းဖြစ်ကြောင်း ၀န်ခံခဲ့ကြသည်ဟု ယွန်းက ပြောကြားခဲ့သည်။ သမ္မတမွန်းက မေ ၃၀ ရက်တွင် ဖုန်းဆက်ချိန်မှသာ ကာကွယ်ရေးဝန်ကြီး ဟန်မင်ကိုကလည်း ဒုံးလောင်ချာသစ်များ ရှိနေသည့် အကြောင်းကို နောက်ဆုံးတွင် ၀န်ခံခဲ့သည်ဟု ယွန်းက ပြောခဲ့သည်။

ဟန်အား ဖြုတ်ချခံ သမ္မတပက်ကွမ်ဟီးက ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး မွန်းက ကာကွယ်ရေးဝန်ကြီးသစ်အား မခန့်အပ်ရသေးပေ။ ဒုံးလောင်ချာသစ်များသည် မွန်းက မေ ၁၀ ရက်တွင် သမ္မတရာထူးမယူသေးမီ တောင်ကိုရီးယားသို့ ရောက်ရှိခဲ့ပြီး လတ်တလောတွင် တောင်ကိုရီးယားရှိ အမေရိကန် စစ်ဘက်စခန်း၌ သိုလှောင်ထားကြောင်း မွန်း၏ရုံးက ထုတ်ပြန်ခဲ့သော်လည်း အသေးစိတ် မဖော်ပြခဲ့ပေ။ ယင်းဒုံးခွင်းစနစ် ချထားမည့်ကိစ္စအား ဆိုင်းငံ့ထားရန် လိုလားကြောင်း၊ ယင်းချထားမည့် အစီအစဉ်အား အပြည့်အ၀ မလုပ်ဆောင်မီ ပါလီမန်တွင် ဆွေးနွေးသင့်ပြီး အတည်ပြုသင့်ကြောင်း မွန်းက ပြောကြားခဲ့သည်။

Eleven Media Group

အမေရိကန်က တိုက်ချင်းပစ်ဒုံးအား ကြားဖြတ်ပစ်ချသည့် စနစ်ကို စမ်းသပ်မှု အောင်မြင်ခဲ့

အမေရိကန်က တိုက်ချင်းပစ်ဒုံးအား ကြားဖြတ်ပစ်ချသည့် စနစ်ကို စမ်းသပ်မှု အောင်မြင်ခဲ့

မြောက်ကိုရီးယား၏ ဒုံးလက်နက် အစီအစဉ်များကြောင့် စိုးရိမ်မှုများ မြင့်တက်နေစဉ် အမေရိကန်က တိုက်ချင်းပစ်ပဲ့ထိန်းဒုံး (ICBM) ပုံစံတူ ပြုလုပ်ထားသော ဒုံးကျည်အား ကြားဖြတ်ပစ်ချမှုကို မေ ၃၀ ရက်တွင် စမ်းသပ်ခဲ့ရာ အောင်မြင်ခဲ့ကြောင်း အမေရိကန်စစ်ဘက်က ထုတ်ပြန်ခဲ့သည်။

မာရှယ်အိုင်းစ်လန်းရှိ Reagan စမ်းသပ်ပစ်လွှတ်သည့်စခန်းမှ ပစ်လွှတ်လိုက်သော ICBM ပုံစံတူဒုံးအား ကယ်လီဖိုးနီးယားရှိ Vandenberg လေတပ်စခန်းမှ ပစ်လွှတ်လိုက်သော ဒုံးခွင်းဒုံးက အောင်မြင်စွာ ကြားဖြတ်ပစ်ချ နိုင်ခဲ့ကြောင်း အမေရိကန် စစ်ဘက်က ကြေ ညာချက် ထုတ်ပြန်ခဲ့သည်။

Ground-based Midcourse Defense (GMD) စနစ်မှ ဒုံးတစ်စင်းကို အာကာသသို့ ပစ်လွှတ်ခဲ့ပြီး ယင်းနောက် ပြင်ပလေထု ဖောက်ထွင်းသည့် ဒုံးခွင်းဒုံးကို ပစ်လွှတ်ခဲ့ရာ ယင်းဒုံးခွင်းဒုံးက ICBM ပုံစံတူဒုံးအား အောင်မြင်စွာ ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။ ယင်းဒုံးခွင်းစနစ်သည် အမိမြေ ကာကွယ်ရန်အတွက် အလွန်အမင်း အရေးကြီးကြောင်း၊ ယင်းစမ်းသပ်မှုသည် အမှန်တကယ် ခြိမ်းခြောက်မှုအား ရင်ဆိုင်တုံ့ပြန်ရန် စွမ်းဆောင်နိုင်သော၊ စိတ်ချရသော အဟန့်အတားတစ်ခု ရရှိကြောင်းကို ပြသခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ဒုံးခွင်း အေဂျင်စီမှ ညွှန်ကြားရေးမှူး ဒုတိယရေတပ် ဗိုလ်ချုပ်ကြီး ဂျင်ဆရင်းက ပြောကြားခဲ့သည်။ GMD စနစ်အား ၂၀၁၄ ခုနှစ်က နောက်ဆုံးအကြိမ် စမ်းသပ်ခဲ့မှုသည် အောင်မြင်ခဲ့သော်လည်း ပို၍အရှိန်နှေးပြီး ICBM အမျိုးအစားတူ မဟုတ်သော ဒုံးများအား ကြားဖြတ်ပစ်ချခဲ့သည့် ယခင်စမ်းသပ်မှု သုံးကြိမ်မှာမူ မအောင်မြင်ခဲ့ပေ။ ရှုပ်ထွေးပြီး ခြိမ်းခြောက်မှုဖြစ်သော ICBM ပစ်မှတ်အား ကြားဖြတ်ပစ်ချနိုင်ခဲ့မှုသည် GMD စနစ်အတွက် မယုံကြည်နိုင်လောက်သော အောင်မြင်မှုတစ်ရပ် ဖြစ်ခဲ့ကြောင်း ဆရင်းက ပြောကြားခဲ့သည်။

GMD စနစ်၏ နောက်ကွယ်မှ နည်းပညာသည် အလွန်အမင်းရှုပ်ထွေးပြီး ယင်းစနစ်သည် ပဲ့ထိန်းဒုံး ခြိမ်းခြောက်မှုများကို ခြေရာခံ ထောက်လှမ်းရန် ကမ္ဘာလုံးဆိုင်ရာ အာရုံခံစနစ်များကို အသုံးပြုထားကြောင်း သိရသည်။ မဆင်မခြင် လုပ်ဆောင်သောနိုင်ငံ သို့မဟုတ် တရစပ် ပြိုင်ပစ်သော ဒုံးများအား ဟန့်တားနိုင်ရန် ယင်းဒုံးခွင်းစနစ်တွင် ယခုနှစ်ကုန် မတိုင်မီ ကြားဖြတ်ပစ်ချမည့်ဒုံး ၄၄ ခု တပ်ဆင်မည်ဖြစ်ကြောင်း သိရသည်။ သို့သော် ရုရှား သို့မဟုတ် တရုတ်ကဲ့သို့ နိုင်ငံများက တစ်ကြိမ်တည်းဖြင့် ဒါဇင်နှင့်ချီသည့်ဒုံးများ ပစ်ခတ်နိုင်ခြင်းကြောင့် ကယ်လီဖိုးနီးယားနှင့် အလာစကာရှိ ဒုံးခွင်းစနစ်များကို ဒုက္ခပေးနိုင်ကြောင်း သိရသည်။

ယင်းနောက်ဆုံး စမ်းသပ်မှုသည် အကန့်အသတ် ရှိသော်လည်း ထိရောက်မှုရှိသော ICBM ဒုံးခွင်းစနစ် အခြေခိုင်စေရန် အမေရိကန်စစ်ဘက်၏ ကြိုးပမ်းမှုအတွက် အရေးပါသော အပြောင်းအလဲလည်း ဖြစ်ခဲ့သည်။ မြောက်ကိုရီးယားက နောက်ထပ် ပဲ့ထိန်းဒုံးတစ်စင်းအား ပစ်လွှတ်စမ်းသပ်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် အမေရိကန်က စမ်းသပ်ခဲ့ခြင်းဖြစ်သည်။

ဒုံးခွင်းစနစ်စမ်းသပ်မှုသည် အထူးသဖြင့် မြောက်ကိုရီးယားနှင့် တင်းမာမှုအား တုံ့ပြန်ရန် စီစဉ်ထားမှု မဟုတ်ကြောင်း၊ သို့သော် ကျယ်ကျယ်ပြန့်ပြန့်ပြောရလျှင် ၎င်းတို့တွင် ယင်းကဲ့သို့ ဒုံးခွင်းစနစ် စွမ်းဆောင်ရည် ပိုင်ဆိုင်ထားရန် မြောက်ကိုရီးယားက အဓိက အကြောင်းအရင်း တစ်ရပ်ဖြစ်ကြောင်း ပင်တဂွန် ပြောခွင့်ရပုဂ္ဂိုလ် ရေတပ်ဗိုလ်မှူးကြီး ဂျက်ဖ်ဒေးဗစ်က ပြောကြားခဲ့သည်။ အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်၏ မဟာဗျူဟာမြောက်သော အကျိုးစီးပွားများကို အီရန်၏ မြင့်တက်လာသော ဒုံးစွမ်းရည်များကလည်း ခြိမ်းခြောက်နေကြောင်း ၎င်းက ထောက်ပြခဲ့သည်။

Eleven Media Group

ကင်ဂျုံနန်အား လုပ်ကြံမှုတွင် ပါဝင်သည်ဟု စွပ်စွဲခံရသော အမျိုးသမီးနှစ်ဦးကို ရုံးထုတ်

ကင်ဂျုံနန်အား လုပ်ကြံမှုတွင် ပါဝင်သည်ဟု စွပ်စွဲခံရသော အမျိုးသမီးနှစ်ဦးကို ရုံးထုတ်


မြောက်ကိုရီးယားခေါင်းဆောင်၏ အဖေတူ အမေကွဲ အစ်ကိုအား အဆိပ်ခတ်၍ လုပ်ကြံသတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံထားရသော အင်ဒိုနီးရှားနှင့် ဗီယက်နမ်အမျိုးသမီးနှစ်ဦးတို့ကို မလေးရှားတရားရုံးတွင် မေ ၃၀ ရက်က ရုံးထုတ်ခဲ့သည်။ ထိုအမျိုးသမီးနှစ်ဦးကို ကျည်ကာဝတ်စုံများ ၀တ်ဆင်စေခဲ့ပြီး လုံခြုံရေးအမြောက်အမြားဖြင့် ရုံးထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုနှစ်ဦးက ၎င်းတို့သည် တီဗီအစီအစဉ်တစ်ခုတွင် ပါဝင်နေသည်ဟု ထင်မှတ်ခဲ့ကြပြီး ကင်ဂျုံနန်ကို မသတ်ဟုငြင်းနေကြဆဲ ဖြစ်သော်လည်း သေဒဏ်ကျခံရဖွယ်ရှိနေသည်။ အသက် ၂၅ နှစ်အရွယ် အင်ဒိုနီးရှား အမျိုးသမီး Siti Asiyah နှင့်အသက် ၂၈ နှစ်အရွယ် ဗီယက်နမ်အမျိုးသမီး Doan Thi Huong တို့ကို မေ ၃၀ ရက်က အကြိုကြားနာ စစ်ဆေးမှုအတွက် တတိယအကြိမ်မြောက် ရုံးထုတ်ခဲ့ခြင်းဖြစ်သည်။

ယင်းရုံးချိန်းအတွင်း ခရိုင်တရားရုံးက ၎င်းတို့၏အမှုကို ရှာအလမ်တရားရုံးချုပ်သို့ လွှဲပေးလိုက်ကြောင်း သိရသည်။ တရားရုံးချုပ်တွင် ပထမဆုံးကြားနာစစ်ဆေးမှု ပြုလုပ်မည့်နေ့ကို မသိရသေးသော်လည်း အစိုးရရှေ့နေတစ်ဦးက တစ်လအတွင်း အသိပေးမည်ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။ ထိုရုံးချိန်အတွင်း မိန်းကလေးနှစ်ဦး၏ ရှေ့နေများက ၎င်းတို့တောင်းဆိုထားသော သက်သေနှင့် အခြားသော လိုအပ်သည့် အချက်အလက်များကို ရဲတပ်ဖွဲ့နှင့် တရားလိုဘက်က ပံ့ပိုးခြင်းမရှိသေးကြောင်း တရားရုံးသို့ တိုင်ကြားခဲ့သည်ဟု သိရသည်။

“မျှတတဲ့ ကြားနာစစ်ဆေးမှုတစ်ခုရဲ့ အခြေခံအချက်အလက်တွေကတော့ အစောဆုံး အခွင့်အရေးအနေနဲ့ တရားပြိုင်ဘက်ကို အထောက်အထား သက်သေတွေ အားလုံးပံ့ပိုးရမှာ ဖြစ်ပါတယ်” ဟု Asiyah ၏ရှေ့နေဂိုအီက ပြောကြားခဲ့သည်။ ပြီးခဲ့သည့်လကလည်း ဂိုအီက စီစီတီဗီမှတ်တမ်းများနှင့် အခြားသော သံသယရှိသူများ၏ အချက်အလက်များကိုပေးရန် ရဲတပ်ဖွဲ့သို့ တောင်းဆိုရာတွင် တုံ့ပြန်ခံရခြင်းမရှိဟု ပြောကြားခဲ့သည်။

အစိုးရရှေ့နေ မူဟာမက်အက်ကန်ဒါအာမက်ကမူ တရားပြိုင်ဘက်သို့ ကြားနာစစ်ဆေးမှုမတိုင်မီ အချက်အလက်များပေးမည်ဟု အာမခံခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၃ ရက်ကဖြစ်ပွားခဲ့သော ထိုလုပ်ကြံမှုနှင့် ပတ်သက်ပြီး ရဲများကသံသယရှိသည့် မြောက်ကိုရီးယားလေးဦး၏နောက်သို့ ယခုတိုင်ခြေရာခံ လိုက်နေဆဲဖြစ်သည်။ ထိုလေးဦးသည် လုပ်ကြံမှုပြီးပြီးချင်းမှာပင် မြောက်ကိုရီးယားသို့ ပြန်သွားသည်ဟု ယူဆရသည်။ ယင်းလုပ်ကြံမှုကိစ္စကြောင့်ပင် မလေးရှားနှင့် မြောက်ကိုရီးယားတို့ကြားတွင် သံတမန်ရေး ပဋိပက္ခကြီးတစ်ခုပင် အကြီးအကျယ် ဖြစ်ပွားခဲ့သည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့ကမူ ယင်းလုပ်ကြုံမှု၏ နောက်ကွယ်တွင် မြောက်ကိုရီးယား အစိုးရရှိနေသည်ဟု စွပ်စွဲနေပြီး မြောက်ကိုရီးယားကမူ ထိုစွပ်စွဲချက်ကို ငြင်းဆိုနေသည်။


Eleven Media Group

အမျိုးသမီးများဘဝလုံခြုံရေးအတွက် အထောက်အကူပြုနိုင်မည့် Safecities Application ကို အသုံးပြုနိုင်ပြီ

အမျိုးသမီးများဘဝလုံခြုံရေးအတွက် အထောက်အကူပြုနိုင်မည့် Safecities Application ကို အသုံးပြုနိုင်ပြီ



အမျိုးသမီးဘဝလုံခြုံဖို့ အားလုံးအတူလက်တွဲစို့ ဆောင်ပုဒ်နှင့်အညီ Safe Cities mobile Application  တစ်ခုကို အမျိုးသမီးတွေလုံခြုံရေးအတွက် ရည်ရွယ်ရေးဆွဲထားပြီဖြစ်သည်။

အဆိုပါ Application မိတ်ဆက်ပွဲကို Actionaidနှင့် Mizzima မီဒီယာတို့ပူးပေါင်းပြီး မေ ၃၁ရက်က ရန်ကုန်မြို့ Orchid ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။ အဲ့ဒိမိတ်ဆက်ပွဲကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ အရပ်ဘက်အဖွဲ့အစည်းများနှင့် အမျိုးသမီးအရေးဆောင်ရွက်ပေးနေသူများ တက်ရောက်ခဲ့ကြပြီး အမျိုးသမီးများ၏ လုံးခြုံရေးအတွက် ဆွေးနွေးခဲ့ကြသည်။

Safe Cities mobile Application ကို အသုံးပြုခြင်းအားဖြင့် အမျိုးသမီးများလုံခြုံမှုအတွက် အကူအညီ ဖြစ်လာနိုင်ကြောင်း အဆိုပါ မိတ်ဆက်ပွဲမှ သိရသည်။

"Application ကို Login ၀င်လိုက်ပြီဆိုတာနဲ့ ရောက်ရှိနေတဲ့နေရာကို GPSနဲ့ချတ်ထားတဲ့အတွက် ဘယ်နေရာကိုရောက်နေလဲ သိနိုင်ပါတယ်။ လုံခြုံမှုရှိလား၊မရှိဘူးလား၊ ကိုယ့်ရဲ့ခံစားချက်တွေကိုပြောနိုင်ပါတယ်။ လုံခြုံမှုမရှိဘူးဆိုရင်လည်း ဘာကြောင့်လဲ။ ဘယ်လိုဝန်ဆောင်မှုတွေကအားနည်းနေလဲ။ ပလက်ဖောင်းမကောင်းတာလား။ လမ်းမီးမရှိတာလား အခြေနေမျိုးတွေကို နယ်မြေသတ်မှတ်ပြီး သတင်းပေးပို့လို့ရတယ်။ ၀န်ဆောင်မှုပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့ ဌာနဆိုင်ရာတွေရဲ့ ဖုန်းနံပါတ်တွေကိုထည့်ထားပါတယ်"ဟု Actionaid Myanmar ရဲ့ စီမံကိန်းညှိနှိုင်းရေးမှူး မလွင်လွင်လှိုင်က ရှင်းပြသည်။

အဆိုပါ Application တွင် ဘေးအန္တရာယ်ကျရောက်ပါက အကူအညီ တောင်းခံနိုင်သည့် ရဲဌာန၊ မီးသတ်၊ ဒေသအာဏာပိုင်အဖွဲ့အချို့ နှင့် ပရဟိတအသင်းအချို့၏ ဖုန်းနံပါတ်များကို ထည့်သွင်းထားသည်။

ယင်းအချက်အလက်များအပေါ် အရပ်ဘက်အဖွဲ့အစည်းများက ဆွေးနွေးအကြံပြုချက်များထဲတွင် ဘေးအန္တာရာယ်ကျရောက်သည့်အခါ ရဲစခန်းများကို ဖုန်းဆက်အကူအညီတောင်းသော်လည်း အချိန်မီ ရောက်လာခြင်းမရှိဘူးဆိုသည့် အချက်များလည်းပါဝင်သည်။

App မိတ်ဆက်ပွဲတွင် Safecities mobile Application ကို အသုံးပြုပုံ နှင့် အသုံးပြုခြင်းအားဖြင့် ဘယ်လိုကူညီမှုတွေရနိုင်မလဲဆိုသည့် အချက်များကို အသေးစိတ်ဆွေးနွေးခဲ့ကြပြီး ပွဲတက်ရောက်လာသော ရန်ကုန်တိုင်းဒေသကြီး ပြည်သူလွှတ်တော်ကိုယ်စားလှယ်များက အမျိုးသမီးတွေအတွက် ပူးပေါင်းလုပ်ဆောင်မှုတွေ ပြုလုပ်ပေးမည့်အကြောင်း ပြောကြားခဲ့ကြသည်။

"အမတို့အနုပညာရှင်တွေအနေနဲ့လည်း ကိုယ်တတ်နိုင်သလောက် လက်လှမ်းမှီအောင်အပြင် ကိုယ့်ထက်လက်တံရှည်တဲ့ အခြားအနုပညာရှင်တွေကိုလည်း အမကနေ့တဆင့် ဆက်လက်လှုံ့ဆော်ပြီးတော့ ဒီထက်မကပိုပြီးပြန့်ပွားအောင် လူတွေအသုံးပြုနိုင်အောင်၊ အသုံးပြုအောင်လှုံ့ဆော်ပေးဖို့က အမတို့ရဲ့ တာဝန်ဖြစ်ပါတယ်"ဟု Road Safety Myanmar ရဲ့ သံတမန်ဖြစ်သူ မော်ဒယ်သန္တာလှိုင်က ပြောသည်။

Safe Cities mobile Application ကို မိုဘိုင်းဖုန်းအတွင်းသို့ Google Play Store မှတစ်ဆင့် Safecities ဟု ရိုက်နှိပ်ရှာကာ Download ရယူနိုင်ပြီး အမျိုးသမီးများအတွက် လုံခြုံမှုမရှိသည့် အခြေအနေများရှိပါက မလုံခြုံကြောင်း App မှတစ်ဆင့် အသိပေးနိုင်ပြီး အကူအညီတောင်းခံနိုင်သည့် ဖုန်းနံပါတ်များကိုလည်း အဆိုပါ Application ထည့်သွင်းပေးထားသည်။ Application ၏ အမည်ကို Safecities ဟု space မခြားဘဲ ရိုက်နှိပ်ရှာနိုင်ပြီး ခရမ်းရောင်လိုဂိုဖြင့် တွေ့မြင်နိုင်မည်ဟု သိရသည်။

လက်ရှိတွင် အဆိုပါ App ကို Android ဖုန်းများတွင်သာ သုံးနိုင်သေးပြီး iphone တွင်မူ အသုံးပြုနိုင်ရန် လုပ်ဆောင်နေဆဲဖြစ်သည်ဟု သိရသည်။ App တွင် ထည့်သွင်းထားသည့် သတင်းအချက်အလက်၊ အကူညီတောင်းခံနိုင်သည့် ဖုန်းနံပါတ်နေရာတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဖုန်းနံပါတ်များ နှင့် ဌာနဆိုင်ရာအချို့၏ နံပါတ်များကိုလည်း ထည့်သွင်းသွားမည်ဟု သိရသည်။

Mizzima

အယောင်ဆောင်အလှူခံများအား သာသနာရေးမှ ရှောင်တခင်ဖမ်းဆီးမည်

အယောင်ဆောင်အလှူခံများအား သာသနာရေးမှ ရှောင်တခင်ဖမ်းဆီးမည်

ဗုဒ္ဓဘာသာပုံရိပ်ကိုထိခိုက်စေသော အယောင်ဆောင်အလှူခံများအား သာသနာရေးမှ ရှောင်တခင်ဖမ်းဆီးအရေးယူတော့မည် ဖြစ်သည်။

မြို့နယ်သံဃနာယကအဖွဲ့က ကြီးကြပ်၍ ဒေသအုပ်ချုပ်ရေးအဖွဲ့များပူးပေါင်းပြီး ဗုဒ္ဓဘာသာဓလေ့ထုံးစံနှင့် ပုံရိပ်များကို ထိခိုက်စေသည့် အယောင်ဆောင်အလှူခံများအား စိစစ်တွေ့ရှိရသည့်အတွက် စစ်ဆေး အရေးယူသွားမည် ဖြစ်သည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ မေလ ၃ဝ ရက်တွင် ဖမ်းဆီးမည့်အကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ထိုသို့ သတင်းထုတ်ပြန်ရခြင်းမှာ မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးတွင် အကြောင်းအမျိုးမျိုးဖြင့် အလှူခံမဏ္ဍပ်များ ဖွင့်လှစ်၍ အလှူခံလျက် ရှိကြောင်း ဝန်ကြီးဌာနသို့   ထေရ်ကြီးဝါကြီးဆရာတော်များက အကြောင်းကြားသြဝါဒပြုခဲ့သောကြောင့် ဟု ဖော်ပြပါရှိသည်။

ထို့သို့ အလှူခံရာတွင် တချို့အလှူခံများမှာ မြို့နယ်သံဃနာယကအဖွဲ့၏ ထောက်ခံချက်ဖြင့် အလှူခံလျက်ရှိ နေသည်။ သို့သော် တချို့အလှူခံများမှာ ထောက်ခံချက် မိတ္တူများဖြင့်အလှူခံခြင်း၊   ကော်မရှင်ရယူဆောင်ရွက်ခြင်းများ စသဖြင့် မသင့်လျော်သော အယောင်ဆောင်အလှူခံများ စိစစ်တွေ့ရှိရသည်ဟု သိရသည်။

ထို့ကြောင့် အယောင်ဆောင်အလှူခံများအား သာသာရေးမှ ရှောင်တခင်စစ်ဆေးပြီး ဖော်ထုတ်ဖမ်းဆီးသွားမည်ဖြစ်သည်။

Mizzima

ဧရာဝတီတိုင်းအစိုးရက လွှတ်တော်ကို ကတိပြုထားသည့်ထဲမှ ၈၀ ရာခိုင်နှုန်း လုပ်ဆောင်ပြီးစီးဟုဆို

ဧရာဝတီတိုင်းအစိုးရက လွှတ်တော်ကို ကတိပြုထားသည့်ထဲမှ ၈၀ ရာခိုင်နှုန်း လုပ်ဆောင်ပြီးစီးဟုဆို

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က တိုင်းလွှတ်တော်တွင် ဖြေဆိုထားသည်များ၊ ကတိကဝတ် ပြုထားသည်များထဲမှ ၈၀ ရာခိုင်နှုန်းကို ဆောင်ရွက်ပြီးစီးသွားပြီဟု တိုင်းလူမှုရေးဝန်ကြီးက တိုင်းအစိုးရအဖွဲ့၏ တစ်နှစ်တာအတွင်း ပြုပြင်ပြောင်းလဲမှုအခြေအနေနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

"လွှတ်တော်ထဲမှာ ဖြေဆိုတဲ့ နေရာမှာဖြစ်စေ အဆိုတွေတင်သွင်းတဲ့နေရာမှာဖြစ်စေ ကျွန်မတို့လုပ်နိုင်တဲ့အလုပ် လုပ်နိုင်တဲ့လုပ်ငန်း စီမံကိန်းဆိုရင် ကတိကဝတ်အနေနဲ့ ယူရပါတယ်။ အကယ်၍ချက်ခြင်းမဆောင်ရွက်နိုင်ဘူးဆိုရင် မေးခွန်းတွေအဖြေတွေကို ဆက်လက်လုပ်ဆောင်သွားမယ်၊ သက်တမ်းတစ်နှစ်အတွင်း လွှတ်တော်ထဲက ကတိကဝတ် မေးခွန်းနဲ့အဖြေတွေကို ၈၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးပြီးလို့ပြောနိုင်ပါတယ်။ သို့သော် မြေယာကိစ္စ၊ အင်းကိစ္စတွေနဲ့ ပတ်သက်ရင် ကတိကဝတ်ဘောင်ထဲကို မဝင်နိုင်သေးပါဘူး”ဟု လူမှုရေးဝန်ကြီး   ဒေါက်တာလှမြတ်သွေးကပြောသည်။

ဧရာဝတီတိုင်းအစိုးရအဖွဲ့အနေဖြင့် ဝန်ထမ်းများကို တစ်နှစ်ကာလအတွင်း အရေးယူမှုအား မေးမြန်းရာ "အစိုးရအဖွဲ့အနေနဲ့ တစ်နှစ်တာကာလမှာ ဝန်ထမ်းတွေကို အနီးကပ်ကြီးကြပ်ပြီး လက်တွဲခေါ်ဆောင်လျက် ရှိပါတယ်။ တစ်နှစ်တာကာလမှာ ထူးထူးခြားခြား အရေးယူဆောင်ရွက်မှု မရှိသေးပါဘူး။ သတိပေးဖို့လိုတဲ့ဝန်ထမ်းများကို သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် သတိပေးပါတယ်။ ပြုပြင်ဖို့လိုအပ်တာ အရှိန်အဟုန်မြှင့်ဆောင်ရွက်ပါတယ်။ အရေးယူဖို့ရှိလာရင် အစိုးရအဖွဲ့အနေနဲ့ သည်းခံမှာမဟုတ်ပါဘူး”ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းအရေးမှူး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးသန်းဆွေဝင်းက ပြောသည်။

လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးကမူ ဝန်ထမ်းများအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရန် လိုအပ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှု မရှိသည့် ဝန်ထမ်းများကိုလည်း ဥပဒေအရ အရေးယူသင့်ကြောင်း ထောက်ပြသည်။

"တရားဥပဒေစိုးမိုးရေးအတွက် ဖိဖိစီးစီးလုပ်ဖို့လိုပါတယ်လို့ သုံးသပ်ပါတယ်" ဟု ၎င်းက ဖြည့်စွက်ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ တစ်နှစ်တာကာလအတွင်း ပြုပြင်ပြောင်းလဲတိုးတက်မှုအခြေအနေနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းအရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးဌာန ဒုတိယညွန်ကြားရေးမှူးချုပ်ဦးသန်းဆွေဝင်း၊ လုံခြုံနယ်စပ်ဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ စီမံဘဏ္ဍာဝန်ကြီးဦးဌေးဝင်း၊ စိုက်ပျိုးမွေးမြူးရေးသယံဇာတနှင့် ပတ်ဝန်ကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဘဟိန်း၊ လျှပ်စစ်စွမ်းအင်စက်မှုလက်မှုနှင့် လမ်းပန်ဆက်သွယ်ရေးဝန်ကြီးဦးဝင်းဌေး၊ စည်ပင်သာယာရေးဝန်ကြီးဦးကျော်မြင့်နှင့် လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးတို့က တက်ရောက်ခဲ့သည်။ ဝန်ကြီးချုပ်က ဦးမန်းဂျော်နီကမူ တက်ရောက်နိုင်ခြင်းမရှိပေ။

Mizzima

ကချင်စစ်ရှောင်ဒုက္ခသည် ကလေးများ ကျောင်းသုံးကိရိယာများ ထောက်ပံ့မှု လိုအပ်နေ

ကချင်စစ်ရှောင်ဒုက္ခသည် ကလေးများ ကျောင်းသုံးကိရိယာများ ထောက်ပံ့မှု လိုအပ်နေ


KIO နယ်မြေရှိ စစ်ရှောင်ဒုက္ခသည် ကလေးငယ်များအတွက် ကျောင်းသုံးကိရိယာများ ကူညီထောက်ပံ့မှု မရှိသဖြင့် ကျောင်းသားမိဘများ အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။

ယခင်နှစ်များတွင် ကျောင်းအပ်ခ မပေးရသော်လည်း ယခင်နှစ်များကဲ့သို့ ကူညီထောက်ပံ့မှု ရရှိခဲ့သော ကျောင်းဝတ်စုံ၊ ကျောင်းသုံးစာအုပ်၊ ခဲတံများ ယခုနှစ်တွင် မရရှိသေးသဖြင့် ကျောင်းသားမိဘများ ဝယ်ယူရမည်ဖြစ်၍ အခက်အခဲ ဖြစ်နေသည်ဟု ဂျေယန်းဒုက္ခသည်စခန်းမှ စစ်ရှောင်ဒုက္ခသည်များက ပြောသည်။

“အစားအသောက်က ထောက်ပံ့မှုရလို့ သိပ်မခက်ဘူး။ ဒါပေမယ့် ကလေးတွေ ပညာရေးအတွက်တော့ အရင်နှစ်တွေဆို ထောက်ပံ့ကြေးတွေ ရတယ်။ အခု ဒီနှစ်က မရတော့ဘူးဆိုတော့ အဝတ်အစား၊ စာအုပ်၊ ခဲတံကအစ အကုန် ဝယ်ရတော့မယ်။ စခန်းမှာက ဝင်ငွေမရှိတော့ အခက်အခဲ ဖြစ်နေတာ”ဟု ဒုက္ခသည် တစ်ဦးက ပြောသည်။

ဂျယန်းဒုက္ခသည်စခန်းမှ ဒေါ်ခါးတောမ်ကလည်း “မနှစ်ကတော့ အန်ဂျီအို အဖွဲ့အစည်းတွေက ဗလာ စာအုပ်လို၊ လွယ်အိတ်တွေ ကူညီပေးတယ်။ ဒီနှစ်က ဘယ်အဖွဲ့အစည်းကမှ ထောက်ပံ့တယ်လို့ မကြားရသေးဘူး”ဟု ပြောသည်။

စစ်ရှောင်ဒုက္ခသည်စခန်းအတွင်း ယခုနှစ် ပညာရေးအတွက် လူမှုအဖွဲ့အစည်း၏ အကူအညီများ ဆက်လက် လှူဒါန်းလိမ့်မည်ဟု ယုံကြည်ကြောင်း KIO မှ စစ်ရှောင်ဒုက္ခသည်များကူညီစောင့်ရှောက်ရေးကော်မတီမှ တာဝန်ခံ ဗိုလ်မှူးကြီး ဟိန်းဝေါမ်က ပြောသည်။

“ပညာရေးအတွက် ထောက်ပံ့မှုတော့ ဆက်ရှိနေမှာပါ။ ဒီနှစ်က ရောက်တာ နောက်ကျ မလားမသိဘူး။ ကျောင်းဖွင့်ပြီး နှစ်ပတ်၊ နှစ်ပတ်လောက်စောင့်ရမယ်။ ပုံမှန်ဆက်ကူညီထောက်ပံ့ဖို့တော့ ရှိမယ်”ဟု သူက မဇ္စျိမကို ပြောသည်။

ယခုနှစ်ပညာသင်နှစ်အတွက် စေသနာ့ဝန်ထမ်း ကျောင်းဆရာ၊ ဆရာမ အရေအတွက် ၁၀၀ ဦး တောင်းဆိုထားသော်လည်း ယခုထိ ဂရုဏာအဖွဲ့ (KMSS)မှ စေလွှတ်လိုက်သော ကျောင်းဆရာ၊ ဆရာမ ၃၀ ကျော် ရောက်ရှိနေပြီး ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)မှလည်း စေတနာ့ဝန်ထမ်းများ ထပ်မံ ရောက်ရှိမည် စောင့်ဆိုင်းနေသည်ဟု သူက ပြောသည်။

တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)တို့ တကျော့ပြန် ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည် ၁ သိန်းကျော်သည် ယနေ့ထိ မိမိနေရပ်မှ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြသည်။

Mizzima

ပထမတန်းသို့ တိုက်ရိုက်တက်မည့်ကလေးများကို အသက်ခြောက်နှစ်ပြည့်ရန် သုံးလအလိုအထိ ခွင့်ပြုပေးထား

ပထမတန်းသို့ တိုက်ရိုက်တက်မည့်ကလေးများကို အသက်ခြောက်နှစ်ပြည့်ရန် သုံးလအလိုအထိ ခွင့်ပြုပေးထား

သူငယ်တန်းတက် ရောက်ခြင်းမရှိဘဲ ယခုပညာသင် နှစ်တွင် ပထမတန်းသို့ တိုက်ရိုက် တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများ၏ အသက်ကန့် သတ်ချက်ကို ခြောက်နှစ်ပြည့်ရန် သုံးလအလိုထိ ခွင့်ပြုရန် အခြေခံ ပညာဦးစီးဌာနက ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။

၂၀၁၇-၁၈ ပညာသင်နှစ် တွင် အသက်(၆)နှစ်ပြည့်ပြီးသော ကလေးများကို ပထမတန်း၌ လက်ခံရန် ညွှန်ကြားထားသော်လည်း ကျောင်းအပ်နှံစဉ် အသက်(၆) နှစ်ပြည့်ရန် လအနည်းငယ်လိုနေ သော ကလေးများကို ပထမတန်း တက်ခွင့်ပြု၊ မပြုနှင့် ပတ်သက်၍ အငြင်းပွားမှုများ ပေါ်ပေါက်နေ ခြင်းကြောင့် ယခုကဲ့သို့ ညွှန်ကြား ခြင်းဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာနမှ သတင်းရရှိသည်။

‘‘(၆)နှစ်ပြည့်ရင် ပထမတန်း တက်ခွင့်ပြုဖို့ ပြောထားပြီးသားပါ။ လနည်းနည်းလိုရင် သူငယ် တန်းအပ်ရမလား၊ ပထမတန်း အပ်ရမလား မကွဲပြားဘူးဖြစ်နေ လို့ သုံးလအလိုအထိ ခွင့်ပြုပေးဖို့ ညွှန်ကြားထားပါ’’ဟု အခြေခံပ ညာဦးစီးဌာနမှ တာဝန်ရှိသူတစ် ဦးက ပြောသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပထမတန်းသို့ တိုက်ရိုက် တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအနက် အသက် (၆)နှစ်မပြည့်သူများ ကို ကလေး ၏ ကိုယ်ကာယနှင့် ဉာဏ်ရည်ဖွံ့ ဖြိုးမှုကို ကြည့်ရှု၍ အသက် (၆)နှစ်ပြည့်ရန် တစ်လလိုသူကို ကျောင်းအုပ်ကြီး၊ နှစ်လလိုသူ ကို မြို့နယ်ပညာရေးမှူး၊ သုံးလ လိုသူကို ခရိုင်ပညာရေးမှူး၏ခွင့် ပြုချက်ဖြင့် လက်ခံရန် ညွှန်ကြား ထားခြင်းဖြစ်သည်။

‘‘ဆရာမတို့ ကျောင်းက တော့ သူငယ်တန်းကို သုံးလအလို အထိ လက်ခံပေးတယ်။ ပထမ တန်းကတော့ အခုထိ (၆)နှစ် မပြည့်သေးတဲ့ ကလေးလာအပ် တာ မတွေ့ရသေးဘူး။

ညွှန်ကြား ချက်အရ သုံးလအလိုထိ လက်ခံပေးရမယ်ဆိုရင်တော့ လက်ခံ ပေးမှာပါ။ ဒါပေမဲ့ တချို့ကလေး က ခြောက်နှစ်ပြည့်တယ်ဆိုပေမယ့် သူ့ရဲ့ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအရ စာရေးနိုင်မယ့် အနေအထားမျိုး မရှိသေးရင်တော့ သူငယ်တန်းမှာ ပဲ လက်ခံပေးရတာမျိုးရှိတယ်’’ဟု မိတ္ထီလာမြို့နယ်မှ အလယ်တန်း ပြဆရာမတစ်ဦးက ပြောသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: 7 day daily

Education Directory

တပ်​သိမ်း​မြေများကိုပြန်​လည်​လွှဲ​ပြောင်း​ပေးရနိအစီစဉ်​မရှိဟု ကာကွယ်​​ရေးဒုဝန်​ကြီး​ပြော

တပ်​သိမ်း​မြေများကိုပြန်​လည်​လွှဲ​ပြောင်း​ပေးရနိအစီစဉ်​မရှိဟု
ကာကွယ်​​ရေးဒုဝန်​ကြီး​ပြော

တပ်သိမ်းမြေတွေပေါ်မှာ ရိက္ခာစိုက်ပျိုး ထုတ်လုပ်မှု ကနေ ၁ နှစ်ကို နိုင်ငံဘဏ္ဍာ ကျပ် ၇၅ ဘီလီယံ ကျော် ခြိုးခြံချွေတာ နေတယ်လို့ ဒီနေ့ ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာ ကာကွယ်ရေး ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မြင့်နွယ်က  ပြောပါတယ်။

“တပ်မတော်များရဲ့ ရိက္ခာကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကဲ့သို့ သတ်မှတ်ပေးမယ်ဆိုရင် တစ်နှစ်ကို ၇၅.၇၉ ဘီလီယံ ထပ်မံလိုအပ်မှာ ဖြစ်ပါတယ်။ တပ်မတော်အတွက် လိုအပ်တဲ့ ငွေကြေးက နိုင်ငံတော် ဘဂျတ်ကနေ ထပ်မံတောင်းခံခြင်း မပြုပဲနဲ့ တပ်မိသားစုရဲ့ တပိုင်တနိုင် စိုက်ပျိုး မွေးမြူရေးများ၊ တပ်ပိုင်မွေးမြူရေး လုပ်ငန်းတွေ ကနေ တပ်မိသားစုများကို ဈေးနှုန်း သက်သာစွာ ပြန်လည် ရောင်းချပေးတာတွေနဲ့ ရိက္ခာဖြည့်ဆည်း ပေးနေတယ်”လို့ ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီးက ပြောပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့ ရေချမ်းပြင်ကျေးရွာ လယ်သမား ၁၈ ဦးရဲ့ လယ်မြေ နဲ့ စားကျက်မြေ ၁၀၈.၄၀ ဧကကို အမှတ် ၂၇၀ ခြေလျင် တပ်ရင်းက သိမ်းဆည်းမှုကို မူလပိုင်ရှင်ထံ လွှဲပြောင်းပေးရန် အစီအစဉ်ရှိမရှိ အမျိုးသား လွှတ်တော်အမတ်  ဦးဝေစိန်အောင်က မေးမြန်းခဲ့တာနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်မြင့်နွယ်က ထည့်သွင်း ဖြေကြားခဲ့တာပါ။

မြေတွေကို သိမ်းယူခဲ့စဉ်က ဥပဒေလုပ်ထုံး လုပ်နည်းတွေ နဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြန်လည်ပေးအပ်ဖို့ အစီအစဉ်မရှိဘူး လို့လည်း   ကာကွယ်ရေးဒုဝန်ကြီးက လွှတ်တော်မှာ ပြောသွားပါတယ်။

DVB

အစိုးရသက်တမ်း ဒုတိယနှစ်မှစကာ အကျင့်ပျက်ဝန်ထမ်းများကို ငဲ့ညာမည်မဟုတ်ကြောင်း ဧရာဝတီ တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှုးသတိပေး

အစိုးရသက်တမ်း ဒုတိယနှစ်မှစကာ အကျင့်ပျက်ဝန်ထမ်းများကို ငဲ့ညာမည်မဟုတ်ကြောင်း ဧရာဝတီ တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှုးသတိပေး


မြမင်းဦး(ပုသိမ်)
The Ayeyarwaddy Times
မေလ ၃၁ ရက်၊ ၂၀၁၇ ခုနှစ်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ပထမသက်တမ်းအတွင်း ၀န်ထမ်းအချို့ကို သတိပေးမှုများသာ ပြုလုပ်ခဲ့သော်လည်း ဒုတိယသက်တမ်းမှစကာ အကျင့်ပျက်ဝန်ထမ်းများကို ငဲ့ညာမည်မဟုတ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှုး ဦသန်းဆွေဝင်း ကသတိပေး ပြောဆိုလိုက်သည်။

မေလ ၃၀ ရက်နေ့က ပုသိမ်မြို့၊ဧရာရွှေဝါခန်းမတွင် ပြုလုပ်သော ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ တစ်နှစ်တာကာလအတွင်း ပြုပြင်ပြောင်းလဲတိုးတက်မှု အခြေအနေများနှင့် ပါတ်သတ်၍ သတင်းစာ ရှင်းလင်းပွဲတွင် တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ညွန်ကြားရေမှုးလည်းဖြစ်သူ ဦးသန်းဆွေဝင်းက သတိပေးပြောဆိုခဲ့ခြင်းဖြစ်သည်။

“တစ်နှစ်တာကာလမှာ ဆိုးဆိုးရွားရွားအရေးယူ ဆောင်ရွက်တာတွေ မရှိသေးပါဘူး၊ ရှိလာရင်တော့ဖြင့် အစိုးရအဖွဲ့အနေနဲ့ ငဲ့ညာမှာမဟုတ်ပါဘူး၊အခုတော့ထူးခြားမှားယွင်းမှုတွေ မရှိသေးတဲ့အတွက် သတိပေးဆုံးမဆောင်ရွက်မှုတွေ ရှိသော်လည်း ထူးခြားအရေးယူထားတာ မရှိသေးပါဘူး”ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှုး ဦသန်းဆွေဝင်း ကပြောသည်။

ဘတ်ဂျတ်ကိစ္စကို ၀န်ကြီးများမှ တက်ညီလက်ညီတာဝန်ယူပြီး ၀ိုင်းဝန်းကာအချိန်မီဆောင်ရွက်နေရ ကြောင်း၊ နိုင်ငံတော်၏ဘဏ္ဍာငွေပိုင်းဆိုင်ရာ တစ်နှစ်တာဆောင်ရွက်မှု အပေါ်တွင်ဆောင်ရွက်မည့်  အစီအစဉ်များကို ၀န်ကြီးများမှ ကြီးကြပ်ပြီးဆောင်ရွက်နေရသဖြင့် အစိုးရသက်တမ်းတစ်နှစ်တာတွင် အကျင့်ပျက်ဝန်ထမ်းများကို သက်ဆိုင်ရာဝန်ကြီး ဌာနအလိုက်သာ သတိပေးဆောင်ရွက်ထားကြောင်း ၄င်းကဆက်လက်ပြောဆိုသည်။

“အကျင့်ပျက်ဝန်ထမ်းဆိုတာလာဘ်ငွေယူတာ၊ပြည်သူတွေအပေါ်နိုင့်ထက်စီးနင်းဆက်ဆံတာတွေ ကိုပဲသတ်မှတ်ထားတဲ့အပြင် တချို့အရာရှိတွေဆိုကိုယ့်ရုံးဝန်ထမ်းငယ်တွေအပေါ် ရုံးလုပ်ငန်း အစိုးရလုပ်ငန်း နဲ့မဆိုင်တဲ့ မိသားစုကိစ္စ အိမ်မှုကိစ္စတွေကို ခိုင်းနေတာတွေရှိလို့ တိုင်ကြားလာ ရင်လည်း အကျင့်ပျက်ဝန်ထမ်းအဖြစ် သတ်မှတ်ပြီးအရေးယူပေးစေချင်ပါတယ်”ဟု အမည်မဖော်လိုသည့် ၀န်ထမ်းတစ်ဦးကပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့တွင် ၂၀၁၆ ခုနှစ် ဇွန်လ ၁၉ ရက်နေ့က ရပ်ကွက်ရုံးတစ်ခုတွင်  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲကျင်းပမှုကို ပျက်ပြားအောင် မလျော်သြဇာသုံးခဲ့သည့် ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုဦးစီးတစ်ဦးအား နယ်ပြောင်းရွေ့မိန့်ချကာ အပြစ်ပေးခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်ပွါးခဲ့သည်။

The Ayeyarwaddy Times

ပရီးမီးယားလိဂ်တွင် အဆင့်(၆)၌သာရပ်တည်ခဲ့သော်လည်း ကမ္ဘာ့တန်ဖိုး အရှိဆုံးကလပ်အသင်းစာရင်းတွင် မန်ယူအသင်း ထိပ်ဆုံးမှ ဦးဆောင်

ပရီးမီးယားလိဂ်တွင် အဆင့်(၆)၌သာရပ်တည်ခဲ့သော်လည်း ကမ္ဘာ့တန်ဖိုး အရှိဆုံးကလပ်အသင်းစာရင်းတွင် မန်ယူအသင်း ထိပ်ဆုံးမှ ဦးဆောင်

 မန်ယူအသင်းသည် ပြီးခဲ့သည့် ၂၀၁၆- ၁၇ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အဆင့်(၆)နေရာ၌သာ ရပ်တည်ခဲ့သော်လည်း ကမ္ဘာ့တန်ဖိုးအရှိဆုံးကလပ်အသင်းစာရင်းတွင် ထိပ်ဆုံးမှဦးဆောင်နိုင် ခဲ့ကြောင်း သိရှိရသည်။

မန်ယူအသင်းသည် စပိန်ထိပ်သီးအ သင်းများဖြစ်သည့် ရီးယဲလ်၊ ဘာစီလိုနာ၊ ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်အသင်း များကိုကျော်ဖြတ်ပြီး ထိပ်ဆုံးတွင် တန်ဖိုးအ များဆုံးအဖြစ် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

   ကမ္ဘာ့ကလပ်အသင်းများ၏ တန်ဖိုးသတ်မှတ်မှုကို ပရော်ဖက်ရှင်နယ် စီးပွားရေးအဖွဲ့အစည်းတစ်ခုဖြစ်သော KPMG က ပြုလုပ်ခဲ့ ခြင်းဖြစ်ပြီး ထိပ်သီးကလပ်အသင်း(၃၉)သင်းအား ၎င်းတို့၏ဘဏ္ဍာရေး အခြေအနေများကို တွက်ချက်ကာ ဖော်ပြခဲ့ခြင်းဖြစ်သည်။ လူမှု ကွန်ရက်ဝက်ဘ်ဆိုက်များနှင့် ရုပ်သံလိုင်းများ တွင်
၎င်းကလပ်အသင်းများ၏ ထင်ပေါ်ကျော် ကြားမှု၊ ၂၀၁၄-၁၅ရာသီနှင့် ၂၀၁၅-၁၆ရာသီ များတွင် ၎င်းကလပ်အသင်းများရရှိခဲ့သည့် ၀င်ငွေများ၊ ဥရောပပြိုင်ပွဲများတွင် အောင်မြင် မှုအစရှိသည်တို့ကို အခြေခံ၍
တွက်ချက်ခဲ့ ခြင်းဖြစ်ကြောင်း သိရှိရသည်။

 ကလပ်အသင်းများအား တန်ဖိုးသတ် မှတ်ရာတွင် အကယ်၍ ၎င်းကလပ်အသင်း ကို ၀ယ်ယူမည်ဆိုပါက မည်ရွေ့မည်မျှကုန် ကျနိုင်သည်ဆိုသည့်အချက်ကို အဓိကထည့် သွင်းစဉ်းစားခဲ့ကြောင်းလည်း
သိရှိရသည်။ ယင်းကဲ့သို့ အချက်အလက်များစွာကို စဉ်းစား တွက်ချက်ပြီးနောက် မန်ယူအသင်း၏တန်ဖိုး မှာ ယူရိုသန်း(၃၀၀၀) (ပေါင် ၂.၇ ဘီလျံ)ခန့် ရှိနေပြီး အများဆုံးအဖြစ် ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထိပ်ဆုံး(၁၀)သင်း စာရင်းထဲတွင် ပရီးမီးယားလိဂ်မှ အသင်းကြီး (၆)သင်းစလုံးပါဝင်ခဲ့ပြီး မန်စီးတီး၊ အာဆင် နယ်၊ ချယ်လ်ဆီး၊ လီဗာပူးလ်အသင်းများမှာ အဆင့်(၅၊ ၆၊ ၇၊ ၈)နေရာများတွင်လည်း ကောင်း၊ စပါးအသင်းမှာ အဆင့်(၁၀)နေရာ တွင်လည်းကောင်း ပါဝင်ခဲ့သည်။ ထို့ပြင် ပြီး ခဲ့သည့်ရာသီ ပရီးမီးယားလိဂ်ချန်ပီယံ လက်
စတာအသင်းမှာ အဆင့်(၁၆)နေရာတွင် လည်းကောင်း၊ အဲဗာတန်အသင်းမှာ အဆင့် (၁၇)နေရာတွင်လည်းကောင်းပါဝင် ခဲ့ပြီး ထိပ် ဆုံးအသင်း(၂၀)ထဲတွင်လည်း ပရီးမီးယား လိဂ်ကလပ်အသင်းများက
အများဆုံးအဖြစ် (၈)သင်းအထိပါဝင်နေကြောင်း သိရသည်။

Photo: AFP
Eleven Sports

မကွေးတိုင်းတွင် တပ်မတော်၊ ဌာနဆိုင်ရာ နှင့် ကုမ္ပဏီ သိမ်းဆည်းမြေ ဧက ၄သိန်းခွဲရှိ၊ တောင်သူများပြန်ရအောင် အတတ်နိုင်ဆုံးကူညီမည်ဟု ဝန်ကြီးချုပ်ဆို

မကွေးတိုင်းတွင် တပ်မတော်၊ ဌာနဆိုင်ရာ နှင့် ကုမ္ပဏီ သိမ်းဆည်းမြေ ဧက ၄သိန်းခွဲရှိ၊ တောင်သူများပြန်ရအောင် အတတ်နိုင်ဆုံးကူညီမည်ဟု ဝန်ကြီးချုပ်ဆို

မကွေး၊ မေ ၃၁ ။               ။ သိမ်းဆည်းခံလယ်ယာမြေများ ပြန်ရအောင် တောင်သူလယ်သမားများဘက်က အတတ်နိုင်ဆုံး အကူအညီသွားမည်ဟု မကွေးတိုင်းဒေသကြီး မြေစစ်ကော်မတီအဖွဲ့ ဥက္ကဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြောကြားသည်။

မေလ၂၉ ရက်က မကွေးမြို့၊ ဇင်ယော်မိုတယ်တွင် ပြုလုပ်သည့် သိမ်းဆည်းမြေ ပြန် လည်စိစစ်ရေးလုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ စွမ်းဆောင်ရည်များ ပြန်လည်သုံးသပ်ခြင်း မြှင့်တင်ခြင်းဆိုင်ရာ တိုင်းဒေသကြီးအဆင့်အလုပ်ရုံဆွေးနွေးပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

"ရှုပ်ယှက်ခတ်တာတွေကတော့ ပိုင်ဆိုင်မှု အငြင်းပွားတာတွေ ပုံစံခွန် အတုကိစ္စ ပေါ်ပေါက်တာတွေ လျော်ကြေးငွေကိစ္စတွေ စသဖြင့် ရှုပ်ယှက်ခတ်မှုတွေ တွေ့ကြုံရကြောင်း၊ ဘာဘဲဖြစ်ဖြစ် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနှင့် ကိုယ်စွမ်းဥာဏ်စွမ်း ရှိသ၍ ကြိုးစားသွားမယ်" ဟု ဝန်ကြီးချုပ် ဒေါက်တာအောင်မိုညိုကပြောသည်။

မကွေးတိုင်းဒေသကြီး မြေစစ်ကော်မီအဖွဲ့ အလုပ်အမှုဆောင် ဦးအောင်ကျော်ကျော်က တောင်သူလယ်သမား သမဂ္ဂအဖွဲ့အစည်း၏ ၂၀၁၄ ခုနှစ် လယ်သိမ်းယာသိမ်း စစ်တမ်းများအရ မကွေးတိုင်းဒေသကြီးအတွင်း တပ်မတော်မှ သိမ်းမြေဧက (၃သိန်းခွဲ)၊ ဌာနဆိုင်ရာနှင့် ကုမ္ပဏီများမှ သိမ်းမြေ ဧက (၁သိန်း)ခန့်ရှိ၍ စုစုပေါင်း မကွေးတိုင်းဒေသကြီးအတွင်း လယ်ယာမြေသိမ်းဆည်းခံရမှု ဧက(၄သိန်းခွဲ)ခန့်ရှိသည်ဟုပြောသည်။

ယင်းလယ်ယာမြေ သိမ်းဆည်းထားသည့် တပ်မတော်၊ ဌာနဆိုင်ရာနှင့် ကုမ္ပဏီများထဲတွင် မကွေးတိုင်းဒေသကြီး မြေစစ်ကော်မတီအဖွဲ့ ကိုင်တွယ်ရ အခက်ဆုံးမှာ တပ်မတော်မှ သိမ်းမြေများ ဖြစ်သည်ဟု မကွေးတိုင်းဒေသကြီး မြေစစ်ကော်မတီအဖွဲ့အလုပ်အမှုဆောင် ဦးအောင်ကျော်ကျော်က ပြောသည်။

Mizzima

ကျိုက်လတ်မှ ကျောင်းဆရာ မုဒိမ်းမှုများအတွက် ထောင် အနှစ် ၄ဝ ကျ

ကျိုက်လတ်မှ ကျောင်းဆရာ မုဒိမ်းမှုများအတွက် ထောင် အနှစ် ၄ဝ ကျ

ရန်ကုန် (Myanmar Now) - ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်မှ အဋ္ဌမတန်းကျောင်းသူနှစ်ဦးအား အဓမ္မပြုကျင့်သည့် ကျောင်းဆရာကို ဖျာပုံခရိုင်တရားရုံးက မေလ ၃၁ ရက်နေ့တွင် အလုပ်နှင့် ထောင်ဒဏ် အနှစ် ၄ဝ ချမှတ်လိုက်ကြောင်း တရားလိုရှေ့နေ ဦးကျော်ဇေယျက ပြောသည်။

ရွှေညောင်ပင်ကျေးရွာ အလယ်တန်းကျောင်းမှ  ကျောင်းသူနှစ်ဦး၏ အုပ်ထိန်းသူတို့က  သီးခြားစီ အမှုဖွင့် တိုင်ကြားကြခြင်း ဖြစ်ကြောင်း၊   ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၆ အရ အမှုတစ်ခုလျှင် အလုပ်နှင့် ထောင်ဒဏ် အနှစ် ၂ဝ ချမှတ်ခဲ့ပြီး အမှုနှစ်ခု အတွက် စုစုပေါင်း ထောင်ဒဏ် အနှစ် ၄ဝ ချမှတ်ခြင်းဖြစ်ကြောင်း ဦးကျော်ဇေယျက ရှင်းပြသည်။

"ဒီတစ်ကြိမ်ကတော့ ကျွန်တော့်အတွေ့အကြုံအရ သက်ငယ်မုဒိမ်းမှုနဲ့ပတ်သက်ပြီး ပထမဆုံး ပြစ်ဒဏ် အများဆုံး ချမှတ်တာပါပဲ" ဟု တရားပြုကျင့်ခံရသည့် ငယ်ရွယ်သူတို့ကို ကူညီ အကျိုးဆောင်ပေးနေသော ဥပဒေရေးရာ ကုစားရေးမြန်မာ အဖွဲ့မှ ဧရာဝတီတိုင်းဒေသကြီး တာဝန်ခံ၊ အထက်တန်းရှေ့နေ ဦးကျော်ဇေယျက ဆိုသည်။

"အဖေက သမီးကို ကျူးလွန်တဲ့ အမှုတွေတောင် ထောင်ဒဏ် ၁ဝ နှစ်ပဲ ချတာပါ"

အမှုကာလ တစ်နှစ်နီးပါးအတွင်း ခရိုင်တရားရုံး ရုံးချိန်းပေါင်း ၃ဝ ဝန်းကျင် ရှိခဲ့ကြောင်း   ဦးကျော်ဇေယျက ရှင်းပြသည်။

ကျောင်းသူတစ်ဦး၏ ဖခင်ဖြစ်သူကလည်း တရားရုံး၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး အားရ၊ ကျေနပ်သည်ဟု ဆိုသည်။

"ကျွန်တော်တို့တရားရုံးကို အပင်ပန်းခံသွားရတာနဲ့တန်ပါတယ်၊ ပင်ပန်းရကျိုးနပ်တယ်လို့ မြင်ပါတယ်။ ဆရာနဲ့ကျောင်းသူဆိုတာ တကယ်ကို မဖြစ်သင့်တဲ့ကိစ္စတစ်ခုပါ။ ဒီဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် ကျောင်းတွေမှာ လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ပညာပေးသင့်ပြီ ဆိုတာကို ပြလိုက်သလိုပါပဲ" ဟု သူက ဆိုသည်။

ကလေးနှစ်ဦးသည် အမှုရင်ဆိုင်စဉ်ကာလများအတွင်း  ကျောင်းဆက်တက်ခဲ့ကြောင်း သူက ဆက်ပြောသည်။

၃၆ နှစ်အရွယ် ကျောင်းဆရာရန်နိုင်က  ၁၄ နှစ် နှင့် ၁၅  နှစ်အရွယ် ကျောင်းသူနှစ်ဦးကို  ၂ဝ၁၆ ဇူလိုင်၊ သြဂုတ်လများအတွင်း စာသင်ကျောင်းတွင် မကြာခဏ သားမယားပြုကျင့်ခဲ့သည့် ဖြစ်ရပ်ကို မိဘများက ရက်အတန်ကြာမှ သိရသည်ဟု ဆိုသည်။

စက်တင်ဘာလကုန်ပိုင်းတွင် အာဏာပိုင်တို့က သမိုင်းဘာသာရပ်သင်ကြားသူ ကျောင်းဆရာကို နေအိမ်တွင် သွားရောက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အမှုနှစ်ခုအတွက် ထောင်ဒဏ် စုစုပေါင်း အနှစ် ၄ဝ ချမှတ်လိုက်သည့် ဖျာပုံခရိုင်တရားရုံး၏ ဆုံးဖြတ်ချက်က  မတရားပြုကျင့်လိုသူတို့ကို ဟန့်တားရာ ရောက်မည်ဟု  အမျိုးသမီးအရေး တက်ကြွ လှုပ်ရှားသူ ဒေါ်ဝင်းဝင်းခိုင်က မှတ်ချက်ပြုသည်။

"ဒီအပြစ်ဒဏ်က ဥပဒေကြောင်းအရ ထိရောက်တဲ့ပြစ်ဒဏ်ပါပဲ။ တရားသူကြီးက သူ့လုပ်ပိုင်ခွင့်အရ အပြည့်အဝ ချမှတ်လိုက်တယ်လို့ ထင်ပါတယ်။ ဒါကို နမူနာကြည့်မယ်ဆိုရင် နောက်လူတွေလည်း မုဒိမ်းမှုကိုကျူးလွန်ရဲမှာ မဟုတ်တော့ပါဘူး" ဟု ရန်ကုန်မြို့မှ ဒေါ်ဝင်းဝင်းခိုင်က ဆိုသည်။

" ကျောင်းသူ၊ ကျောင်းသား ဆိုတာက ဆရာ၊ ဆရာမတွေနဲ့ နေ့စဉ်ထိတွေ့နေရတာပါ။ ကျောင်းဆရာက ကျောင်းသူကို မုဒိမ်းမှုကျူးလွန်တယ်ဆိုတာ မဖြစ်သင့်တဲ့ကိစ္စတစ်ခုပါ"

၂ဝ၁၆ ခုနှစ်က တစ်နိုင်ငံလုံးတွင် မုဒိမ်းမှု တိုင်ကြားချက်ပေါင်း ၁,၁ဝဝ ရှိသည်ဟု  မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ကိုးကားပြီး ပြန်ကြားရေးဝန်ကြီးဌာန အင်တာနက်စာမျက်နှာ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။ ထိုအမှုများထဲတွင် အရွယ်မရောက်သေးသူကို ကျူးလွန်သည့် အမှုပေါင်း  ၆၇၁ မှု ပါဝင်သည်ဟု ဆိုသည်။

အရွယ်မရောက်သေးသူတို့ကို မုဒိမ်းပြုကျင့်မှုမှာ ရန်ကုန်တိုင်းဒေသကြီးတွင် အများဆုံး ပေါ်ပေါက်ခဲ့ကြောင်း၊  ရန်ကုန်နောက်တွင် အဆိုပါအမှုမျိုး အများဆုံးဖြစ်ပွားသော တိုင်းဒေသကြီးများမှာ ဧရာဝတီ၊ မန္တလေး၊ စစ်ကိုင်းတို့ ဖြစ်ကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။    ။

အိချယ်ရီအောင်/Myanmar Now

ကျောက်တန်းမြို့နယ်၊ သစ်တောမြေဧရိယာကို မြေငှားရမ်းခအနေဖြင့် (၇) နှစ်အထက် ကျော်ပါက တစ်နှစ်လျှင် တစ်ဧက (၁၀၀၀) ကျပ်နှုန်းဖြင့် ငှားရမ်းပေးထားခြင်းဖြစ်

ကျောက်တန်းမြို့နယ်၊ သစ်တောမြေဧရိယာကို မြေငှားရမ်းခအနေဖြင့် (၇) နှစ်အထက် ကျော်ပါက တစ်နှစ်လျှင် တစ်ဧက (၁၀၀၀) ကျပ်နှုန်းဖြင့် ငှားရမ်းပေးထားခြင်းဖြစ်


မေလ ၃၁ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကျောက်တန်း မဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုးက ကျောက်တန်းမြို့နယ် သစ်တောမြေဧရိယာ အတွင်းရှိ ဦးမင်းဝိုင်အား ငှားရမ်းထားသော မြေ(၁၀)ဧက အတွက် တစ်ဧက (၅၀၀)ကျပ် ဖြစ်ပါသလား၊( ၁)ဧက သိန်း(၅၀)ကျပ် ဖြစ်ပါသလား၊ မည်သည်က အမှန်ဖြစ်ပါသလဲနှင့် စပ်လျဉ်း၍ မေးမြန်းခဲ့မှုအပေါ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးအုန်းဝင်းက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ကျောက်တန်းမြို့နယ်ရှိ ဘန့်ဘွေးကုန်း သစ်တောကြိုးဝိုင်းအတွင်း ပုဂ္ဂလိက လုပ်ငန်းရှင် ဦးမင်းဝိုင်အား ပုဂ္ဂလိက နှစ်ရှည်ရာဘာစိုက်ခင်း ၁၀ ဧက စိုက်ပျိုးရန်အတွက် စာချုပ်အမှတ်-၂/၂၀၁၂-၁၃ (၁၁-၆-၂၀၁၂)၊ သတ်မှတ် စည်းကမ်းချက်(၁၇)ချက်ဖြင့် လုပ်ထုံးလုပ်နည်းနှင့် အညီ နှစ် ၃၀ စာချုပ် ချုပ်ဆိုခွင့်ပြုထားရှိပြီး မြေငှားရမ်းခအနေဖြင့် တစ်နှစ်လျှင် တစ်ဧကအတွက် ၅၀၀ ကျပ်နှုန်း၊ ၇ နှစ်အထက်နောက်ပိုင်း တစ်နှစ်လျှင် မြေငှားရမ်းခ တစ်ဧကလျှင် ၁၀၀၀ ကျပ် နှုန်းဖြင့် ငှားရမ်းပေးထားခြင်း ဖြစ်ကြောင်း ၀န်ကြီးက ဖြေကြားခဲ့သည်။

စိုက်ပျိုးမွေးမြူရေး ကော်မတီမှ စိုက်ပျိုးခဲ့သည့် ရာဘာ(၅)ဧကနှင့် သီဟိုသရက်(၅) ဧက သည် ၂၀၀၈ ခုနှစ်၊ နာဂစ်မုန်တိုင်းကြောင့် ပျက်စီးခဲ့ပါကြောင်း၊ ပျက်စီးခဲ့သည့်စိုက်ခင်းအား ၂၀၀၉ ခုနှစ်တွင် ရာဘာ(၁၀)ဧက ပြန်လည်စိုက်ပျိုးခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ပုဂ္ဂလိက လုပ်ငန်းရှင် ဦးမင်းဝိုင်အား လွှဲပြောင်းပေးပြီး ဖြစ်ပါသဖြင့် ၎င်းအမည်ဖြင့် သစ်တောဦးစီးဌာနနှင့် စာချုပ်ချုပ်ဆို၍ အခွန်ပေးဆောင် ခွင့်ပြုပါရန် ဝန်ကြီးဌာနသို့ မေတ္တာရပ်ခံလာပါသဖြင့် ၃၀-၃-၂၀၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး (၅/၂၀၁၂) အစည်းအဝေး ဆုံးဖြတ်ချက်အရ ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ပါကြောင်းလည်း ၀န်ကြီးက ထည့်သွင်း ပြောကြားခဲ့သည်။

The Ladies News

အစိုးရအဖွဲ့ဟောင်း ရန်ပုံငွေကိစ္စ မကွေးတိုင်းဝန်ကြီးချုပ်ဟောင်းက ကျပ်သန်း ၂၀၀ တတိယအကြိမ်အဖြစ် ထပ်မံလွှဲပြောင်းပေး

အစိုးရအဖွဲ့ဟောင်း ရန်ပုံငွေကိစ္စ မကွေးတိုင်းဝန်ကြီးချုပ်ဟောင်းက ကျပ်သန်း ၂၀၀ တတိယအကြိမ်အဖြစ် ထပ်မံလွှဲပြောင်းပေး

မကွေး၊ မေ ၃၁ ။           ။ မကွေးတိုင်းဒေသကြီး ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းရှင်များမှ ထည့်ဝင်လှူဒါန်းခဲ့သော ရန်ပုံငွေများထဲမှ ကျပ်သန်း(၂၀၀)အား ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ၏ ကိုယ်စားလှယ်က မေလ ၃၀ရက် နေ့လည်က လက်ရှိ မကွေးတိုင်းဒေသကြီး အစိုးရထံသို့ လာရောက် အပ်နှံခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့ထံက သိရသည်။

"မနေ့က နေလည် ၁၂နာရီလောက်က ဦးဘုန်းမော်ရွှေရဲ့ ကိုယ်စားလှယ် ဦးကြည်ထွန်းက လာရောက်ပေးသွားပါတယ်။ မြန်မာ့စီးပွားရေးဘဏ်ကတဆင့် အစိုးရရဲ့ ရငွေစာရင်းမှာ ကျပ်သန်း(၂၀၀)   ပေးသွင်းသွာပါပြီ" ဟု မကွေးတိုင်းဒေသကြီး အစိုးရ ပြောရေးဆိုခွင့်ရှိသူ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးနေမျိုးကျော်က မဇ္ဈိမသို့ပြောသည်။

ဦးဘုန်းမော်ရွှေက ပေးရန်ရှိသည့် ကျပ် ၁ ဒသမ ၅၇ဘီလီယံကျော်အနက် မေလ (၄)ရက်က ကျပ်သိန်း(၃၀၀၀)၊ မေလ(၅)ရက်က ကျပ်သိန်း(၅၀၀၀) ပေးသွင်းထားပြီး မေ(၃၀)ရက်က ကျပ်သန်း(၂၀၀) ထပ်မံလာရောက် ပေးသွင်းခြင်းဖြစ်သည်။

ယင်းအပြင် မကွေးတိုင်းကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီသို့ လှူဒါန်းခဲ့သည်ဆိုသော မော်တော်ယာဉ် (၄)စီး၊ Wheel Loader (၁)စီး၊ ပဲ့ထောင်ရေယာဉ်(၂)စီးတို့အားလည်း ဧပြီလ ၃၀ ရက်က လက်ရှိ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ပြန်လည်လွှဲအပ်ပေးခဲ့ပြီးဖြစ်သည်။

ကျန်ရှိငွေများမှာ လုပ်ငန်းလုပ်ကိုင်ထားသည့်အတွက် ပြန်လည်ကောက်ခံပြီး ဇူလိုင်လ တတိယပတ်တွင် ပြန်လည်ပေးသွင်းသွားမည်ဖြစ်ကြောင်း ဦးဘုန်းမော်ရွှေမှ အကြောင်းပြန်စာပေးပို့ ကတိပြုထားကြောင်း မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက မဇ္ဈိမသို့ပြောသည်။

Mizzima

ယုံကြည်မှုကို လိုချင်ရင် မှန်ရာကိုသာ အမြဲပြောပါ

ယုံကြည်မှုကို လိုချင်ရင် မှန်ရာကိုသာ အမြဲပြောပါ

လူများရဲ့ယုံကြည်လေးစားမှုကို လိုချင်ရင် အမြဲတမ်း အမှန်အတို်င်း ပြောရတယ်လို့ဖေဖေက ထပ်ပြီး သွန်သင်ပါတယ်။

ဖေဖေက ကျွန်မ လူမှန်းသိတတ်စ အရွယ်ကတည်း ဒီကနေ့ ထိ အမှန်ကိုသာ ပြောဖို့၊ လိမ်ညာခြင်း ကင်းဝေးဖို့သွန်သင်ခဲ့တယ်။

အဲဒီလို နှစ်ပေါင်းများစွာ သွန်သင်ခဲ့တာတောင်မှာ တစ်ခါတစ်ရံမှာ ကြောက်လို့ အမှန်မပြောရဲဘဲနဲ့ ညာမိတာလည်း ရှိတယ်။ တစ်ခါတစ်ရံမှာတော့သူများတွေ အထင်သေးမှာ စိုးရိမ်ပြီးတော့ညာ ပြောမိတာလည်း ရှိတယ်။ တစ်ခါတစ်ရံမှာတော့  ကိုယ့်ကြောင့်သူများ ဒုက္ခရောက်သွားမလား ဆိုတဲ့စိတ်နဲ့ညာပြောလိုက်ရတာတွေလည်း ရှိလာပြန်တယ်။ တစ်ခါတစ်ရံမှာ သူများအကျိုးစီးပွားထိခိုက်မှာစိုးလို့ အမှန်မပြောနိုင်ဘြဲ ညာမိတာလည်း ရှိပြန်တယ်။

အဲဒီလို ညာမိတဲ့အခါတိုင်း ကိုယ့်ကိုယ်ကို စိတ်ပျက်ရပါတယ်။ အပြစ်ကြီးကြီးမားမား ရှိနေသလို ခံစားရပြီး နေထိုင်လို့မကောင်းခဲ့ဘူး။ဒါကြောင့် အသေးအဖွဲလေးတွေကိုတောင် မညာမိဖို့ သတိနဲ့နေခဲ့ပါတယ်။ တစ်ခါတစ်ရံမှာ  အမှန်ပြောရမဲ့အစား အဓိပ္ဗါယ်နှစ်ခွထွက်စေတဲ့စကားတွေနဲ့ ဖုံးဖုံးဖိဖိပြောတာမျိုးတွေလည်း လုပ်ခဲ့ဖူးတယ်။

ဘယ်လိုပဲ လုပ်လုပ်၊ ဘယ်လိုပဲ တန်ဆာဆင်ဆင် မမှန်ခြင်းစကားဆိုတာကို ဆိုရသရွေ့ ပါးစပ်နံ့နေသလိုပဲ ခံစားရတယ်။ပြီးတော့ကိုယ့်ကိုယ်ကိုလည်း လိပ်ပြာကမသန့်၊ စိတ်မလုံမခြုံနဲ့ ပူပင်ဆင်းရဲ ဖြစ်ရတတ်ပါတယ်။ အဆိုးဝါးဆုံးကတော့ကိုယ့်ကိုယ်ကို လေးစားလို့မရတော့တာပါပဲ။

ဒါကြောင့် အသက် ၄၀ ပြည့်ပြီးတဲ့အချိန်မှာတော့  လုံးဝ အမှန်ကိုပဲပြောတော့မယ် လို့စိတ်ထဲဆုံးဖြတ်လိုက်မိတယ်။ အရာရာတိုင်းကို မှန်တဲ့အတိုင်းသာ ပြောတော့မယ်လို့စိတ်ပိုင်းဖြတ်ပြီး အသေးအဖွဲကစပြီး ဂရုစိုက်ခဲ့တယ်။

အရင်တုန်းက ထင်ထားခဲ့တာ။ မညာဘူး အမှန်အတိုင်းပြောတဲ့အခါ ပေါင်းသင်းဆက်ဆံရေးကို ထိခိုက်သွားမှာပဲလို့ ယူဆမိခဲ့တယ်။ တကယ်တမ်းမှာတော့ အမှန်အတိုင်း ပြောရဲလေလေ ပေါင်းသင်းဆက်ဆံရေးမှာ ယုံကြည်မှု ရလေလေ ဆိုတာကို တွေ့လာရပါတယ်။

အမှန်တရားရဲ့တန်ခိုးဟာ ကြီးမားလိုက်တာလို့ ကျွန်မ နားလည် လက်ခံလိုက်မိတယ်။
ကိုယ့်စိတ်ထဲမှာသာ အမှန်ကို ပြောလိုက်လို့သူက တစ်မျိုး ထင်ပြီး ခင်မင်ပျက်သွားမလား လို့စိုးရွံ့မိနေတာ။ သူက အမှန်ကို သိလိုက်ရလို့ ကိုယ့်ကို ကျေးဇူးတင်သတဲ့။
တစ်ခါတစ်ရံမှာတော့ အမှန်စကား ဆိုတာ နားဝင်ဆိုးတတ်တာ မှန်ပေမဲ့၊ အမှန်ဖြစ်နေတဲ့အတွက် နားထောင်ရတဲ့သူ၊ လက်ခံရတဲ့သူကလည်း ကိုယ့်အပေါ် ဒေါသထွက်ရင်တောင် ခဏပါပဲ။ သူ နားလည်သွားတဲ့ အခါ အမှန်ကိုသာ ပြောသူ အဖြစ် သူ့စိတ်ထဲ လက်ခံယုံကြည်သွားတတ်တယ်။

လူတိုင်းက အမှန်အတိုင်း ပြောကြတာကို ကြိုက်နှစ်သက်ကြပါတယ်။ မကြိုက်မှာ စိုးလို့ဆိုပြီးမမှန်တာတွေကို ပြောမှ အထင်သေးကြ၊ ဆက်ဆံရေး ပျက်ပြားကြရတာပါ။ အမှန်စကားက နားခါးတယ်ဆိုရင်တောင်မှဒါဟာ တစ်ခဏပါ၊ ရေရှည်မှာတော့မှန်ကန်ခြင်းကသာ အကောင်းဆုံးပါပဲ။

တကယ်တော့အမှန်ဆိုတာ ဆေးခါးကြီး ဖြစ်မယ်ဆိုရင်တောင်မှ တရားတဲ့ဆေးပါ၊ ဘယ်လောက်ပဲချိုသာပါစေ ဘယ်လောက်ပဲ နားထဲစိမ့်အောင်ကောင်းနေပါစေ… မမှန်တဲ့စကား ဆိုတာ ကိုယ့်ကိုရော သူ့ကိုပါ ထိခိုက်စေပါတယ် ဆိုတာကို နားလည်လက်ခံခဲ့ပါတယ်။

ဒါကြောင့် ကျွန်မတို့အနေနဲ့ကိုယ့်မျိုးဆက်၊ ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်ကို တည်ဆောက်တဲ့အခါမှာ မှန်သော စကားကိုသာ ပြောဆိုပြီး မှန်ကန်တဲ့ လမ်းပေါ် ကိုယ်ကိုယ်တိုင်က လျှောက်လှမ်းသလို၊ သူများကိုလည်းလျှောက်လှမ်းနိုင်ဖို့အတွက် စဉ်းစားစေနိုင်ဖို့အတွက် မှန်သောစကားကို ဆိုကြရအောင်ပါနော်။

နောက်တစ်ချက်ကတော့ မှန်တဲ့စကားကို ဆိုတဲ့သူတိုင်းဟာ သစ္စာဆိုလို့ရတဲ့စွမ်းရည်တစ်မျိုးလည်း ရရှိပိုင်ဆိုင်ကြရပါတယ်။

ဘာကြောင့်ပဲ ဖြစ်ပါစေ မှန်တဲ့စကားကိုပြောပြီးဘ၀ခရီးကို သတ္တိရှိရှိဖြတ်သန်းနိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့ပါတယ်ရှင်။

ကျေးဇူးတင်ပါတယ်။
မေသင်္ကြန်ဟိန်(မြစ်မခ)