YBS ဘတ်စ်ကားတွေ သင်္ကြန်တွင်း ငွေပိုမကောက်ဖို့ ညွှန်ကြားထား
သင်္ကြန်တွင်းမှာ ရန်ကုန်မြို့က YBS ဘတ်စ်ကားတွေကို ပုံမှန်ထွက်နေကျ ကားအစီးရေရဲ့ ၂ဝ ရာခိုင်နှုန်း ထွက်ကြဖို့နဲ့ ငွေပိုမကောက်ကြဖို့ ယာဉ်လိုင်းအားလုံးကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။
လက်ရှိအချိန်ထိတော့ ကားခပိုကောက်တာတွေ၊ ကားမထွက်တာ တွေနဲ့ပတ်သက်ပြီး ဒီနေ့သင်္ကြန်အကျနေ့ အထိ ခရီးသည်တွေဘက်က တိုင်ကြားလာတာ မရှိသေးဘူးလို့ ရန်ကုန်တိုင်း အများပြည်သူ သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့- YRTA က ဒေါက်တာမောင်အောင်က ပြောပါတယ်။
သင်္ကြန်တွင်းပြေးဆွဲတဲ့ ယာဉ်လိုင်းတွေအနေနဲ့ အရင် ပုံမှန်ရက်တွေလို YRTA အာဏာပိုင်အဖွဲ့ကို ပိုက်ဆံ သွင်းစရာ မလိုဘူးလို့လည်း ဒေါက်တာမောင်အောင်က ပြောပါတယ်။ ညွန်ကြားထားတဲ့အတိုင်း ယာဉ်လိုင်းတွေ အမှန်တကယ် ထွက်မထွက်ဆိုတာကို စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က လိုက်လံစစ်ဆေးနေတယ်လို့လည်း သိရပါတယ်။
ဧပြီလ ၇ ရက်နေ့ကစပြီး လေအေးပေးစက်ပါတဲ့ YBS ဘတ်စ်ကားတွေအတွက် ယာဉ်စီးခ ၂ ရာ ကျပ်၊ လေအေးပေးစက်မပါတဲ့ ကားတွေမှာ ခရီးစဉ်အပိုင်းအလိုက် ယာဉ်စီးခတရာကနေ စတင်ကောက်ခံဖို့ ပြောင်းလဲသတ်မှတ်ထားပါတယ်။ ဒါပေမယ့် သင်္ကြန်တွင်းမှာ တချို့ကားတွေက ယာဉ်စီးခ ၅ ရာကျပ်အထိ ပိုကောက်နေတာတွေ ရှိနေတယ်ဆိုပြီး ခရီးသည်တချို့က ပြောပါတယ်။ ရန်ကုန်မြို့မှာ YBS ယာဉ်လိုင်းပေါင်း ၈ဝ ကျော်ရှိပြီး ပုံမှန်ရက်တွေမှာ တရက်ကို ယာဉ်အစီးရေ သုံးထောင်ကျော် ပြေးဆွဲနေတာ ဖြစ်ပါတယ်။ RFA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment