Latest News

Wednesday, April 19, 2017

YBS ယာဉ်လိုင်းအတွက်ကားသစ်များရောက်ရှိ

YBS ယာဉ်လိုင်းအတွက်ကားသစ်များရောက်ရှိ


ရန်ကုန် -ဧပြီ ၁၉

YBS ယာဉ်လိုင်းမှာထည့်သွင်းပြေးဆွဲဖို့အတွက် ကုမ္ပဏီကမှာယူထားတဲ့ ကားသစ်အစီး ၁၀၀ ယခုရက်ပိုင်းအတွင်း
ရောက်ရှိလာပြီလို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီး ကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA)မှ အတွင်း ရေးမှူးဒေါက်တာမောင်အောင်က
"ကုမ္ပဏီကမှာထားတဲ့ကားတွေပါ ၊ အဲဒီကားတွေနဲ့ ဘယ်တော့ စဆွဲမလဲဆိုတာတော့ မသိပါဘူး" လို့ ပြောပါတယ်။

ဒါ့အပြင် YBS ယာဉ်လိုင်းမှာထည့်သွင်းပြေးဆွဲဖို့အတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့ကလည်း တရုတ်နိုင်ငံမှ
ကားအစီးတစ်ထောင်ကို မှာထားပြီးဖြစ်ပြီး
လာမယ့် မေလအတွင်း ရောက်လာမယ်လို့ ဒေါက်တာမောင်အောင်ကပြော ပါတယ်။

YBS ယာဉ်လိုင်းကို ယခုနှစ် ဇန်န၀ါရီ ၁၆ ရက်နေ့မှာစတင်ပြောင်းလဲပြေးဆွဲခဲ့တာဖြစ်ပြီး လက်ရှိမှာ
ရန်ကုန်မြို့အတွင်း YBS ယာဉ်လိုင်းပေါင်း ၈၀ ကျော် ဘတ်စ်ကားအစီးရေ ၃၈၀၀ ကျော်နဲ့ နေ့စဉ်ပြေးဆွဲနေတာဖြစ်ပါတယ် ။

လင်းဟိန်း
ဓာတ်ပုံ -စိုင်းခမ်းညို facebook

Popular News Journal

No comments:

Post a Comment