YBS ယာဉ်လိုင်းစနစ်သည် မိတ်ကပ်များကွာကျသွားသည့်အခါ မထသအတိုင်းပြန်ဖြစ်လာ ဟု လွှတ်တော်တွင်ဝေဖန်
ရန်ကုန်၊ ဧပြီ ၅
YBS ယာဉ်လိုင်းစနစ်ဟာ မိတ်ကပ်များကွာကျသွားတဲ့အခါ မထသအတိုင်းပြန်ဖြစ်လာတယ် လို့  ဒီကနေ့ ကျင်းပတဲ့ ရန်ကုန်တိုင်းလွှတ်တော်မှာ ဝေဖန်ပါတယ်။
အင်းစိန်မြို့ နယ်မဲဆန္ဒနယ် အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ဒီကနေ့ ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးမှာ အခုလိုဝေဖန်တဲ့ အဆိုတစ်ရပ်ကိုတင်သွင်းသွားတာဖြစ်ပါတယ်။
သူတင်သွင်းခဲ့တဲ့အဆိုက ရန်ကုန်တိုင်းဒေသကြီးအစိုးရ ရဲ့ YBS စနစ်ဆောင်ရွက်မှုတွေနဲ့ပတ်သတ်ပြီး ပွင့်လင်းမြင်သာစွာချပြဖို့  တိုက်တွန်းတဲ့အဆိုဖြစ်ပါတယ်။
အဆိုကို လွှတ်တော်မှာဆွေးနွေးဖို့ လည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊လျှပ်စစ် စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က သဘောတူခဲ့ပါတယ်။
''ပြိုင်မောင်းနေကြတုန်းပဲ။ ခရီးသည်တွေကိုဆက်ဆံနေတာလည်း YBS လို့ သာပြောတာ မထသ အတိုင်းပဲ ။ YBS မိတ်ကပ်လေးခနလိမ်းထားတာပါတစ်လနှစ်လလောက်ကြာတော့မိတ်ကပ်တွေကွာကျပြီးတော့ မထသရုပ်ပြန်ပေါက်လာတာပဲ'' လို့ ဦးဝေဖြိုးဟန်ကဆိုပါတယ်။
ဒီအဆိုကို လွှတ်တော်မှာ ဆွေးနွေးဖို့လွှတ်တော် ကိုယ်စားလှယ် ၂၀ ကျော်စာရင်းပေးထားတယ်လို့ သိရပါတယ်။
ဖြိုးထက်အောင်(Popular)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment