မြို့တွင်းပတ် YBS ကားများ သေးလွန်းသောကြောင့် ခရီးသည်များစွာ အဆင်မပြေမှုမျိုးစုံ ကြုံတွေ့နေရ
မြို့တွင်းပတ် YBS ကားများ သေးလွန်းသောကြောင့် ခရီးသည်များစွာ အဆင်မပြေမှုမျိုးစုံ ကြုံတွေ့နေရသည်။
နေ့စဉ်နံနက် ၈နာရီခွဲ ဝန်းကျင် မော်တင် ကားမှတ်တိုင်တွင် ဆူးလေဘက်သို့ သွားမည့်ခရီးသည်များ ခရီးသည်များစွာ စုပြုံစောင်းဆိုင်းနေရလေ့ရှိသည်။
မော်တင်မှတ်တိုင်သည် YBS ၂၁၊ YBS ၃၇၊ YBS ၃၉၊ စသည့် ရန်ကုန်မြို့ပြင်မှ ကားများ ဂိတ်ဆုံးရာနေရာ ဖြစ်ခြင်း၊ ဒလဘက်ကမ်းမှ ရန်ကုန်မြို့တွင်းသို့ လာရောက်လုပ်ကိုင်သူများ ဆိုက်ရောက်ရာနေရာဖြစ်ခြင်းတို့ကြောင့် ရုံးချိန်များတွင် ခရီးသည်များ စုပြုံနေတတ်သည်။
ခရီးသည် အများစုမှာ ဆူးလေ၊ ဗိုလ်တထောင်သို့ ပြေးဆွဲ မည့်
YBS ၅၇ ကိုသာ စောင့်ဆိုင်းစီးနင်းကြခြင်းဖြစ်ပြီး YBS ၅၇ အများစုမှာ မီနီဘတ်စ်ကားသေးများဖြစ်နေခြင်းကြောင့် ခရီးသည်နှင့်ကား မမျှမတဖြစ်နေသည်။
"မနက်က ၈နာရီ ကျော်ကျော်ကတည်းက စောင့်နေတာ၊ အခုထိကားမရသေးဘူး။ တစ်စီးပြီးတစ်စီးသာ လာပေမဲ့ ကားက သေးတော့ ဘယ်လိုမှ တက်လို့မရဘူး။ မိန်းခလေးတွေဆို ဘယ်လိုမှ အဆင်မပြေဘူး။ သက်ဆိုင်တဲ့ တာဝန်ရှိသူ တွေအနေနဲ့ ဒီအခက်အခဲကို အမြန်ဆုံးဖြေရှင်းပေးစေချင်ပါတယ်။ ဒီမြို့တွင်းဒီလမ်းကြောင်းကို
ကားကြီးတွေနဲ့ ပြေးဆွဲစေချင်ပါတယ်''ဟု ခရီးသည် တစ်ဦးကပြောသည်။
ယင်း မြို့တွင်းပတ် YBS ၅၇ ( မီနီဘတ်စ် ) စီးနင်းခဲ့ရသူတစ်ဦးကလည်း စီးနင်းလိုက်ပါသော ခရီးသည်များ
ပြည့်ကျပ်လွန်းခြင်းကြောင့်
အခက်အခဲကြုံတွေ့ခဲ့ရကြောင်း ခရီးသွားအမျိုးသမီး
တစိဦးကပြောသည်။
လင်းလင်းအောင်
News Watch
Thursday, April 27, 2017
Subscribe to:
Post Comments (Atom)
No comments:
Post a Comment